Connect with us

Politics, Law & Military

ဝမ်ရိနှင့် အိုမန်နိုင်ငံခြားရေးဝန်ကြီး Sayyid Badr bin Hamad Al Busaidi ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က ဗီဒီယိုလင့်ခ်စနစ်ဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၆၁ ကြိမ်မြောက် အဆင့်မြင့်အစည်းအဝေး တက်ရောက်၍ အမှာစကား ပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အိုမန်နိုင်ငံခြားရေးဝန်ကြီး Sayyid Badr bin Hamad Al Busaidi နှင့် မတ် ၂ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ထိုသို့ ဆက်သွယ်ရာတွင် Sayyid Badr bin Hamad Al Busaidi က အီရန်-အမေရိကန် ဆွေးနွေးညှိနှိုင်းမှုသည် အရင်ကမရရှိခဲ့ဖူးသော တိုးတက်မှုရရှိခဲ့ကြောင်း၊ သို့သော် အမေရိကန်၊ အစ္စရေးက ရရှိထားသည့် ဆွေးနွေးညှိနှိုင်းမှုရလဒ်ကို ပစ်ပယ်ကာ စစ်ပွဲဆင်နွှဲခြင်းသည် ဝမ်းနည်းဖွယ်ဖြစ်ကြောင်း၊ အဆိုပါစစ်ပွဲ ဆက်လက်ဖြစ်ပွားသွားမည်ဆိုပါက ပိုမိုများပြားသော လူထိခိုက်သေဆုံးမှုနှင့် ပစ္စည်းဥစ္စာ နစ်နာဆုံးရှုံးမှုများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ဘက်အသီးသီးအနေဖြင့် လက်ရှိတွင် ဆောလျင်စွာ အပစ်အခတ်ရပ်စဲရေးကို အတူတကွ ကြိုးပမ်းတွန်းအားပေးသင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူများကို အစဉ်အမြဲ လိုက်နာသောကြောင့် ယုံကြည်အားထားထိုက်သည့် အပြုသဘောဆောင်သော အင်အားဖြစ်ကြောင်း၊ လက်ရှိ အကဲဆတ်သည့် အခိုက်အတန့်နှင့် ရှုပ်ထွေးသော အခြေအနေအောက်တွင် အရေးကြီးအခန်းကဏ္ဍမှ တရုတ်နိုင်ငံ ပါဝင်ရန် မျှော်လင့်လျက်ရှိကြောင်း၊ အိုမန်နိုင်ငံအနေဖြင့် အိုမန်နိုင်ငံရှိ တရုတ်နိုင်ငံသားနှင့် လုပ်ငန်းအဖွဲ့အစည်းများ၏ ဘေးကင်းလုံခြုံမှုကို အစွမ်းကုန် ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက အိုမန်နိုင်ငံသည် အီရန်-အမေရိကန် ဆွေးနွေးညှိနှိုင်းမှုအား တွန်းအားပေးရန်အတွက် တက်ကြွစွာ ကြားဝင်စေ့စပ်ခဲ့ပြီး ဒေသတွင်းငြိမ်းချမ်းရေးအတွက် ကြီးမားစွာ ကြိုးပမ်းဖော်ဆောင်ခဲ့ရာ တရုတ်နိုင်ငံအနေဖြင့် တန်ဖိုးထားချီးကျူးကြောင်း၊ အီရန်-အမေရိကန် ဆွေးနွေးညှိနှိုင်းမှုတွင် တိုးတက်မှုရရှိထားသည့် နောက်ခံအခြေအနေ၌ အမေရိကန်နှင့် အစ္စရေးက အီရန်အပေါ် ရည်ရွယ်ချက်ရှိရှိ စစ်ပွဲစတင်ဆင်နွှဲခြင်းသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း ပြောကြားခဲ့သည်။

