Connect with us

Politics, Law & Military

ဝမ်ရိနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မြူးနစ်လုံခြုံရေးညီလာခံသို့ တက်ရောက်ပြီး "တရုတ်သီးသန့်ဆွေးနွေးပွဲ" တွင် “ရာဇဝင်သမိုင်းဟူသော သင်္ဘောကြီးအား မှန်ကန်သောဦးတည်ရာသို့ လက်တွဲညီညီ တည့်မတ်မည်” ဟူသော ခေါင်းစဉ်ဖြင့် အမှာစကားပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တောင်းဆိုချက်အရ အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီနှင့် မတ် ၂ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။အာရက်ဂ်ချီက ဒေသတွင်း၌ နောက်ဆုံးဖြစ်ပေါ်နေသည့် အခြေအနေအား ရှင်းလင်းပြောကြားရာတွင် အီရန်-အမေရိကန် ဆွေးနွေးပွဲကာလအတွင်း အမေရိကန်က အီရန်အပေါ် ဒုတိယအကြိမ် စစ်ပွဲစတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက် ယခုအကြိမ် ဆွေးနွေးမှုများသည် အပြုသဘောတိုးတက်မှုများ ရရှိခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် အမေရိကန်ဘက်၏ လုပ်ရပ်သည် နိုင်ငံတကာဥပဒေအလုံးစုံကို ချိုးဖောက်သလို အီရန်၏ မျဉ်းနီကို နင်းခြေခဲ့ကြောင်း၊ အီရန်ဘက်က ရွေးချယ်ရန်မရှိဘဲ မိမိကိုယ်ကို မုချမသွေ အစွမ်းကုန် ကာကွယ်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံဘက် တရားမျှတ၍ အမှန်တရားဖြစ်သည့် ရပ်တည်ချက်ကို အတိအလင်း ပြောကြားခဲ့ရာ ဒေသတွင်း အခြေအနေတင်းမာမှုအရှိန်မြင့်တက်ခြင်းကို ရှောင်ရှားရန်အတွက် အပြုသဘောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက လက်ရှိ အီရန်အခြေအနေအပေါ် ထားရှိသည့် အခြေခံမူနှင့်ရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့ရာ တရုတ်နိုင်ငံအနေဖြင့် တရုတ်-အီရန် အစဉ်အလာချစ်ကြည်ရေးအပေါ် တန်ဖိုးထားရှုမြင်ပြီး အီရန်၏ အချုပ်အခြာအာဏာလုံခြုံရေး၊ နယ်မြေပိုင်နက်ပြည့်စုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ ကာကွယ်စောင့်ရှောက်ခြင်းအပေါ် ထောက်ခံအားပေးသလို အီရန်ဘက်က မိမိ၏ လျော်ကန်သော တရားဝင် အခွင့်အာဏာနှင့် အကျိုးစီးပွားအား ကာကွယ်ထိန်းသိမ်းခြင်းအပေါ် ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် အမေရိကန်၊ အစ္စရေးတို့အား စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရန်၊ တင်းမာသည့်အခြေအနေများ ထပ်မံအရှိန်မမြင့်တက်လာစေရေး ရှောင်ရှားရန်၊ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးသို့ စစ်ရေးပျံ့နှံ့သွားမှုကို ကာကွယ်တားဆီးရန် တိုက်တွန်းနှိုးဆော်ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
အီရန်ဘက်က လက်ရှိ ဆိုးဆိုးရွားရွား ရှုပ်ထွေးလှသည့် အခြေအနေအောက်တွင် နိုင်ငံ၏လူမှုရေးတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်မည်ဟူ၍လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများ၏ ကျိုးကြောင်းဆီလျော်သည့် စိုးရိမ်မှုများကို အလေးထားနိုင်မည်ဟူ၍လည်းကောင်း၊ အီရန်ရှိ တရုတ်နိုင်ငံသားနှင့် အဖွဲ့အစည်းဌာနလုံခြုံရေးကို ကာကွယ်ထိန်းသိမ်းနိုင်မည်ဟူ၍လည်းကောင်း ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။အာရက်ဂ်ချီက အီရန်နိုင်ငံအနေဖြင့် တရုတ်ဘက်လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းဌာနများ၏ လုံခြုံရေးကို အစွမ်းကုန်အာမခံသွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
#China #Iran #WangYi #တရုတ် #အီရန် #ဝမ်ရိ

—————————————
(Chinese Version)
王毅同伊朗外长阿拉格齐通电话
新华社北京3月2日电 中共中央政治局委员、外交部长王毅2日应约同伊朗外长阿拉格齐通电话。
阿拉格齐通报了地区局势最新情况,表示美国第二次在伊美谈判期间对伊发动战争。双方本次谈判已取得积极进展,但美方的行为违反所有国际法,踩踏了伊方红线。伊方别无选择,必须全力自卫。中方公开表达了公道正义立场,希望继续为避免地区紧张局势升级发挥积极作用。
王毅重申了中方对当前伊朗形势的原则立场,表示中方珍视中伊传统友谊,支持伊方捍卫主权安全、领土完整和民族尊严,支持伊方维护自身正当合法权益。
王毅表示,中方已敦促美国、以色列立即停止军事行动,避免紧张事态进一步升级,防止战事扩大蔓延至整个中东地区。相信伊方在当前严峻复杂局面下,能够保持国家社会稳定,重视邻国合理关切,维护在伊中国公民和机构安全。阿拉格齐表示伊方愿全力保障中方人员和机构的安全。(完)
1. 2月14日,中共中央政治局委员、外交部长王毅出席慕尼黑安全会议,在“中国专场”发表题为《携手校准历史巨轮的正确航向》的演讲。新华社记者 杜哲宇 摄