Politics, Law & Military
အွန်လိုင်းလောင်းကစား၊ လိမ်လည်မှု ကျူးလွန်သူအား ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းခေါ်ဆောင်
နန်ကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံရဲတပ်ဖွဲ့သည် နိုဝင်ဘာ ၁၂ ရက်တွင် နယ်စပ်ဖြတ်ကျော် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှု ကျူးလွန်သူ ရှဲကျစ်ကျန်းအား တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းဆူးပြည်နယ် မြို့တော်နန်ကျင်းသို့ လွှဲပြောင်းခေါ်ဆောင်ခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန သတင်းအရ သိရသည်။ရှဲကျစ်ကျန်းသည် ၂၀၁၇ ခုနှစ် စက်တင်ဘာလမှစ၍ မြန်မာနိုင်ငံရှိ ၎င်းပိုင်ဆိုင်သည့် အဆောက်အအုံများတွင် အခြေစိုက်ကာ ၎င်း၏ပြစ်မှုကျူးလွန်သူအဖွဲ့က လုပ်ကိုင်လျက်ရှိသော အင်တာနက်ပလက်ဖောင်း ၂၀၀ ကျော်မှတစ်ဆင့် တရုတ်နိုင်ငံသားများကို အွန်လိုင်းလောင်းကစားတွင်ပါဝင်ရန် ဖြားယောင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ လူပေါင်း ၃၃၀,၀၀၀ သည် တရားမဝင်လောင်းကစားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး အမှုတွင် ပါဝင်ပတ်သက်သည့် ငွေကြေးပမာဏသည် ယွမ် ၂.၇ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ သန်း ၃၈၀ ခန့်) ရှိကြောင်း ဝန်ကြီးဌာနမှ သိရသည်။
ရှဲကျစ်ကျန်း ဦးဆောင်သည့် ဆက်သွယ်ရေးလိမ်လည်မှုအဖွဲ့ပေါင်း ၂၄၈ ဖွဲ့သည် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထား၍ လိမ်လည်မှုများ အကြီးအကျယ်လုပ်ဆောင်ခဲ့ရာ အလွန်တရာ ကြီးမားသောဆုံးရှုံးမှုများ ဖြစ်စေခဲ့သည်ကို တရုတ်နိုင်ငံရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ သိရကြောင်း ဝန်ကြီးဌာနက ဆိုသည်။
ရှဲကျစ်ကျန်းက နိုင်ငံပြင်ပ၌ခိုအောင်းနေသည့် အခြေအနေကြောင့် ၎င်းအား ကမ္ဘာတစ်ဝန်းတွင် ဖမ်းဆီးနိုင်ရန်အလို့ငှာ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (INTERPOL) မှ အနီရောင်ဖမ်းဝရမ်းထုတ်ပြန်ပေးရန် တရုတ်ရဲတပ်ဖွဲ့က လျှောက်ထားခဲ့သည်။ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့သည် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ဘန်ကောက်မြို့၌ ရှဲကျစ်ကျန်းအား ဖမ်းဆီးရမိခဲ့သည်။ ၎င်းအားဖမ်းဆီးရမိပြီးနောက် လွှဲပြောင်းပေးအပ်မှု လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယခုနှစ်အတွင်း တရုတ်၊ မြန်မာနှင့် ထိုင်းနိုင်ငံ တရားဥပဒေစိုးမိုးရေးဌာနများက နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှု ပူးတွဲတိုက်ဖျက်ရေးလှုပ်ရှားမှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ရာ အပြုသဘောဆောင်သည့် ရလဒ်များ ရရှိခဲ့ကြောင်း တရုတ်နိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် သတိပြုမိခဲ့သည်။
ရှဲကျစ်ကျန်းအား အောင်မြင်စွာလွှဲပြောင်းပေးအပ်နိုင်ခြင်းသည် အဆိုပါပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများက ပြစ်မှုကျူးလွန်မှုများကို တိုက်ဖျက်လိုသည့် ခိုင်မြဲသောသန္နိဋ္ဌာန်အား ဖော်ပြနေကြောင်း အဆင့်မြင့်ရဲအရာရှိတစ်ဦးက မီဒီယာကို ပြောကြားသည်။ တရုတ်နိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အများပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာ ဘေးကင်းလုံခြုံမှုကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု၊ နယ်စပ်ဖြတ်ကျော် လောင်းကစားနှင့် အခြားသော ပြစ်မှုကျူးလွန်မှုများ တိုက်ဖျက်ရေးကို ပြင်းပြင်းထန်ထန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပေသည်။ (Xinhua)
#China #Thailand #OnlineGambling #FraudCriminal #တရုတ် #ထိုင်း #အွန်လိုင်းလောင်းကစား #လိမ်လည်မှုကျူးလွန်သူ
—————————————–
(Chinese Version)
China extradites online gambling, fraud criminal from Thailand
NANJING, Nov. 12 (Xinhua) — Chinese police extradited cross-border online gambling and fraud criminal She Zhijiang back to Nanjing, capital of east China’s Jiangsu Province, from Thailand on Wednesday, according to the Ministry of Public Security.
Since September 2017, She had used his properties in Myanmar as the base to lure Chinese citizens to engage in online gambling via over 200 internet platforms his gang operated. A total of 330,000 people in China were involved in illegal gambling activities, with the amount of money involved exceeding 2.7 billion yuan (about 380 million U.S. dollars), said the ministry.
Investigations launched by the Chinese police also found that She had harbored 248 telecom fraud groups to carry out fraud schemes targeting Chinese citizens, resulting in extremely heavy losses, the ministry said.
As She had been at large overseas, the Chinese police applied to the International Criminal Police Organization to issue a Red Notice for a global manhunt. Thai police arrested She in Bangkok in August 2022. His arrest was followed by extradition proceedings.
Chinese police noted that law enforcement authorities from China, Myanmar and Thailand have conducted continuous joint crackdowns on transnational crime this year, achieving positive results.
A senior police officer told media that She’s successful extradition demonstrates the firm resolve of these public security organs in cracking down on crime. Chinese police will continue to step up efforts to smash telecom and online fraud, cross-border gambling and other crimes, to resolutely safeguard the people’s lives and property. Enditem