လက်ရှိအရေးကြီးဆုံးမှာ စစ်ရေးလှုပ်ရှားမှုကို ချက်ချင်းရပ်တန့်ရန်၊ စစ်မက်မီးလျှံများ ပြင်ပသို့ တစ်ဆင့်တိုးယိုစိမ့်လာမှုကို တားဆီးရန်၊ အခြေအနေက အဖတ်ဆယ်၍မရသော အနေအထားသို့ ပြောင်းလဲသွားခြင်းကို ရှောင်ကြဉ်ရန်ဖြစ်သည်ဟု တရုတ်နိုင်ငံက ယူဆကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးက ယင်းအတွက် အတူတကွကြိုးပမ်းပေးရန်၊ ငြိမ်းချမ်းရေးမြှင့်တင်မှုလုပ်ငန်းအား ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံကလည်း ယင်းအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လိုပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် ပလက်ဖောင်းများတွင် တရားမျှတမှုကို ဆက်လက်ထိန်းသိမ်းပေးရန်၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်၊ စစ်ပွဲအားတားဆီးရန် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ပင်လယ်ကွေ့နိုင်ငံအသီးသီး၏ လျော်ကန်သော တောင်းဆိုချက်များကို အလေးထားကြောင်း၊ ပင်လယ်ကွေ့နိုင်ငံများအနေဖြင့် မိမိ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြုံရေးအား ကောင်းမွန်စွာ ကာကွယ်ထိန်းသိမ်းခြင်းကို ထောက်ခံအားပေးကြောင်း၊ စစ်ပွဲများ ပြင်ပသို့ ယိုစိမ့်လာခြင်းသည် ပင်လယ်ကွေ့နိုင်ငံများ၏ အခြေခံ၊ ရေရှည်အကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိကြောင်း၊ ပင်လယ်ကွေ့နိုင်ငံများအနေဖြင့် လွတ်လပ်မှုနှင့် မိမိကိုယ်တိုင်ရပ်တည်မှုကို မြှင့်တင်ရန်၊ ပြည်ပဝင်ရောက်စွက်ဖက်မှုများကို ကန့်ကွက်ရန်၊ အိမ်နီးချင်းနိုင်ငံများ ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်ရန်၊ စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်ရန်၊ ရှေ့ရေးကံကြမ္မာကို မိမိလက်ထဲတွင် အပြည့်အဝဆုပ်ကိုင်ထားရန် မျှော်လင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

——————————————–
(Chinese Version)
王毅同阿曼外交大臣巴德尔通电话
新华社北京3月2日电 中共中央政治局委员、外交部长王毅2日同阿曼外交大臣巴德尔通电话。
巴德尔表示,在阿曼斡旋下,伊美谈判取得前所未有的进展,但美国、以色列竟然抛弃已有谈判成果,发动战争,令人遗憾。这场战争持续下去,将导致更多人员伤亡和财产损失。各方当前应共同努力推动尽早停火止战。中方作为安理会常任理事国,始终遵循联合国宪章宗旨原则,是可依赖的积极力量。在当前敏感时刻和复杂形势下,期待中方发挥重要作用。阿方将全力维护在阿中国公民和机构的安全。
王毅表示,阿曼为推动伊美谈判积极斡旋,为维护地区和平付出大量努力,中方表示赞赏。在伊美谈判取得进展背景下,美国和以色列蓄意挑起对伊朗战争,明显违背联合国宪章宗旨和原则。中方认为,当务之急是立即停止军事行动,防止战火进一步外溢,避免局势滑向无可挽回的地步。中方敦促各方为此作出共同努力,支持阿曼不改初衷,继续开展促和工作。中方也愿发挥建设性作用,包括在联合国安理会平台主持公道,争取和平,制止战争。
王毅表示,中方重视海湾各国的正当诉求,支持海湾国家维护好自身主权和国家安全。战争外溢不符合海湾各国的根本和长远利益。希望海湾国家加强独立自主、反对外来干涉、发展睦邻友好、增进团结协作,把前途命运真正掌握在自己手中。(完)
图说:2月23日,中共中央政治局委员、外交部长王毅在北京以视频方式出席联合国人权理事会第61届会议高级别会议并发表讲话。 新华社记者 殷博古 摄