Connect with us

Politics, Law & Military

လူသားတစ်ရပ်လုံး၏ သာယာလှပသော အနာဂတ်အတွက်- တရုတ်နိုင်ငံ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ဉာဏထုတ်ကုန်၏ ပံ့ပိုးမှုနှင့် အကျိုးဆောင်မှုအား Think Tank အစီရင်ခံစာက ရှင်းလင်းဖော်ပြခြင်း

၂၀၂၅ ခုနှစ် ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် Think Tank အစီရင်ခံစာအား ဧည့်သည်တော်တစ်ဦးက ဖတ်ရှုနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

မျက်မှောက်ခေတ်နှောင်းပိုင်းကာလများမှစ၍ လူသားမျိုးနွယ်တို့၏ ဘုံဉာဏ်ပညာများကို စုစည်းသော နိုင်ငံနယ်နိမိတ်နှင့် ယဉ်ကျေးမှုစည်းခြားမှုကို ကျော်လွှားသော ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ဉာဏထုတ်ကုန်သည် နိုင်ငံတကာစည်းစနစ်တည်ဆောက်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို တွန်းအားပေးခြင်း၊ နိုင်ငံအသီးသီး ခေတ်မီအသွင်ပြောင်းရေးလုပ်ငန်းစဉ်ကို တွန်းအားပေးခြင်းတို့၌ အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်။စက်တင်ဘာ ၆ ရက်က ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်တွင် ဆင်ဟွာသတင်းဌာန နိုင်ငံအဆင့်မြင့် Think Tank အဖွဲ့က ကမ္ဘာတစ်ဝန်းအား မျက်နှာမူ၍ “ခေတ်ကာလ၏တိုက်တွန်းသံအား တုံ့ပြန်၍ ကမ္ဘာ့အမေးပုစ္ဆာများအား ဖြေကြားခြင်း- တရုတ်နိုင်ငံ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ဉာဏထုတ်ကုန်၏ ပံ့ပိုးမှုနှင့် အကျိုးဆောင်မှု” တရုတ်-အင်္ဂလိပ် နှစ်ဘာသာ Think Tank အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာသည် “ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ဉာဏထုတ်ကုန်၏ ခေတ်ကာလ လိုအပ်ချက်”၊ “တရုတ်နိုင်ငံ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ဉာဏထုတ်ကုန်၏ စနစ်အနှစ်သာရ”၊ “တရုတ်နိုင်ငံ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ဉာဏထုတ်ကုန်၏ သီအိုရီထူးခြားချက်နှင့် အနာဂတ်အလားအလာ” ဟူ၍ ကဏ္ဍသုံးရပ်ဖြင့် ထဲထဲဝင်ဝင် ခွဲခြမ်းစိတ်ဖြာပြီး အသေးစိတ် လေ့လာရှင်းလင်းဖော်ပြထားသည်။

၂၀၂၅ ခုနှစ် ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် Think Tank အစီရင်ခံစာအား ဧည့်သည်တော်တစ်ဦးက ဖတ်ရှုနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရာစုနှစ် မကြုံစဖူး အပြောင်းအလဲများက ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ဉာဏထုတ်ကုန်များ ပိုမိုများပြားလာအောင် တောင်းဆိုလျက်ရှိခြင်း

“ကမ္ဘာမည်သို့ဖြစ်နေသနည်း”၊ “ကျွန်ုပ်တို့အနေဖြင့် မည်သို့ဆောင်ရွက်ရမည်နည်း”၊ “လူသားတို့အနေဖြင့် မည်သည်ကို ဦးတည်လျှောက်လှမ်းရမည်နည်း” ဟူသော ကမ္ဘာ၏ မေးခွန်း၊ ခေတ်ကာလ၏ မေးခွန်းများကို ရင်ဆိုင်ရာတွင် ကမ္ဘာကြီးသည် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ဉာဏထုတ်ကုန်သစ်ကို လိုအပ်ပြီး လူသားတစ်ရပ်လုံး ကြုံတွေ့နေရသည့် အရေးကြီးပုစ္ဆာများကို တုံ့ပြန်အဖြေရှာရမည်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ဉာဏထုတ်ကုန်၏ မြစ်ဖျားခံမှု၊ တိုးတက်ဖြစ်ပေါ်လာမှုနှင့် ပုံစံကျမှုသည် ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ဆင့်ကဲပြောင်းလဲခြင်းနှင့် နီးကပ်စွာ ချိတ်ဆက်နေသည့် ရှုပ်ထွေးသည့်ဖြစ်စဉ် ဖြစ်ကြောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ အဖွဲ့လိုက် ဦးမော့လာခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ဉာဏထုတ်ကုန်၏ ဆန်းသစ်ဖန်တီးမှုအတွက် သမိုင်းအခွင့်အလမ်း ပံ့ပိုးပေးကြောင်း အစီရင်ခံစာတွင် ထောက်ပြထားသည်။

