Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ကမ္ဘာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အစဉ်အမြဲပင် သေချာသော အုတ်မြစ်နှင့် တည်ငြိမ်မှုရှိသော ခိုလှုံရာနေရာ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်တွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ - Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ကမ္ဘာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အစဉ်အမြဲပင် သေချာသော အုတ်မြစ်နှင့် တည်ငြိမ်မှုရှိသော ခိုလှုံရာနေရာ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဧပြီ ၁ ရက်တွင် ပြောကြားခဲ့သည်။ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက တရုတ်နိုင်ငံတွင် ယခုနှစ်မတ်လ၌ ၂၀၂၆ ခုနှစ် တရုတ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်ဖိုရမ် နှစ်ပတ်လည်အစည်းအဝေးနှင့် ၂၀၂၆ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် နှစ်ပတ်လည်ညီလာခံကို ဆက်တိုက်ကျင်းပခဲ့ကြောင်း၊ ဤဖိုရမ်နှစ်ခုသည် တရုတ်ဈေးကွက်ကို လေ့လာစောင့်ကြည့်ရန် အရေးကြီးသော ပြတင်းပေါက်များအဖြစ် သတ်မှတ်ကာ မီဒီယာများက အနီးကပ်အာရုံစိုက်ခဲ့ကြကြောင်း၊ ယင်းနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။

တရုတ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်ဖိုရမ်နှင့် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ်တို့ကို တရုတ်နိုင်ငံ ပေကျင်းနှင့် ဟိုင်နန်တို့တွင် အသီးသီးကျင်းပခဲ့ပြီး ဖိုရမ်နှစ်ခုလုံးသည် တူညီသောသတင်းစကားကို ထုတ်ဖော်ခဲ့ကြောင်း၊ ယင်းမှာ ကမ္ဘာကြီးသည် မငြိမ်မသက်ဖြစ်နေသော်လည်း တရုတ်နိုင်ငံမှာ အစဉ်အမြဲ တည်ငြိမ်စွာ ရှေ့သို့လှမ်းချီပြီး နိုင်ငံအသီးသီးနှင့်အတူ ဖွံ့ဖြိုးတိုးတက်သွားမည်ဖြစ်ကြောင်း မော်နင်က ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံရဲ့ ၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း အစီအစဉ်မှာ ရှင်းလင်းတဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်တွေနဲ့ မူဝါဒလမ်းညွှန်ချက်တွေကို ဖော်ပြထားပြီး လာမယ့် ၅ နှစ်အတွင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးရဲ့ အဓိကရည်မှန်းချက်တွေနဲ့ အရေးပါတဲ့တာဝန်တွေကို အတည်ပြုပေးခဲ့တယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေးအခေါ်အသစ်ကို အပြည့်အဝနှင့် တိကျစွာ ဘက်စုံ အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုအခင်းအကျင်းအသစ် တည်ဆောက်မှုကို အရှိန်မြှင့်တင်ကာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို အားစိုက်မြှင့်တင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် လွတ်လပ်သောကုန်သွယ်မှုကို ထိန်းသိမ်းမည်ဖြစ်ပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် နက်ရှိုင်းစေကာ ယန္တရားအသွင် တံခါးဖွင့်လှစ်မှုကို တည်ငြိမ်စွာ တိုးချဲ့မည်ဖြစ်ကြောင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အား အရည်အသွေးမြင့် အတူတကွတည်ဆောက်မည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွတ်လပ်၍လွယ်ကူချောမွေ့စေရေးကို မြှင့်တင်ပေးကာ တံခါးဖွင့်လှစ်မှုရှိသော ကမ္ဘာ့စီးပွားရေးကို ကာကွယ်စောင့်ရှောက်၍ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အစဉ်အမြဲပင် သေချာသော အုတ်မြစ်နှင့် တည်ငြိမ်မှုရှိသော ခိုလှုံရာနေရာ ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
…………………….
(Chinese)
外交部:中国将始终是全球发展的确定性基石与稳定性港湾
新华社北京4月1日电(记者冯歆然、万倩仪)外交部发言人毛宁1日表示,中国将始终是全球发展的确定性基石与稳定性港湾。
当日例行记者会上,有记者问:今年3月,中国相继举办了中国发展高层论坛2026年年会与博鳌亚洲论坛2026年年会。媒体高度关注,认为两场论坛是观察中国市场的重要窗口。发言人对此有何评论?
毛宁说,中国发展高层论坛和博鳌亚洲论坛先后在北京和海南举行,两个论坛释放了同一个信息,那就是世界动荡不安,但中国将始终稳定前行,同各国携手发展。
“中国‘十五五’规划纲要展现出清晰的战略目标和政策导向,确定了未来5年国家发展的主要目标和重大任务。”毛宁表示,中国将完整准确全面贯彻新发展理念,加快构建新发展格局,着力推动高质量发展。中国将坚持自由贸易,不断深化对外合作,稳步扩大制度型开放,高质量共建“一带一路”,促进全球贸易和投资自由化便利化,维护和发展开放型世界经济。中国将始终是全球发展的确定性基石与稳定性港湾。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.