Politics, Law & Military
ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှု ပုံစံသစ် တည်ဆောက်ရန် ဆင်ဟွာသုတေသနအစီရင်ခံစာ တိုက်တွန်း
ဂျိုဟန်နက်စ်ဘာ့ခ်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)
နိုင်ငံတကာအသိုင်းအဝိုင်းက ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှု ပုံစံသစ် တစ်ရပ်ကို အရေးတကြီး လိုအပ်နေကြောင်း နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်သည့် ဆင်ဟွာ Think Tank အစီရင်ခံစာတွင် ဖော်ပြထားသည်။အနာဂတ်နှစ်ပေါင်းများစွာမှ ယခုကိုပြန်လည်ကြည့်ရှုမည်ဆိုလျှင် ၂၀၂၅ ခုနှစ်သည် လူ့သမိုင်းကြောင်း နှင့် နိုင်ငံတကာစည်းစနစ် ပြောင်းလဲတိုးတက်မှုဖြစ်စဉ်အတွင်း မှတ်ကျောက်တိုင်နှစ်အဖြစ် ရပ်တည်လိမ့်မည်ဟု ဆင်ဟွာသတင်းအေဂျင်စီ လက်အောက်ရှိ Think Tank အဖွဲ့တစ်ခုဖြစ်သော ဆင်ဟွာအင်စတီကျု မှ “ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုပုံစံအသစ် ပူးတွဲတည်ဆောက်ခြင်း – ပိုမိုတရားမျှတ၍ ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ဆီသို့ အတူတကွလျှောက်လှမ်းလှုပ်ရှားမှု” ခေါင်းစဉ်ဖြင့် ထုတ်ပြန်သော အဆိုပါအစီရင်ခံစာတွင် ထောက်ပြခဲ့သည်။
ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်နှင့် ကုလသမဂ္ဂ ထူထောင်ခြင်း ၈၀ ပြည့်နှစ် ဟူသော ဤ နှစ် ၈၀ ပြည့်နှစ်ပတ်လည် နှစ်ခုက ကမ္ဘာ့ငြိမ်းချမ်းရေးသည် ခဲရာခဲဆစ် ရယူခဲ့ခြင်းဖြစ်ပြီး လူသားမျိုးနွယ် စည်းလုံးညီညွတ်မှုမှာ တန်ဖိုးမဖြတ်နိုင်သည်ကို မိမိတို့အား သတိပေးနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ကမ္ဘာကြီးသည် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှု လိုအပ်ချက် အကျပ်အတည်းထဲတွင် ကျရောက်နေပြီး ၎င်းကို ငြိမ်းချမ်းရေး ကျရှုံးမှု၊ ဖွံ့ဖြိုးတိုးတက်ရေး ဟန်ချက်မညီမှုနှင့် လူမှုယဉ်ကျေးမှုများအကြား ကွဲလွဲမှုတို့ဖြင့် ထင်ဟပ်နေသည်ဟု အစီရင်ခံစာက ဆိုသည်။
အဆိုပါ အစီရင်ခံစာသည် ခေတ်သစ် နိုင်ငံတကာစည်းစနစ် ဆင့်ကဲပြောင်းလဲမှုရှုထောင့်မှ “ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှု” ဖြစ်ပေါ်လာမှုကို ဆန်းစစ်လျက် စီးပွားရေးပညာရပ် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုနယ်ပယ်မှ မူလထွက်ပေါ်လာသော ဤအယူအဆကို နိုင်ငံရေးသိပ္ပံရှုထောင့်မှ အဓိပ္ပာယ်အသစ် ဖြည့်ဆည်းရန် ကြိုးစားထားသည်။
ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးတွင် လမ်းညွှန်မှုအင်အား အဖြစ်လည်းကောင်း၊ နိုင်ငံကြီးများ ညှိနှိုင်းဆောင်ရွက်မှုနှင့် ပိုမိုကျယ်ပြန့်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ (multilateralism) တို့အား ကောင်းမွန်စွာပေါင်းစပ်မှု အဖြစ်လည်းကောင်း ဆောင်ရွက်ကြောင်း၊ ၎င်းသည် လုံခြုံရေး စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှုနှင့် ကုန်သွယ်ရေး စီမံခန့်ခွဲမှု ဟူသော အဓိက ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားကြီး သုံးရပ် အပေါ် အခြေခံထားကြောင်း၊ ထို့ပြင် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုတွင် ဦးဆောင်မှု၊ အများပြည်သူဆိုင်ရာ ထုတ်ကုန်ပစ္စည်း ပံ့ပိုးနိုင်စွမ်း၊ အဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်းများ ရေးဆွဲနိုင်စွမ်းနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ဆွဲဆောင်နိုင်စွမ်း ဟူသော အဓိကအကြောင်းအရပ်လေးရပ် ပါဝင်နေကြောင်း အစီရင်ခံစာအရ သိရသည်။ (Xinhua)
…………………………
(English Version)
Xinhua research report calls for new model of global leadership
JOHANNESBURG, Nov. 13 (Xinhua) — The international community is in urgent need of a new model of global leadership, said a Xinhua think tank report released on Thursday.
Looking back years from now, 2025 will stand as a landmark year in the course of human history and the evolution of the international order, said the report titled “Jointly Building a New Model of Global Leadership — Work Together in Pursuit of a More Just and Rational Global Governance System,” released by Xinhua Institute, a think tank affiliated with Xinhua News Agency.
The 80th anniversary of the victory in the World Anti-Fascist War and the 80th anniversary of the founding of the United Nations — these two 80th anniversaries remind us that world peace is hard-won and human solidarity is invaluable, said the report.
Currently, the world is mired in a global leadership deficit, manifested in the failure of peace, imbalance in development and discord among civilizations, said the report.
The report examines the formation of “global leadership” from the perspective of the evolution of the modern international order, attempting to imbue this concept — originally from the field of human resource management in economics — with a new meaning from the perspective of political science.
Global leadership serves as the guiding force in global governance and an organic synthesis of major-country coordination and broader multilateralism. It rests upon three major multilateral cooperation mechanisms in security governance, financial governance and trade governance, and encompasses four core elements: leadership in multilateral cooperation, public goods provision capacity, institutional rule-shaping power, and moral appeal, according to the report. Enditem
English Caption – This photo taken on Nov. 13, 2025 shows a report titled “Jointly Building a New Model of Global Leadership — Work Together in Pursuit of a More Just and Rational Global Governance System” at the Global South Media and Think Tank Forum China-Africa Partnership Conference in Johannesburg, South Africa. The Xinhua Institute, a think tank affiliated with Xinhua News Agency, released the report here on Thursday. (Xinhua/Han Xu)
