Connect with us

Politics, Law & Military

မှန်ကန်သော ဒုတိယကမ္ဘာစစ်သမိုင်းအမြင်ကို မြှင့်တင်၍ သမိုင်းကို သင်ခန်းစာယူကာ အနာဂတ်ကို ဖန်တီးဖွင့်လှစ်ခြင်း

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား၌ စစ်ဆေးမှု ခံယူနေသော ဂုဏ်ပြုတပ်ဖွဲ့များအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်ကာလတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပါတီသမိုင်းနှင့် စာပေ စာတမ်းများ သုတေသနအကယ်ဒမီ အမျိုးသားနိုင်ငံအဆင့်မြင့် Think Tank နှင့် ဆင်ဟွာသတင်းဌာန အမျိုးသား နိုင်ငံအဆင့်မြင့် Think Tank တို့ အတူတကွ ကြီးမှူးကျင်းပသည့် “ခန်းမနီဖိုရမ် အဆင့်မြင့်တွေ့ဆုံဆွေးနွေးပွဲ – အရှေ့တိုင်း ပင်မစစ်မျက်နှာစာ၏ ကမ္ဘာလုံးဆိုင်ရာ အနက်အဓိပ္ပာယ်” နိုင်ငံတကာ ဆွေးနွေးပွဲတွင် တရုတ်နှင့် အင်္ဂလိပ်ဘာသာဖြင့် “သမိုင်းအား အောက်မေ့သတိရခြင်းနှင့် တရားမျှတမှုကို ကာကွယ်ထိန်းသိမ်းခြင်း၊ ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ၏ အရှေ့တိုင်း ပင်မစစ်မျက်နှာစာမှ ကြီးမြတ်သော အကျိုးထမ်းဆောင်မှုများ” Think Tank အစီရင်ခံစာအား ပူးတွဲထုတ်ပြန်ခဲ့သည်။

အဆိုပါအစီရင်ခံစာသည် စစ်မှန်၍ အသေးစိတ်ကျသော အချက်အလက်၊ ရှင်းလင်းထင်ရှားပြတ်သားသည့် အမြင်တို့ဖြင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး စစ်ပွဲအတွင်း တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ၏ သမိုင်းအနေအထားနှင့် အရေးကြီး အကျိုးထမ်းဆောင်မှုများကို ဘက်စုံထောင့်စုံ စနစ်တကျ ဖော်ပြထားသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ က တရုတ်ပြည်သူများသည် ကမ္ဘာ့ပြည်သူများနှင့်အတူ အသက်သွေးချွေး၊နှင့် စစ်မက်မီးလျှံတို့ဖြင့် ဓမ္မဖြင့် အဓမ္မအား အောင်နိုင်ခြင်း၊ အလင်းရောင်ဖြင့် မှောင်မိုက်မှုအား အနိုင်ယူခြင်း၊ တိုးတက်မှုဖြင့် လှုပ်ရှားဆန့်ကျင်မှုနောက်ပြန်ဆွဲမှုအား အောင်နိုင်ခြင်း ဟူသည့် ပြည့်ဝသောသမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့သည်။ ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်မှုအား ရယူဖော်ဆောင်ရန်အတွက် သွေးချွေးတို့ဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သည့် သမိုင်းပန်းချီကားလိပ်အတွင်း တရုတ်နိုင်ငံက ဖွင့်လှစ်လိုက်သည့် အရှေ့တိုင်း ပင်မစစ်မျက်နှာစာသည် အလွန်လေးနက်သည့် အနက်အဓိပ္ပာယ်ရှိသည်။

သို့သော် ကြာရှည်လှသည့် အချိန်ကာလအတွင်း ဒုတိယကမ္ဘာစစ်သမိုင်းအား မည်ကဲ့သို့ ရှုမြင်ရမည်နည်းဆိုသည့်အပေါ် ဟူသည့် အရေးကိစ္စနှင့်စပ်လျဉ်း၍ နားလည်မှု အမှားအယွင်းအချို့ ရှိနေဆဲပင်ဖြစ်သည်။
ဂျပန်နိုင်ငံမှ အချို့သော နိုင်ငံရေးပုဂ္ဂိုလ်များနှင့် လက်ယာစွန်းအင်အားစုများက သံမဏိပမာဏ ခိုင်မာသည့် ဖြစ်ရပ်မှန်ကို လျစ်လျူရှု၍ စစ်ပွဲ၏တာဝန်အား လွှဲချရန်၊ ကျူးကျော်မှုအား တန်ဆာဆင်ရန် ကြိုးပမ်းလာပြီး ဂျပန်စစ်ဝါဒီများအတွက် ပြစ်မှုတာဝန် ဖယ်ရှားပေးရန် လုပ်ဆောင်လာသည်။

