Politics, Law & Military
စိုက်ပျိုးရေးနှင့်ဆက်နွှယ်သည့် ရာဇ၀တ်မှုများကို တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ တင်းတင်းကျပ်ကျပ် ဖြိုခွင်း

ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ပြည်သူ့လုံခြုံရေးဌာန အဆင့်ပေါင်းစုံက နိုင်ငံတစ်ဝန်း စိုက်ပျိုးရေးဆိုင်ရာ ရာဇ၀တ်မှု တိုက်ဖျက်ရေးလှုပ်ရှားမှု၌ ပါဝင်ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာ လကုန်ပိုင်းအထိ လယ်ယာမြေ ကျူးကျော်သိမ်းပိုက်ခြင်း ကဲ့သို့သော တရားမ၀င်လုပ်ရပ်များ အပါအဝင် အမှုပေါင်း ၄,၆၀၀ ကျော်ကို ဖြေရှင်းပေးလျက်ရှိကြောင်း သိရသည်။နိုင်ငံတစ်ဝန်းတွင် စံချိန်မမီမျိုးစေ့ သို့မဟုတ် မျိုးစေ့အတုများနှင့် အခြားစိုက်ပျိုးရေးသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်း အမှုပေါင်း ၂၀၀ ကျော်ကိုလည်း ဖြေရှင်းခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုကို အန္တရာယ်ဖြစ်စေသည့် ရာဇ၀တ်မှုများကို ပြည်သူ့လုံခြုံရေးအဖွဲ့များက ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးဌာနက သံသယဖြစ်ဖွယ် တရားမဝင်လှုပ်ရှားမှုများကို ၎င်း၏အွန်လိုင်းသတင်းပေးပို့ခြင်းပလက်ဖောင်းမှတစ်ဆင့် သတင်းပို့ရန် ပြည်သူများကို တိုက်တွန်းထားကြောင်းလည်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Chinese police toughen crackdown on agriculture-related crimes
BEIJING, Oct. 6 (Xinhua) — China’s public security departments at various levels have made progress in a nationwide campaign against agriculture-related crimes, solving more than 4,600 cases involving illegal acts such as occupying agricultural land by the end of September.
The Ministry of Public Security said over 200 cases involving the production and selling of counterfeit or substandard seeds and other agricultural materials had also been cracked nationwide.
The ministry said the public security organs will continue to take strong action against crimes that endanger the country’s food security. The ministry also urged the public to report any suspected illegal activities through its online reporting platform. ■
English Caption
Police officers take part in a flag-raising ceremony at the Ministry of Public Security in Beijing, capital of China, Jan. 10, 2024. (Xinhua/Yin Gang)