Connect with us

Politics, Law & Military

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်ရေးအတွက် ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် Think Tank အဖွဲ့များ၏ အသိပညာများကို စုစည်းခြင်း

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ "နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ လက်ကိုင်ပြုကျင့်သုံးခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲခြင်းနှင့် အဆင့်မြှင့်တင်ခြင်း" ဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဆင့်မြင့်အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်နေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျိုဟန်နက်စ်ဘာ့ခ်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ခိုင်မာအားကောင်းရေးနှင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်း‌ရေးအတွက် နည်းလမ်းများကို လေ့လာဖော်ထုတ်မည့် ကမ္ဘာ့တောင်ဘက်ခြမ်းမီဒီယာနှင့် Think Tank ဖိုရမ် တရုတ်-အာဖရိက မိတ်ဖက်ဆက်ဆံရေးဆွေးနွေးပွဲအား တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့တွင် နိုဝင်ဘာ ၁၃ ရက်က ဖွင့်လှစ်ကျင်းပခဲ့ကြောင်း သိရသည်။ဆင်ဟွာသတင်းဌာန၊ အာဖရိကသမဂ္ဂ (AU) ၊ တောင်အာဖရိက၏ အမှီအခိုကင်းသောမီဒီယာ (Independent Media) နှင့် အခြားသော မိတ်ဖက်အဖွဲ့အစည်းများက နှစ်ရက်ကြာ ပူးတွဲစီစဉ်ကျင်းပခဲ့သည့် ဆွေးနွေးပွဲ၌ တရုတ်နိုင်ငံနှင့် အာဖရိကနိုင်ငံ ၄၁ နိုင်ငံအပြင် အာဖရိကသမဂ္ဂတို့မှ မီဒီယာအဖွဲ့အစည်း၊ Think Tank အဖွဲ့၊ အစိုးရအဖွဲ့အစည်းနှင့် အခြားအဖွဲ့အစည်း ၁၆၀ ကျော်မှ ကိုယ်စားလှယ် ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

ထိုဆွေးနွေးပွဲ၌ မီဒီယာနှင့် Think Tank အဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်မှုက ပိုမိုတရားမျှတ၍ အားလုံးပါဝင်နိုင်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်တစ်ရပ်ကို ပုံဖော်ရာတွင် မည်သို့မည်ပုံဆောင်ရွက်မည်နည်းနှင့်စပ်လျဉ်း၍ “ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲခြင်း၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုအတွက် အခန်းကဏ္ဍသစ်နှင့် မျှော်မှန်းချက်သစ်များ” ဟူသော ခေါင်းစဉ်ဖြင့် အဓိက ဦးတည်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ “နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ လက်ကိုင်ပြုကျင့်သုံးခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲခြင်းနှင့် အဆင့်မြှင့်တင်ခြင်း” ဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဆင့်မြင့်အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်နေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ရလဒ်များ ပိုမိုပီပြင်ခိုင်မာစေခြင်း
ရာစုနှစ်တစ်ခုအတွင်း မကြုံဖူးသေးသည့် သိမ်မွေ့နက်နဲသော အပြောင်းအလဲများ ဖြစ်ပေါ်နေခိုက် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ သက်ဝင်နိုးကြားလာခြင်းနှင့် ယင်းနိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာခြင်းတို့က တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုကို ဗဟိုပြုသော နိုင်ငံတကာ အခင်းအကျင်းအတွက် မရှိမဖြစ်အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။

၂၀၁၅ ၊ ၂၀၁၈ နှင့် ၂၀၂၁ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (FOCAC) တို့တွင် တရုတ်နိုင်ငံက ပူးပေါင်းဆောင်ရွက်ရေး စီမံချက် ၁၀ ရပ်၊ အရေးကြီးအဆိုပြုချက် ၈ ရပ်နှင့် အစီအစဉ်ကြီး ၉ ခုတို့ကို အကောင်အထည်ဖော်ကြောင်း ဆက်တိုက်ကြေညာခဲ့ကာ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး အနာဂတ်စီမံချက်ကို ရေးဆွဲချမှတ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနား၌ အရေးကြီးမိန့်ခွန်း ပြောကြားရာတွင် ဆင်ဟွာသတင်းဌာန အယ်ဒီတာချုပ် လွီယန်ဆုန်းက “ခရီးမြန်မြန်ရောက်ချင်ရင် တစ်ယောက်တည်းသွားပါ။ ခရီးဝေးသွားချင်ရင်တော့ အတူတူခရီးဆက်ပါ” ဟူသော အာဖရိက ဆိုရိုးစကားတစ်ခုကို ကိုးကားပြောဆိုလျက် ယခုဆွေးနွေးပွဲအား အခွင့်အလမ်းတစ်ခုအဖြစ် အသုံးချကာ တူညီဆန္ဒများကို စုစည်းပုံဖော်ခြင်း၊ ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေခြင်း၊ ပိုမိုကောင်းမွန်သော အနာဂတ်အား အတူတကွ ဖန်တီးခြင်းတို့ကို လုပ်ဆောင်သွားရန် မီဒီယာနှင့် Think Tank အဖွဲ့အစည်းများအား တိုက်တွန်းပြောကြားခဲ့သည်။

ထိုအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် တောင်အာဖရိကနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝူဖုန်က တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ မိတ်ဖက်ဆက်ဆံရေး၊ လက်တွေ့ကျမှုနှင့် အလားအလာများ ဟူသော အဓိက စကားသုံးခွန်းကို မျှဝေပေးခဲ့သည်။

“တရုတ်နိုင်ငံအနေနဲ့ FOCAC ပေကျင်း ထိပ်သီးအစည်းအဝေး ရလဒ်တွေကို အကောင်အထည်ဖော်ဖို့၊ နယ်ပယ်အသီးသီးမှာ အပြန်အလှန်အကျိုးဖြစ်ထွန်းစေတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တစ်ဆင့်တိုးမြှင့်တင်ဖို့၊ တရုတ်နိုင်ငံနဲ့ အာဖရိကဒေသရဲ့ ဘုံခေတ်မီအသွင်ပြောင်းမှုကို အရှိန်အဟုန်မြှင့်တင်ဖို့အတွက် အာဖရိကနိုင်ငံတွေနဲ့ အတူတကွကြိုးပမ်းသွားဖို့ အသင့်ရှိပါတယ်” ဟု ဝူက ပြောသည်။

အာဖရိကသမဂ္ဂ (AU) ၏ ပြန်ကြားရေးနှင့် ဆက်ဆံရေးဆိုင်ရာ ဒါရိုက်တာဖြစ်သူ လက်စ်လီ ရစ်ချာကလည်း အာဖရိက-တရုတ် ဆက်ဆံရေးမှာ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း တစ်စိတ်တစ်ဝမ်းတည်းရှိမှု၊ အပြန်အလှန်လေးစားမှု၊ ဖွံ့ဖြိုးတိုးတက်မှု ဘုံရည်မှန်းချက်များနှင့်အတူ အဆင့်ဆင့် တိုးတက်ဖွံ့ဖြိုးလာခဲ့ကြောင်း၊ အာဖရိကအနေဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်း၏ အသံများကို ပိုမိုပီပြင်ခိုင်မာစွာ ထင်ဟပ်ကြားသိနိုင်အောင် လုပ်ဆောင်ရေးအတွက် တရုတ်နိုင်ငံနှင့် အခြားသော ကမ္ဘာ့တောင်ဘက်ခြမ်း မိတ်ဖက်နိုင်ငံများနှင့် လက်တွဲဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ တစ်ချိန်တည်းတွင် မီဒီယာအချင်းချင်း၊ Think Tank အဖွဲ့အချင်းချင်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုဟန်ချက်ညီမျှတသော ပုံရိပ်ဖော်ညွှန်းမှုများကို မြှင့်တင်အားပေးသွားမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20251114/60a67455ecc34763a52890a807207415/c.html

#SouthAfrica #GlobalSouthMediaandThinkTankForum #တောင်အာဖရိက #ကမ္ဘာ့တောင်ဘက်ခြမ်းမီဒီယာနှင့်ThinkTankဖိုရမ်
……………………………………………………………………………………………………………….
(English Version)
Xinhua Headlines: Global South media, think tanks pool wisdom to improve global governance
JOHANNESBURG, Nov. 13 (Xinhua) — The Global South Media and Think Tank Forum China-Africa Partnership Conference opened here on Thursday to explore ways to strengthen global governance and deepen China-Africa cooperation.
The two-day event, co-hosted by Xinhua News Agency, the African Union (AU) and South Africa’s Independent Media, among other partners, gathered more than 200 representatives from over 160 media outlets, think tanks, government organizations and other institutions from China and 41 African countries, as well as the AU.
It focuses on how collaboration between media and think tanks can contribute to shaping a fairer and more inclusive global governance under the theme “Reforming Global Governance: New Roles and Visions for China-Africa Cooperation.”
STRENGTHENING CHINA-AFRICA SYNERGY
Against the backdrop of profound changes unseen in a century, the awakening of the Global South and its growing cooperation have become an indispensable part of the international landscape, with China-Africa cooperation at the core.
In 2015, 2018 and 2021, China successively announced at the Forum on China-Africa Cooperation (FOCAC) the implementation of the 10 cooperation plans, eight major initiatives and nine programs, drawing a blueprint for China-Africa cooperation.
Quoting an African proverb, “If you want to go fast, go alone; if you want to go far, go together,” Lyu Yansong, editor-in-chief of Xinhua News Agency, called on media and think tanks to take the conference as an opportunity to build consensus, strengthen solidarity and collaboration, and jointly create a better future in his keynote speech at the opening ceremony.
Addressing the event, Chinese Ambassador to South Africa Wu Peng shared three keywords on China-Africa cooperation — partnership, practicality and prospects.
“China is ready to work with African countries to implement the outcomes of the FOCAC Beijing Summit, further expand win-win cooperation across all fields, and speed up the common modernization of China and Africa,” said Wu.
Noting that the relationship between Africa and China has evolved over decades of solidarity, mutual respect and shared aspirations for development, Leslie Richer, the AU director of information and communication, said that Africa will work with China and other Global South partners to make its voice heard more strongly, while promoting more balanced narratives through closer media and think tank cooperation.
English Caption
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, chairs the UN Security Council’s high-level meeting on “Practicing multilateralism, reforming and improving global governance” at the UN headquarters in New York on Feb. 18, 2025. (Xinhua/Wu Xiaoling)

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.