Connect with us

Politics, Law & Military

ထိုင်ဝမ်ရေလက်ကြားတွင် အမေရိကန်ရေယာဉ်နှစ်စင်း ဖြတ်သန်းသွားမှုကို တရုတ်တပ်မတော်က ထိထိရောက်ရောက် တုံ့ပြန်

ပေကျင်း၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အရှေ့ပိုင်းတိုင်းစစ်ဒေသကြီးက ဇန်နဝါရီ ၁၆ ရက်မှ ၁၇ ရက်အထိ ထိုင်ဝမ်ရေလက်ကြားမှ အမေရိကန်ရေယာဉ်များ ဖြတ်သန်းသွားမှုကို စောင့်ကြည့်ခဲ့ကြောင်း ယင်းစစ်ဒေသကြီး ပြောရေဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။အဆိုပါရေယာဉ်နှစ်စင်းကို စောင့်ကြည့်ရန်နှင့် လှုပ်ရှားမှုများကို ခြေရာခံရန် အရှေ့ပိုင်းတိုင်း စစ်ဒေသကြီးက ရေပြင်ရော ဝေဟင်ကပါ စုပေါင်းဖြန့်ကြက်မှုများ လုပ်ဆောင်ခဲ့ကာ ထိရောက်သော တုံ့ပြန်မှုနှင့် စီမံခန့်ခွဲမှုများ အသေအချာ ဆောင်ရွက်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ရွှီချန်ဟွာက သတင်းထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

ထိုရေယာဉ်နှစ်စင်းသည် အမေရိကန် ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS John Finn နှင့် အဏ္ဏဝါဗေဒ စစ်တမ်းကောက်ယူရေး သင်္ဘော USNS Mary Sears တို့ ဖြစ်ကြောင်း ရွှီက ဆိုသည်။ PLA အရှေ့ပိုင်းတိုင်းစစ်ဒေသကြီးအနေဖြင့် နိုင်ငံအချုပ်အခြာအာဏာနှင့် လုံခြုံရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ပြတ်ပြတ်သားသား ထိန်းသိမ်းစောင့်ရှောက်ရန် သတိကြီးစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Chinese military effectively responds to U.S. vessels’ transit through Taiwan Strait
BEIJING, Jan. 17 (Xinhua) — Chinese People’s Liberation Army (PLA) Eastern Theater Command monitored two U.S. vessels’ transit through the Taiwan Strait from Friday to Saturday, said a spokesperson for the command on Saturday.
The theater command deployed naval and air assets to monitor and track the movements of the two vessels, ensuring effective response and management, said Xu Chenghua, the spokesperson, in a press release.
The two vessels were the U.S. guided-missile destroyer USS John Finn and the oceanographic survey vessel USNS Mary Sears, according to Xu.
The PLA Eastern Theater Command remains on high alert to resolutely safeguard national sovereignty and security, as well as regional peace and stability, he said.

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.