တန်းတူညီမျှ၍ စနစ်ကျသည့် ကမ္ဘာ့ဗဟုဝင်ရိုးအသွင် တည်ဆောက်မှု၊ အများအကျိုးဖြစ်ထွန်း၍ အားလုံးလက်ခံပါဝင်သည့် စီးပွားရေးကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှုဖြစ်စဉ်တွင် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ကြွယ်ဝသည့် လက်တွေ့ဖော်ဆောင်မှု၊ ကဏ္ဍစုံယဉ်ကျေးမှုနှင့် အမျိုးမျိုးသွယ်သွယ် ဖွံ့ဖြိုးတိုးတက်မှု နမူနာပုံစံသည် ကမ္ဘာ့အတွက် ပိုမိုများပြား၍ အဖိုးတန်သည့် ပြည်သူ့ဉာဏထုတ်ကုန်များကို မုချမသွေ အကျိုးဆောင်မည် ဖြစ်သည်။

တရုတ်ဉာဏ်ပညာဖြင့် ခေတ်ကာလ၏ မေးခွန်းနှင့် ကမ္ဘာ့အပြောင်းအလဲအား ကိုင်တွယ်စီမံခြင်း

ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ အဓိကအဖွဲ့ဝင်အနေဖြင့် တရုတ်နိုင်ငံသည် အနာဂတ်ကမ္ဘာကို အခြေခံသည့် စဉ်းစားဆင်ခြင်မှု၊ ကိုယ်တိုင်လက်တွေ့အကောင်အထည်ဖော်မှုအပေါ် အနှစ်ချုပ်သုံးသပ်မှုသည် စနစ်ပြည်စုံမှု၊ အကြောင်းအရာစုံလင်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ဉာဏထုတ်ကုန် ပံ့ပိုးမှုစနစ် ဖြစ်တည်စေခဲ့သည်။

ဘုံအသိုက်အဝန်းဆိုသည်မှာ အနာဂတ်နိုင်ငံတကာစနစ်၏ စဉ်းစားဆင်ခြင်မှု၊ လက်တွေ့ဖော်ဆောင်မှုနှင့်သက်ဆိုင်သည်။
လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ခြင်းသည် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် အဓိက မူရင်းအတွေးအခေါ် ဖြစ်သလို “မည်သို့သော ကမ္ဘာတည်ဆောက်မည်။ ထိုသို့သောကမ္ဘာကို မည်သို့တည်ဆောက်မည်” ဆိုသည့် ဤခေတ်ကာလအမေးပုစ္ဆာအတွက် တရုတ်နိုင်ငံ၏ အဖြေကို ပေးခဲ့ခြင်းဖြစ်သလို နိုင်ငံတကာအသိုက်အဝန်းအတွက်လည်း လက်တွေ့ဖော်ဆောင်နိုင်သည့် ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းကို ပံ့ပိုးခဲ့သည်။

လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း အတွေးအခေါ်သည် “ရေရှည်ငြိမ်းချမ်းမှု၊ အများလုံခြုံမှု၊ ဘုံသာယာဝပြောမှု၊ တံခါးဖွင့်လှစ်၍ အားလုံးလက်ခံပါဝင်မှု၊ သန့်ရှင်းစင်ကြယ်၍ သာယာလှပမှု” ရှိသော ကမ္ဘာကို ဗဟိုရည်မှန်းချက်ထားရှိခြင်း၊ အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအမြင်ဖြင့် အကောင်အထည်ဖော်သည့်လမ်းကြောင်းအဖြစ် ထားရှိခြင်း၊ နိုင်ငံတကာဆက်ဆံရေးပုံစံသစ်ဖြင့် အခြေခံထောက်တိုင်အဖြစ် ထားရှိခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ စသည်တို့ကို မဟာဗျူဟာ ဦးဆောင်မှုအဖြစ် ထားရှိခြင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်ရေးကို လက်တွေ့ဖော်ဆောင်မှု ပလက်ဖောင်းအဖြစ် ထားရှိခြင်း ဖြစ်သည်ဟု အစီရင်ခံစာက ယူဆသည်။

