Connect with us

Politics, Law & Military

ရှီကျင့်ဖိန်က တရုတ်နိုင်ငံ အမျိုးသား သဘာဝသိပ္ပံဖောင်ဒေးရှင်း၏ လုပ်ငန်းစဉ်များအပေါ် အရေးကြီး လမ်းညွှန်ချက်ပေးအပ်

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ပေကျင်းမြို့ ရိကျွမ်းမြို့နယ်ရှိ နိုင်ငံ၏ သတင်းအချက်အလက် နည်းပညာ (IT) ဆန်းသစ် တီထွင်မှုဥယျာဉ်တွင် လာရောက် စစ်ဆေးကြည့်ရှုနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ အမျိုးသား သဘာဝသိပ္ပံဖောင်ဒေးရှင်း (NSFC) ၏ လုပ်ငန်းစဉ်များအပေါ် မကြာသေးမီက အရေးကြီးလမ်းညွှန်ချက်များ ပေးအပ်ခဲ့ရာ တရုတ်နိုင်ငံ အမျိုးသား သဘာဝသိပ္ပံဖောင်ဒေးရှင်း (NSFC) တည်ထောင်ခဲ့သည့် နှစ်ပေါင်း ၄၀ ကြာကာလတွင် အခြေခံသုတေသန တွန်းအားပေးခြင်း၊ ဆန်းသစ်ဖန်တီးမှု လူရည်ချွန်ပျိုးထောင်ခြင်း စသည့်ကဏ္ဍများတွင် တက်ကြွသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ထောက်ပြပြောကြားခဲ့သည်။ခရီးစဉ်သစ်တွင် ခေတ်သစ် တရုတ်ဝိသေသလက္ခဏာဆောင်သော ဆိုရှယ်လစ်ဝါဒအတွေးအခေါ်ကို နက်ရှိုင်းစွာ လေ့လာအကောင်အထည်ဖော်ရန်၊ သိပ္ပံနည်းပညာတော်လှန်ရေးနှင့် စက်မှုကဏ္ဍပြုပြင်ပြောင်းလဲရေး သမိုင်းအခွင့်အလမ်းသစ်များကို အမိအရ ဆုပ်ကိုင်ရန်၊ “ဦးတည်ချက် မျက်နှာစာ လေးရပ်” ဟူသော မဟာဗျူဟာလမ်းညွှန်မှုကို ခိုင်မာစွာ လက်ကိုင်ထားရန်၊ အခြေခံသုတေသနကဏ္ဍကို မဟာဗျူဟာအသွင်၊ အနာဂတ်သို့ ရှေးရှုမှုအသွင်၊ စနစ်တကျအသွင်ဖြစ်သော အခင်းအကျင်းအဖြစ် မြှင့်တင်ဖော်ဆောင်ရန်၊ သိပ္ပံရန်ပုံငွေ ပြုပြင်ပြောင်းလဲရေးကို နက်ရှိုင်းစေကာ ထောက်ပံ့ရေးစနစ် ကောင်းမွန်ပြည့်စုံခြင်း၊ ထောက်ပံ့မှု ထိရောက်နိုင်စွမ်း မြှင့်တင်ခြင်းကို တစ်ဆင့်တိုး လုပ်ဆောင်ရန်၊ ကောင်းမွန်သော သိပ္ပံသုတေသန ဂေဟပတ်ဝန်းကျင်ကို ဖန်တီးတည်ဆောက်ရန်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အလားအလာကို ချဲ့ထွင်ရန်၊ သိပ္ပံကဏ္ဍ အထွတ်အထိပ်ဆီသို့ သိပ္ပံသုတေသီများ ရဲရဲဝံ့ဝံ့ ကျယ်ကျယ်ပြန့်ပြန့် တက်လှမ်းကာ မူရင်းဖန်တီးမှုရလဒ်များ ပိုမို ထွက်ပေါ်စေရေးကို ထောက်ခံအားပေးရန်၊ အဆင့်မြင့် သိပ္ပံနည်းပညာများ ကိုယ့်အားကိုယ်ကိုး ရပ်တည်ရေးနှင့် သိပ္ပံနည်းပညာ အင်အားကြီးနိုင်ငံ တည်ဆောက်ရေးကို တွန်းအားပေးရန်အတွက် ပိုမိုကြီးမားသော အကျိုးကို ဆောင်ကြဉ်းရန် ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ တရုတ်နိုင်ငံ အမျိုးသား သဘာဝသိပ္ပံဖောင်ဒေးရှင်း (NSFC) သည် ၁၉၈၆ ခုနှစ် ဖေဖော်ဝါရီတွင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး နှစ်ပေါင်း ၄၀ ကြာ တိုးတက် ဖွံ့ဖြိုးလာခဲ့ရာ များပြားလှစွာသော သိပ္ပံသုတေသီများ အခြေခံသုတေသန လုပ်ဆောင်ရန် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် အဓိကလမ်းကြောင်း ဖြစ်လာခဲ့ပြီ ဖြစ်ပေသည်။ (Xinhua)
———————-
(Chinese Version)
习近平对国家自然科学基金委员会工作作出重要指示强调   强化基础研究战略性前瞻性体系化布局   支持广大科研人员勇攀科学高峰产出更多原创性成果
新华社北京2月12日电 中共中央总书记、国家主席、中央军委主席习近平近日对国家自然科学基金委员会工作作出重要指示指出,国家自然科学基金委员会成立40年来,在推动基础研究、培养创新人才等方面发挥了积极作用。
习近平强调,新征程上,希望你们深入学习贯彻新时代中国特色社会主义思想,抓住新一轮科技革命和产业变革历史机遇,坚持“四个面向”的战略导向,强化基础研究战略性、前瞻性、体系化布局,深化科学基金改革,进一步完善资助体系、提升资助效能,推动营造良好科研生态,拓展国际合作空间,支持广大科研人员勇攀科学高峰、产出更多原创性成果,为推进高水平科技自立自强、建设科技强国作出更大贡献。
国家自然科学基金委员会成立于1986年2月,经过40年发展,已成为国家资助广大科研人员开展基础研究的重要渠道。(完)
1. 2月9日上午,中共中央总书记、国家主席、中央军委主席习近平来到位于北京亦庄的国家信创园,了解信息技术应用创新和北京加快建设国际科技创新中心情况,察看代表性科技创新成果展示,并同科研人员和科技企业负责人代表亲切交流。 新华社记者 燕雁 摄