Connect with us

Politics, Law & Military

နန်ကျင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုမှ အသက်ရှင်ကျန်ရစ်သူအဖြစ် မှတ်တမ်းတင်ထားသူဦးရေ ၂၄ ဦးသို့ လျော့ကျလာ

တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းဆူးပြည်နယ်၏မြို့တော် နန်ကျင်းမြို့ရှိ ဂျပန်ကျူးကျော်သူများ၏ နန်ကျင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် မွေးချင်းများ အောက်မေ့ဖွယ်အဆောက်အဦ၌ နန်ကျင်းအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူများအတွက် တရုတ်နိုင်ငံက ၁၀ ကြိမ်မြောက် နိုင်ငံအဆင့် အောက်မေ့ဖွယ်ဂုဏ်ပြုအခမ်းအနား ကျင်းပပြုလုပ်နေမှုကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်ကတွေ့ရစဥ် (ဆင်ဟွာ)

နန်ကျင်း၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

နန်ကျင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုမှ အသက်ရှင်ကျန်ရစ်သူတစ်ဦးဖြစ်သည့် Tang Fulong ဆိုသူမှာ အသက် ၉၀ နှစ်အရွယ်တွင် အောက်တိုဘာ ၉ ရက်က ကွယ်လွန်သွားခဲ့ခြင်းကြောင့် မှတ်တမ်းတင်ထားသော အသက်ရှင်ကျန်ရစ်သူဦးရေမှာ ၂၄ ဦးသို့ လျော့နည်းကျဆင်းလာကြောင်း ဂျပန်ကျူးကျော်သူများ၏ နန်ကျင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် မွေးချင်းများအောက်မေ့ဖွယ်အဆောက်အဦ တာဝန်ရှိသူများက အောက်တိုဘာ ၁၁ ရက်က ပြော ကြားခဲ့သည်။နန်ကျင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဆိုသည်မှာ ဂျပန်စစ်သားများက ယင်းအချိန်က တရုတ် နိုင်ငံ၏မြို့တော်ဖြစ်သော နန်ကျင်းမြို့ကို ၁၉၃၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်၌ ကျူးကျော်သိမ်းပိုက်ခဲ့စဉ်က အစပြုခဲ့သော သမိုင်းတစ်ကွေ့ကာလကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ ရက်သတ္တပတ် ၆ ပတ်ကြာ ကာလအတွင်း ဂျပန်ကျူးကျော်သူများက တရုတ်အရပ်သားများနှင့် လက်နက်မဲ့စစ်သား ၃၀၀,၀၀၀ နီးပါးကို သတ်ဖြတ်ခဲ့ကြရာ ဒုတိယကမ္ဘာစစ်၏ အရိုင်းစိုင်း အရက်စက်ဆုံး ဖြစ်ရပ်တစ်ခုအဖြစ် သမိုင်းမှတ်တမ်းတွင်ခဲ့သည်။
၁၉၃၇ ခုနှစ်တွင် Tang ၏ဖခင်၊ ဝမ်းကွဲညီအကိုနှင့် ဦးလေးတော်စပ်သူ ၃ဦး၊ စုစုပေါင်း ၅ဦးမှာ ဂျပန် ကျူးကျော်သူများ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး သီသီကလေးလွတ်မြောက်ခဲ့သည့် ဦးလေးတစ်ဦးမှလွဲ၍ ကျန် ၄ ဦးစလုံးကို ဂျပန်စစ်သားများက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြသည်။

Tang အပါအဝင် ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်သူ ၈ ဦးမှာ ၂၀၂၅ ခုနှစ်ကတည်းကစ၍ တစ်ဦးပြီးတစ်ဦး ကွယ်လွန်သွားခဲ့ကြကြောင်း တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းဆူးပြည်နယ်၏ မြို့တော် နန်ကျင်းမြို့တွင်တည်ရှိသည့် နန်ကျင်း အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရမှုကြောင့် အသက်ဆုံးရှုံးခဲ့ ရသည့် မွေးချင်းများအောက်မေ့ဖွယ်အဆောက်အဦတာဝန်ရှိသူများ၏ ပြောကြားမှုအရသိရသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ကို နန်ကျင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွင် နစ်နာသူများအတွက် နိုင်ငံအဆင့် အောက်မေ့ဖွယ်နေ့အဖြစ် တရုတ်ပြည်လုံးဆိုင်ရာ ဥပဒေပြုလွှတ်တော်က ၂၀၁၄ ခုနှစ်က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံအစိုးရကလည်း နန်ကျင်း အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရမှုမှ ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်သူများ၏ သက်သေခံထွက်ဆိုချက်များကို လက်ရေးနှင့် ဗီဒီယိုမှတ်တမ်း နှစ်မျိုး စလုံးဖြင့် မှတ်တမ်းတင်ထိန်းသိမ်းထားသည်။ အဆိုပါ သက်သေခံထွက်ဆိုချက် စာရွက်စာတမ်းများမှာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO) ၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၁၅ ခုနှစ်က ထည့်သွင်းသတ်မှတ်ခြင်းခံခဲ့ရသည်။ (Xinhua)
—————————
(English Version)
Number of registered Nanjing Massacre survivors falls to 24
NANJING, Oct. 11 (Xinhua) — Tang Fulong, a survivor of the Nanjing Massacre, passed away at the age of 90 on Thursday, reducing the number of living registered survivors to 24, the Memorial Hall of the Victims in Nanjing Massacre by Japanese Invaders said on Saturday.
The Nanjing Massacre refers to a period of history that started when Japanese troops captured the then Chinese capital on Dec. 13, 1937. In the space of six weeks, the Japanese invaders killed approximately 300,000 Chinese civilians and unarmed soldiers in one of the most barbaric episodes of World War II.
In 1937, Tang’s father, cousin and three uncles were captured by the Japanese invaders. Except one of the uncles, who narrowly escaped, the other four were all shot dead by Japanese soldiers.
Eight survivors, including Tang, have passed away since the beginning of 2025, according to the Memorial Hall in Nanjing, capital of east China’s Jiangsu Province.
In 2014, China’s national legislature designated Dec. 13 as a national memorial day for the victims of the Nanjing Massacre.
The Chinese government has preserved the testimonies of survivors, recorded in both written and video transcripts. These documents about the massacre were listed by UNESCO in the Memory of the World Register in 2015. ■
photo
China holds its 10th national memorial ceremony for the Nanjing Massacre victims at the Memorial Hall of the Victims in Nanjing Massacre by Japanese Invaders in Nanjing, capital of east China’s Jiangsu Province, Dec. 13, 2023. (Xinhua/Zhang Ling)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.