အဆိုပါအတွေးအခေါ်သည် လူမှုစနစ်၊ အသိအမြင်သဘောထားပုံစံ၏ ကွဲလွဲမှုကို ကျော်လွန်သလို သမိုင်းယဉ်ကျေးမှု၊ ဖွံ့ဖြိုးတိုးတက်ရေးအဆင့်၏ ကွာခြားမှုကိုလည်း ကျော်လွန်ပေသည်။ ယင်းသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် ရှုထောင့်သစ်ကို ပံ့ပိုးရုံသာမက မျက်မှောက်ကမ္ဘာတွင် ကြုံတွေ့နေရသည့် ရှုပ်ထွေးလှသော စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် တရုတ်ဉာဏ်ပညာနှင့် တရုတ်နည်းလမ်းကို ပံ့ပိုးပေးလိုက်ခြင်းလည်း ဖြစ်သည်။

ခေတ်မီအသွင်ပြောင်းခြင်းသည် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်ဝပြောရေးဖော်ဆောင်မှု၏ လမ်းကြောင်းကို စူးစမ်းရှာဖွေခြင်း ဖြစ်သည်။

သမ္မတ ရှီကျင့်ဖိန်က တရုတ်ပုံစံခေတ်မီအသွင်ပြောင်းတွင် လူဦးရေပမာဏ ဧရာမများပြားစွာ ခေတ်မီအသွင်ပြောင်းခြင်း၊ ပြည်သူတစ်ရပ်လုံး ဘုံချမ်းသာကြွယ်ဝမှု၏ ခေတ်မီအသွင်ပြောင်းခြင်း၊ ရုပ်ဝတ္ထုနှင့် စိတ်ဓာတ်ရေးရာ ယဉ်ကျေးမှုများ ဟန်ချက်ညီညီ ခေတ်မီအသွင်ပြောင်းခြင်း၊ လူသားနှင့် သဘာဝ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်သည့် ခေတ်မီအသွင်ပြောင်းခြင်း၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကို လျှောက်လှမ်းသည့် ခေတ်မီအသွင်ပြောင်းခြင်းတို့ ခြုံငုံပါဝင်ပေသည်။

တရုတ်ပုံစံခေတ်မီအသွင်ပြောင်းခြင်းသည် အနောက်တိုင်းပုံစံ ခေတ်မီအသွင်ပြောင်းခြင်း သီအိုရီနှင့် လက်တွေ့ဖော်ဆောင်မှုကို ကြီးမားသည့် ကျော်လွှားမှုဖြစ်သလို “ခေတ်မီအသွင်ပြောင်းခြင်းသည် အနောက်တိုင်းအသွင်ပြောင်းခြင်း” ဖြစ်သည်ဟူသော စိတ်ကူးယဉ်ဒဏ္ဍာရီကို ထိုးဖောက်ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီး အထူးသဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအတွက် ဖွံ့ဖြိုးတိုးတက်ရေး ခဲယဉ်းသည့်အမေးပုစ္ဆာကို ဖြေရှင်းပေးလိုက်ခြင်း၊ စည်ပင်ဝပြော၍ တိုးတက်ရေးကို ဖော်ဆောင်မှုအတွက် လေ့လာစရာ ပံ့ပိုးပေးခဲ့ခြင်း ဖြစ်သည်။

