Connect with us

Politics, Law & Military

ဗီယက်နမ်ကွန်မြူနစ်ပါတီ (CPV) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တိုးလမ် (To Lam) ရွေးကောက်တင်မြှောက်ခံရခြင်းအတွက် ရှီကျင့်ဖိန် ဂုဏ်ပြုသဝဏ်လွှာပေးပို့

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ (CPV) ၁၄ ကြိမ်မြောက် အမျိုးသားကွန်ဂရက်သို့ တက်ရောက်လာသော တိုလမ် (To Lam) အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- VNA via Xinhua)

ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ဇန်နဝါရီ ၂၃ ရက်တွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ (CPV) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသော တိုးလမ် (To Lam) အား ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။ဂုဏ်ပြုသဝဏ်လွှာတွင် ရှီကျင့်ဖိန်က CPV ၁၃ ကြိမ်မြောက် အမျိုးသားကွန်ဂရက်ကျင်းပချိန်မှစ၍ CPV သည် ဗီယက်နမ်နိုင်ငံအခြေအနေနှင့် ကိုက်ညီသော ဆိုရှယ်လစ်ခေတ်မီအသွင်ပြောင်း ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ခိုင်မာစွာ လျှောက်လှမ်းခဲ့ပြီး ပါတီ၏ အလုံးစုံခေါင်းဆောင်မှုကို ခိုင်မာအားကောင်းစေကာ ဆိုရှယ်လစ်ဝါဒတည်ဆောက်ရေးနှင့် တစ်ဖန်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် ဗီယက်နမ်ပြည်သူများကို စည်းလုံးညီညွတ်စွာ ဦးဆောင်လျက် ထင်ရှားသောအောင်မြင်မှုများရရှိခဲ့ရာ ဗီယက်နမ်၏ နိုင်ငံတကာအနေအထားနှင့် လွှမ်းမိုးမှုသည် အဆက်မပြတ် တိုးတက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ (CPV) ၁၄ ကြိမ်မြောက် အမျိုးသားကွန်ဂရက်သို့ တက်ရောက်လာသော တိုလမ် (To Lam) အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- VNA via Xinhua)

CPV ၁၄ ကြိမ်မြောက် အမျိုးသားကွန်ဂရက် အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းသည် ဗီယက်နမ်အမျိုးသားဖွံ့ဖြိုးတိုးတက်မှုခေတ်သစ်ကို စတင်ခဲ့ပြီး ကမ္ဘာ့ဆိုရှယ်လစ်ဝါဒလှုပ်ရှားမှု ဖွံ့ဖြိုးတိုးတက်ရေးကို လှုံ့ဆော်မြှင့်တင်ပေးမည်ဖြစ်ကြောင်း၊ အဆွေတော် အထွေထွေအတွင်းရေးမှူးချုပ်ခေါင်းဆောင်သော CPV ဗဟိုကော်မတီသစ်၏ ဦးဆောင်မှုအောက်တွင် CPV သည် ဗီယက်နမ်ပြည်သူများအား ဦးဆောင်ကာ တစ်စိတ်တည်း တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာ ရှေ့သို့ အားစိုက်တက်လှမ်းနိုင်ပြီး ဗီယက်နမ်ပါတီနှင့် အမျိုးသားလုပ်ငန်းများတွင် ပိုမိုကြီးမားသော အောင်မြင်မှုအသစ်များရရှိမည်ဖြစ်သလို CPV ၁၄ ကြိမ်မြောက် အမျိုးသားကွန်ဂရက်၌ အတည်ပြုခဲ့သော ရည်မှန်းချက်တာဝန်အသီးသီးကို အောင်မြင်စွာ ပြီးမြောက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နှင့် ဗီယက်နမ်သည် ဆိုရှယ်လစ်ဝါဒ ချစ်ကြည်ရင်းနှီးသောအိမ်နီးချင်းများဖြစ်ပြီး မဟာဗျူဟာမြောက်အနက်အဓိပ္ပာယ်ရှိသော အေးအတူပူအမျှ အသိုင်းအဝိုင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် တရုတ်-ဗီယက်နမ် နှစ်ပါတီ၊ နှစ်နိုင်ငံ ဆက်ဆံရေးကို အလွန်ပင် တန်ဖိုးထားကြောင်း၊ ရဲဘော် အထွေထွေအတွင်းရေးမှူးချုပ်နှင့်အတူ မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှုများ အားဖြည့်ရန်၊ အစဉ်အလာချစ်ကြည်ရေး မြှင့်တင်ရန်၊ ဆိုရှယ်လစ်ဝါဒလုပ်ငန်းကို အခိုင်အမာ တွန်းအားပေးဆောင်ရွက်ရန်၊ တရုတ်-ဗီယက်နမ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုနှင့် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးတွင် အသီးအပွင့်များ ဝေဝေဆာဆာ အဆက်မပြတ် ပွင့်လန်းရေးအား လမ်းညွှန်ပေးရန်၊ နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော ချမ်းသာသုခ ဆောင်ကြဉ်းပေးရန်၊ ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်ပင်ဝပြောရေးအတွက် အပြုသဘောဆောင်သော အကျိုးထမ်းပိုးမှုများ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua)
……………………
(Chinese Version)
习近平致电祝贺苏林当选越共中央总书记
新华社北京1月23日电 1月23日,中共中央总书记习近平致电苏林,祝贺他当选越共中央总书记。
习近平在贺电中说,越共十三大以来,越南共产党坚定走符合越南国情的社会主义现代化道路,坚持和加强党的全面领导,团结带领越南人民在社会主义建设和革新事业中取得瞩目成就,越南国际地位和影响力不断提升。越共十四大成功召开,开启了越南民族发展新纪元,将鼓舞和促进世界社会主义运动发展。相信在以总书记同志为首的新一届越共中央领导下,越南共产党一定能够带领越南人民团结一心、砥砺奋进,推动越南党和国家事业取得新的更大成就,胜利完成越共十四大确定的各项目标任务。
中越是社会主义友好邻邦,是具有战略意义的命运共同体。我十分珍视中越两党两国关系,愿同总书记同志一道,加强战略沟通,弘扬传统友谊,坚定推进社会主义事业,引领中越全面战略合作和命运共同体建设不断结出累累硕果,为两国人民带来更多福祉,为地区与世界和平稳定、发展繁荣作出积极贡献。(完)
图说:这是1月21日,在越南首都河内,苏林出席越南共产党第十四次全国代表大会。 新华社/越通社