Politics, Law & Military
ကမ္ဘာလုံးဆိုင်ရာဦးဆောင်မှုတွင် အက်ကွဲကြောင်းများ ပိုမိုနက်ရှိုင်းလာခြင်းနှင့် ရင်ဆိုင်နေရကြောင်း ဆင်ဟွာသုတေသနအစီရင်ခံစာ သတိပေး
ဂျိုဟန်နက်စ်ဘာ့ခ်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)
တိုးများလာသော အကျပ်အတည်းများနှင့် ကမ္ဘာလုံးဆိုင်ရာ မငြိမ်မသက်မှုများကို အဓိကနိုင်ငံများက ထိထိရောက်ရောက် တုံ့ပြန်နိုင်ခြင်းမရှိသောကြောင့် ကမ္ဘာကြီးသည် ဆယ်စုနှစ်များစွာအတွင်း ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှု၏ မှောင်မိုက်သောအချိန်နှင့် ရင်ဆိုင်နေရကြောင်း ဆင်ဟွာ think tank အဖွဲ့၏ နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
နိုင်ငံတကာစည်းစနစ်၏ တည်ငြိမ်မှုသည် ဦးဆောင်အင်အားကြီးနိုင်ငံများ အဖွဲ့အစည်းစနစ်၏ အာဏာနှင့် အကျင့်သိက္ခာရှိသော တရားဝင်မှုပေါ်တွင် မူတည်နေကြောင်း၊ ခေတ်သစ်နိုင်ငံတကာစည်းစနစ်၏ အခြေခံမူများထဲမှ တစ်ခုမှာ အဓိကနိုင်ငံများအား ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ရန် မျှော်မှန်းထားခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနလက်အောက်ရှိ think tank အဖွဲ့တစ်ခုဖြစ်သော ဆင်ဟွာအင်စတီကျုမှ ထုတ်ပြန်ခဲ့သည့် “ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုပုံစံသစ် ပူးတွဲတည်ဆောက်ခြင်း – ပိုမိုတရားမျှတ၍ ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုစနစ်ဆီသို့ အတူတကွလျှောက်လှမ်းလှုပ်ရှားမှု” ခေါင်းစဉ်ဖြင့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
ထိုရည်မှန်းချက်အောင်မြင်ရန်အတွက် အဓိကနိုင်ငံများသည် “အပေးအယူညှိနိုင်းခြင်း အလေ့အထကောင်း” နှင့် “ပေးကမ်းခြင်းစိတ်ဓာတ်” ရှိသင့်ပြီး ဗြိတိသျှနိုင်ငံရေးပညာရှင် Hedley Bull ၏ အဆိုအရ “ကမ္ဘာပေါ်ရှိ အချို့သော တရားမျှတသောပြောင်းလဲမှုများအတွက် တောင်းဆိုချက်များကို ဖြည့်ဆည်းရမည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
သို့သော် ကမ္ဘာကြီးသည် အကျပ်အတည်းများစွာဖြင့် ဝန်းရံနေပြီး တာဝန်ယူမှုရှိသော အဓိကနိုင်ငံများ၏ ဦးဆောင်မှုကို အများဆုံးမျှော်လင့်ထားသည့်အချိန်တွင် ယင်းအစား ပေါ်ထွက်လာသည်မှာ အင်အားကြီးမားသော နိုင်ငံအာဏာပိုင်များက တာဝန်ဝတ္တရားကို တမင်ပျက်ကွက်၍ စံနှုန်းများကို ချိုးဖောက်သည့် မြင်ကွင်းတစ်ခုဖြစ်ကြောင်း အစီအရင်ခံစာ၌ ဖြည့်စွက်ဖော်ပြခဲ့သည်။
ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံတကာစည်းစနစ်ကို တည်ဆောက်ရာတွင် အမေရိကန်နိုင်ငံသည် ကုလသမဂ္ဂစနစ်မှ Bretton Woods အဖွဲ့အစည်းများအထိ ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သို့သော် လူထုကြိုက်ဝါဒ၊ ရှေးရိုးစွဲဝါဒ၊ လူမျိုးရေးခွဲခြားမှုနှင့် အခြားသူအားဖယ်ကြဉ်ရေးဝါဒ စသဖြင့် ဝါဒအမျိုးမျိုး ရိုက်ခတ်မှုအောက်တွင် အမေရိကန်နိုင်ငံက ယခုအခါ “၎င်းကိုယ်တိုင် ဖန်တီးခဲ့သော ကမ္ဘာကို စွန့်လွှတ်” ပြီး ဖျက်ဆီးရေးအင်အားစုများကို ဆက်လက်ထုတ်လွှတ်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
“အမေရိက ဦးစားပေး” နှင့် MAGA လှုပ်ရှားမှု၏ မြင့်တက်လာမှုမှာ အမေရိကန်နိုင်ငံကိုယ်တိုင်၌ပင် နက်ရှိုင်းစွာတည်ရှိနေသည့် နိုင်ငံရေးနှင့် စီးပွားရေးပဋိပက္ခများတွင် အခြေခံနေကြောင်း အစီရင်ခံစာတွင် မှတ်ချက်ပြုခဲ့သည်။