ဘုံစံတန်ဖိုး ဆိုသည်မှာ လူသားမျိုးနွယ် ယဉ်ကျေးမှုတိုးတက်ရေးကို ဦးဆောင်သည့် လေးစားလိုက်နာဖွယ် လမ်းညွှန်မူများဖြစ်သည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် သမ္မတ ရှီကျင့်ဖိန်က “ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေး၊ သမာသမတ်ကျရေး၊ ဒီမိုကရေစီဖြစ်ရေး၊ လွတ်လပ်ရေး သည် လူသားတစ်ရပ်လုံး၏ ဘုံစံတန်ဖိုးဖြစ်သည်” ဟု အဆိုပြုခဲ့သည်။ ယင်း၌ပါဝင်သော အဓိကအကြောင်းအရာများသည် မျက်မှောက်ကမ္ဘာ့အခြေအနေကြီးနှင့် ခေတ်ကာလရေစီးကြောင်းကို အခြေခံသည့် တိကျသည့်လက်ကိုင်ထားမှုဖြစ်သလို လူသားမျိုးနွယ် နှစ်ပေါင်းထောင်ချီ စုစည်းခဲ့ရသည့် ယဉ်ကျေးမှုရလဒ်အပေါ် သိပ္ပံနည်းကျ အနှစ်ချုပ်ခြင်းလည်း ဖြစ်သည်။

လူသားတစ်ရပ်လုံး ဘုံစံတန်ဖိုးဟူသော ယင်းအတွေးအခေါ်သည် တရုတ်ယဉ်ကျေးမှုဖြစ်သည့် “ကမ္ဘာသည် အများပြည်သူ့အတွက်”၊ “မတူကွဲပြားမှုများဖြင့် သင့်မြတ်စွာ နေထိုင်ခြင်း” စသည့် ရိုးရာဉာဏ်ပညာနှင့် ပေါင်းစည်းထားခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးကို အခြေခံအဖြစ် ထားရှိခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားအဖြစ် ထားရှိခြင်း၊ တရားမျှတ၍ သမာသမတ်ကျမှုကို တောင်းဆိုချက်အဖြစ် ထားရှိခြင်း၊ ဒီမိုကရေစီနှင့် လွတ်လပ်မှုကို စံစည်းမျဉ်းအဖြစ် ထားရှိခြင်း ဖြစ်ရာ လူထုဗဟိုပြု၍ ဟန်ချက်ညီညီ တိုးတက်ရေးသော အတွေးအခေါ်ကို တည်ဆောက်ခဲ့သည်။

လူသားမျိုးနွယ် တိုးတက်ရေးအတွက် ပိုမို ကျယ်ပြန့်သည့် အနာဂတ်အလားအလာကို ဖွင့်လှစ်ခြင်း
အတွေးအခေါ်၏ အင်အားက မည်မျှပင် ဝေးလံပါစေ လက်လှမ်းမီစေသည်။

ကမ္ဘာ့အပြောင်းအလဲတွင် အတွေးအခေါ်အသစ်ကို တိုက်တွန်းတောင်းဆိုကြသလို ခေတ်ကာလမေးခွန်းပုစ္ဆာကို အတွေးအခေါ်ဖြင့် အဖြေပေးရန် မျှော်လင့်ကြသည်။