တစ်ချိန်တည်းတွင် အနောက်တိုင်း ပညာရပ်လောက၏ ဒုတိယကမ္ဘာစစ်အကြောင်း ပုံဖော်တင်ဆက်ရာတွင်လည်း “အရှေ့တိုင်း ပင်မစစ်မျက်နှာစာ” သည် ကာလကြာရှည်စွာ ဘေးဖယ်ထားခြင်း မှေးမှိန်အောင် လုပ်ဆောင်ထားခြင်း ခံရသည်။ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ၏ သမိုင်းအခန်းကဏ္ဍသည် ပြည့်ဝသော အလေးထားမှုနှင့် တရားမျှတစွာ သုံးသပ်အကဲဖြတ်မှုတို့ ခံရခြင်းမရှိပေ။

မှန်ကန်သော ဒုတိယကမ္ဘာစစ်သမိုင်းအား လက်ကိုင်ထား၍ သမိုင်းဖြစ်ရပ်မှန်နှင့် နိုင်ငံတကာ တရားမျှတမှုအား မထီမဲ့မြင်ပြုသော၊ လူသားမျိုးနွယ် အသိစိတ်အား စိန်ခေါ်သော မှားယွင်းသည့် ပြောဆိုချက်နှင့် လုပ်ဆောင်ချက်များအား များစွာ သတိပြုပြီး ပြတ်သားစွာကန့်ကွက်ရမည်ဖြစ်သည်။ သမိုင်းကို လေးစားသော သဘောထားနှင့် ဓမ္မဓိဋ္ဌာန်ကျကာ တရားမျှတသည့် ရပ်တည်ချက်ကို အရင်းခံမှသာ သမိုင်း၏ အတွေ့အကြုံမှ သင်ခန်းစာအား နက်ရှိုင်းစွာရယူပြီး သမိုင်းကို သင်ခန်းစာယူ၍ အနာဂတ်ကို ဖန်တီးဖွင့်လှစ်နိုင်မည် ဖြစ်ပေသည်။ (Xinhua)

#China #WWII #History #တရုတ် #ဒုတိယကမ္ဘာစစ် #သမိုင်း
———————-
(Chinese Version)
新华时评|弘扬正确二战史观 以史为鉴开创未来
新华社北京9月5日电 新华社记者刘明霞、许晓青
在纪念中国人民抗日战争暨世界反法西斯战争胜利80周年之际,中共中央党史和文献研究院国家高端智库与新华社国家高端智库在共同主办的“红厅论坛·高端对话:东方主战场的世界意义”国际研讨会上,联合发布《回望历史 捍卫正义——世界反法西斯战争东方主战场的伟大贡献》中英文智库报告。报告以翔实的数据、鲜明的观点,全面系统阐述了中国人民抗日战争在世界反法西斯战争中的历史地位和重大贡献。
80年前,中国人民与世界各国人民一道,以血与火铸就了正义战胜邪恶、光明战胜黑暗、进步战胜反动的历史丰碑。在为夺取世界反法西斯战争伟大胜利而浴血奋战的历史画卷中,中国开辟的东方主战场具有举足轻重的地位。
但是长期以来,在如何看待二战历史问题上,仍然存在一些错误认识。
日本一些政客和右翼势力无视铁的事实,企图推卸战争责任、美化侵略,为日本军国主义开脱罪责。
与此同时,在西方学界的二战叙事中,“东方主战场”长期被边缘化。中国人民抗日战争的历史作用未得到足够重视和公正评价。
必须坚持正确二战史观,高度警惕、坚决反对这些藐视历史事实和国际正义、挑战人类良知的错误言行。只有本着尊重历史的态度、秉持客观公正的立场,才能深刻汲取历史经验教训,以史为鉴,开创未来。
1、这是仪仗方队接受检阅。 新华社记者 费茂华 摄