နိုင်ငံရေး-စီးပွားရေးရှုထောင့်မှကြည့်လျှင် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှု၏ လိုအပ်လစ်ဟာမှုမှာ ခေတ်ပြိုင်ကမ္ဘာ၏ နှစ်ထပ်တင်းမာမှုအလွှာနှစ်လွှာကို ထိတွေ့မှု၏ ရလဒ်တစ်ခုဖြစ်သည်။ ယင်းအလွှာနှစ်လွှာတွင် တစ်ခုမှာ ခေတ်ပြိုင်အကျပ်အတည်းများ၏ မြင့်တက်လာမှုနှင့် စီမံခန့်ခွဲမှုမှုစွမ်းရည် လျော့နည်းလာမှုအကြား တင်းမာမှုဖြစ်ပြီး နောက်တစ်ခုမှာမူ ကမ္ဘာ့စီးပွားရေးအခြေခံနှင့် ၎င်း၏ အပေါ်လွှာအဆောက်အအုံကြား တင်းမာမှုဖြစ်သည်ဟု အဆိုပါအစီရင်ခံစာ၌ ဖြည့်စွက်ဖော်ပြခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Xinhua research report warns of deepening cracks in global leadership
JOHANNESBURG, Nov. 13 (Xinhua) — The world is facing a dark hour of global leadership in decades, as major countries fail to respond effectively to mounting crises and global disorder, said a Xinhua think tank report released on Thursday.
The stability of the international order depends on the institutional authority and moral legitimacy of leading powers. One of the fundamental principles governing the modern international order is that major countries are expected to play a leading role, said the report titled “Jointly Building a New Model of Global Leadership — Work Together in Pursuit of a More Just and Rational Global Governance System,” released by Xinhua Institute, a think tank affiliated with Xinhua News Agency.
To this end, major countries should possess “the virtue of compromise” and “the spirit of giving” and, as the British political scholar Hedley Bull put it, must “meet the demands for certain just changes in the world,” said the report.
Yet, at a time when the world is beset by multiple crises and responsible major country leadership is most expected, what has emerged instead is a spectacle of great power dereliction of duty and violation of norms, it added.
From the UN system to the Bretton Woods institutions, the United States played a leading role in constructing the post-WWII international order. However, amid the surge of various “-isms” — populism, conservatism, racism and exclusivism — the United States is now “abandoning the very world it created” and continuing to unleash destructive forces, said the report.
The surge of “America First” and the MAGA movement is rooted in the deep-seated political and economic contradictions in the United States itself, the report noted.
From a politico-economic perspective, the global leadership deficit is a product of the contemporary world’s exposure to two layers of dual tension: One is the tension between the surge of contemporary crises and the shrinking capacity for governance; the other is the tension between the world’s economic base and its superstructure, it added. ■
English Caption
This photo taken on Nov. 13, 2025 shows a report titled “Jointly Building a New Model of Global Leadership — Work Together in Pursuit of a More Just and Rational Global Governance System” at the Global South Media and Think Tank Forum China-Africa Partnership Conference in Johannesburg, South Africa. (Xinhua/Han Xu)