ယနေ့ လူသားတို့သည် လမ်းဆုံသို့ ထပ်မံရောက်ရှိလာပြီဖြစ်သည်။ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး၊ တရုတ်ပုံစံခေတ်မီအသွင်ပြောင်းမှု တွန်းအားပေးရေး၊ လူသားတစ်ရပ်လုံး ဘုံစံတန်ဖိုးကိုမြှင့်တင်ရေးသည် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်ရွေးချယ်မှုဖြစ်သလို ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးအပေါ် နက်ရှိုင်းသည့် စဉ်းစားဆင်ခြင်မှုနှင့် တာဝန်ယူတာဝန်ခံမှုလည်း ဖြစ်သည်။ လူသားတစ်ရပ်လုံး၏ အနာဂတ်အတွက် တရုတ်နိုင်ငံသည် ကမ္ဘာနိုင်ငံအသီးသီးနှင့်အတူ လက်တွဲကာ ရှေ့သို့ ဆက်လက်လျှောက်လှမ်းမည်ဖြစ်ရာ အတွေးအခေါ်၏ ကြီးမားသည့်အင်အားဖြင့် လက်တွေ့ဖော်ဆောင်ရေး၏ ကြီးမားသောအင်အားကို ဖော်ဆောင်ကာ မိမိတို့ပိုင်ဆိုင်သည့် သာယာလှပသော ကမ္ဘာကို အတူတကွ တည်ဆောက်သွားမည် ဖြစ်ပေသည်။ (Xinhua)
——————————————-
(Chinese Version)
新华全媒头条|为了全人类的美好未来——智库报告解析中国全球公共思想产品的供给与贡献
近代以来,凝聚人类共同智慧、超越国界与文化边界的全球公共思想产品,在构建国际秩序、推进全球治理、推动各国现代化进程中发挥了重要作用。
9月6日,在2025全球南方媒体智库高端论坛上,新华社国家高端智库面向全球发布《回应时代呼唤 解答世界之问——中国全球公共思想产品的供给与贡献》中英文智库报告,从“全球公共思想产品的时代需求”“中国全球公共思想产品的体系内涵”“中国全球公共思想产品的理论特质与未来图景”三个方面进行深入剖析与细致解读。
百年未有变局呼唤更多全球公共思想产品
“世界怎么了?我们怎么办?”“人类向何处去?”面对世界之问、时代之问,世界需要新的全球公共思想产品,回应全人类面临的重大命题。
报告指出,全球公共思想产品的起源、发展与成型,是一个与全球政治、经济、文化变迁紧密相连的复杂进程。全球南方国家的群体性崛起为全球公共思想产品的创新提供了历史性机遇。
在构建平等有序的世界多极化、普惠包容的经济全球化进程中,全球南方国家的丰富实践、多元文化和多样化发展模式,必将为世界贡献更多宝贵的公共思想产品。
以中国智慧回应时代之问和世界之变
作为全球南方国家的重要一员,中国基于对未来世界的思考、对自身实践的总结,形成了系统完备、内涵丰富的全球公共思想产品供给体系。
共同体,是关于未来国际体系的思考与实践。
构建人类命运共同体,是习近平主席提出的重大原创性思想,是对“建设一个什么样的世界、如何建设这个世界”这一时代课题给出的中国答案,也为国际社会提供了切实可行的合作路径。
报告认为,人类命运共同体理念,以构建“持久和平、普遍安全、共同繁荣、开放包容、清洁美丽”的世界为核心目标,以共商共建共享的全球治理观为实现路径,以构建新型国际关系为基本支撑,以全球发展倡议、全球安全倡议、全球文明倡议和全球治理倡议等为战略引领,以高质量共建“一带一路”为实践平台。
这一理念超越了社会制度、意识形态的分歧,超越了历史文化、发展阶段的差异,不仅为全球治理提供了新的视角,也为应对当今世界面临的复杂挑战提供了中国智慧和中国方案。
现代化,是实现国家发展繁荣的道路探索。
习近平主席将中国式现代化概括为人口规模巨大的现代化、全体人民共同富裕的现代化、物质文明和精神文明相协调的现代化、人与自然和谐共生的现代化、走和平发展道路的现代化。
报告指出,中国式现代化是对西方式现代化理论和实践的重大超越,打破了“现代化=西方化”的迷思,为世界各国特别是全球南方国家破解发展难题、实现繁荣进步提供了借鉴。
共同价值,是引领人类文明进步的理念遵循。
2015年9月,习近平主席提出:“和平、发展、公平、正义、民主、自由,是全人类的共同价值。”这一重大概括,既是基于对当今世界大势和时代潮流的准确把握,也是对人类几千年积淀的文明成果的科学总结。
报告认为,全人类共同价值这一理念融合中华文明“天下为公”“和而不同”等传统智慧,以和平为基础,以发展为动力,以公平和正义为要求,以民主和自由为准则,构成了一个以人为本、均衡发展的理念框架。
为人类发展开启更加壮阔的未来图景
思想的力量,无远弗届。
世界之变,呼唤思想之新;时代之问,期待思想之答。
今天,人类再次站在十字路口。构建人类命运共同体、推进中国式现代化、弘扬全人类共同价值,既是中国的自主选择,也是对世界发展的深度思考与责任担当。为了全人类的未来,中国将继续与世界各国携手前行,以思想伟力激发实践伟力,共同建设属于我们的美好世界。
1. 9月6日,嘉宾在开幕式现场阅读智库报告。新华社记者 高咏薇 摄
2. 这是《回应时代呼唤 解答世界之问——中国全球公共思想产品的供给与贡献》智库报告。新华社记者 陈晔华 摄