Politics, Law & Military
ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုပုံစံအသစ် ပူးတွဲတည်ဆောက်မှုနှင့် စပ်လျဉ်းသော ဆင်ဟွာ၏ သုတေသနအစီရင်ခံစာအား ဂျိုဟန်နက်စ်ဘာ့ခ်မြို့၌ ထုတ်ပြန်
ဂျိုဟန်နက်စ်ဘာ့ခ်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)
“ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုပုံစံအသစ် ပူးတွဲတည်ဆောက်ခြင်း – ပိုမိုတရားမျှတ၍ ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ဆီသို့ အတူတကွလျှောက်လှမ်းလှုပ်ရှားမှု” ဟု အမည်ပေးထားသော အစီရင်ခံစာကို တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့၌ ကျင်းပသည့် ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် Think Tank ဖိုရမ် တရုတ်-အာဖရိကမိတ်ဖက်ဆက်ဆံရေး ကွန်ဖရင့်တွင် ဆင်ဟွာသတင်းအေဂျင်စီလက်အောက်ရှိ Think Tank အဖွဲ့တစ်ခုဖြစ်သော ဆင်ဟွာအင်စတီကျုက နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် “ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုပုံစံအသစ်” အား အရေးတကြီး လိုအပ်လျက်ရှိကြောင်း၊ ထိုပုံစံသည် နိုင်ငံတစ်နိုင်ငံ၊ အုပ်စုတစ်အုပ်စု သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုမှ အရင်းခံခြင်းမဟုတ်ဘဲ နိုင်ငံစုံပုံစံ ဦးဆောင်မှုတစ်မျိုးဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းက ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို တက်တက်ကြွကြွ တုံ့ပြန်ရန်အတွက် ရရှိထားသော “ပူးပေါင်းအင်အား” ဖြစ်ကြောင်း အစီရင်ခံစာက ဆိုထားသည်။
လက်ရှိကမ္ဘာကြီးသည် “ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှု လိုအပ်ချက်” အကျပ်အတည်းနှင့် ရင်ဆိုင်နေရရာ ငြိမ်းချမ်းရေးကျဆုံးမှု၊ ဖွံ့ဖြိုးတိုးတက်ရေး ဟန်ချက်မညီမှု၊ လူမှုယဉ်ကျေးမှုများအကြား ကွဲလွဲမှုများကို ထင်ဟပ်နေသည်ဟု အစီရင်ခံစာအရ သိရသည်။
အဆိုပါလိုအပ်ချက်အား ကျော်လွှားနိုင်ရန်အလို့ငှာ “ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုပုံစံအသစ်” အား အတူတကွတည်ဆောက်ခြင်း၏ အခြေခံမဟာဗျူဟာမှာ အတူယှဉ်တွဲနေထိုင်မှု လော့ဂျစ်ဖြင့် ဗိုလ်ကျစိုးမိုးမှုလော့ဂျစ်အား ကျော်လွှားခြင်းပင်ဖြစ်ကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။
အဆိုပါ “ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှု ပုံစံအသစ်” အား အတူတည်ဆောက်ရန် အဓိကလှုပ်ရှားမှုလမ်းကြောင်း လေးသွယ်ကို အစီရင်ခံစာက ဖော်ပြထားသည်။ ယင်းတို့မှာ လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုံတန်ဖိုးအား တန်ဖိုးလမ်းညွှန်အဖြစ် ထားရှိခြင်း၊ တရုတ်နိုင်ငံမှ အဆိုပြုထားသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်အား စနစ်ကျသော အစီအစဉ်အဖြစ် ထားရှိခြင်း၊ တန်းတူညီမျှ၍ စည်းစနစ်ကျသော ဗဟုဝင်ရိုးကမ္ဘာနှင့် အားလုံးပါဝင်နိုင်သော စီးပွားရေး ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှု တွန်းအားပေးခြင်းအား အသွင်ကူးပြောင်းမှု ဦးတည်ချက်အဖြစ် ထားရှိခြင်း၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအား အနာဂတ်ရည်မှန်းချက်အဖြစ် ထားရှိခြင်းတို့ ဖြစ်သည်။
အဆိုပါအစီရင်ခံစာကို ဆင်ဟွာသတင်းဌာန စာတည်းမှူးချုပ် လွီယန်ဆုန်းက ဖိုရမ်၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအား မြှင့်တင်ခြင်းနှင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေခြင်းတို့အား အဓိကထားဆွေးနွေးသည့် အဆိုပါဖိုရမ်ကို နိုဝင်ဘာ ၁၄ ရက်အထိ နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် အာဖရိကမသဂ္ဂအပါအဝင် အာဖရိကနိုင်ငံ ၄၁ နိုင်ငံမှ မီဒီယာ၊ Think Tank ၊ အစိုးရအဖွဲ့အစည်းနှင့် အခြားအဖွဲ့အစည်းမှ ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော်သည် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့ စုစည်း၍ “ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲခြင်း – တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု၏ ကဏ္ဍအသစ်နှင့် ရည်မှန်းချက်အသစ်” အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)
———————————–
(Chinese Version)
Xinhua research report on jointly building global leadership released in Johannesburg
JOHANNESBURG, Nov. 13 (Xinhua) — The Xinhua Institute, a think tank affiliated with Xinhua News Agency, on Thursday released a report titled “Jointly Building a New Model of Global Leadership — Work Together in Pursuit of a More Just and Rational Global Governance System” at the Global South Media and Think Tank Forum China-Africa Partnership Conference.
The international community urgently needs a “new model of global leadership,” one that does not emanate from any single country, bloc or international organization, but rather represents a multilateral form of leadership — a synergy forged by the international community in active response to global challenges, the report said.
According to the report, the world today faces a global leadership deficit, reflected in the failure of peace, imbalance in development and discord among civilizations.
To overcome this deficit, the fundamental strategy for jointly building this “new global leadership” lies in transcending the logic of hegemony through the logic of symbiosis, it noted.
The report outlines four key pathways towards building such leadership: taking shared human values as the compass, the Four Global Initiatives proposed by China as the systemic blueprint, the promotion of an equal and orderly multipolar world and inclusive economic globalization as the direction of transformation, and the building of a community with a shared future for humanity as the future vision.
The report was released by Lyu Yansong, editor-in-chief of Xinhua News Agency, at the forum. The two-day event, running through Friday, focuses on strengthening global governance and deepening China-Africa cooperation.
More than 200 representatives from over 160 media outlets, think tanks, government organizations and other institutions from China and 41 African countries, as well as the African Union, have gathered in Johannesburg, South Africa, to engage in discussions under the theme “Reforming Global Governance: New Roles and Visions for China-Africa Cooperation.” Enditem
English Caption – This photo taken on Nov. 13, 2025 shows a report titled “Jointly Building a New Model of Global Leadership — Work Together in Pursuit of a More Just and Rational Global Governance System” at the Global South Media and Think Tank Forum China-Africa Partnership Conference in Johannesburg, South Africa. The Xinhua Institute, a think tank affiliated with Xinhua News Agency, released the report here on Thursday. (Xinhua/Han Xu)
