Politics, Law & Military
တရုတ်ပြည်မကြီး၏ ထိုင်ဝမ်ရေးရာ ထိပ်တန်းအရာရှိက ကူမင်တန်ပါတီ ဒုတိယဥက္ကဋ္ဌအား လက်ခံ တွေ့ဆုံ
ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်ပြည်မကြီး၏ ထိုင်ဝမ်ရေးရာ ထိပ်တန်းအရာရှိ စုန့်ထောင်းသည် တရုတ် ကူမင်တန်ပါတီ (KMT) ဒုတိယဥက္ကဋ္ဌ ကျန်းရုန်ကုန်းနှင့် ၎င်း၏ကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာ ၁၄ ရက်က ရှန်ဟိုင်းမြို့ တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ ထိုင်ဝမ်လုပ်ငန်းရုံးနှင့် တရုတ်နိုင်ငံတော်ကောင်စီ၏ ထိုင်ဝမ်ရေးရာရုံး နှစ်ခုစလုံး၏ အကြီးအကဲဖြစ်သူ စုန့် က ၁၉၉၂ ခုနှစ် သဘောတူညီချက်နှင့် ထိုင်ဝမ်ခွဲထွက်ရေးအပေါ် ဆန့်ကျင်မှုတို့ကိုထိန်းသိမ်းထားသည့် ဘုံနိုင်ငံရေးအခြေခံအုတ်မြစ်ပေါ်တွင် ခွဲထွက်ရေးသမားများ၏ လှုပ်ရှားမှုများကို ဆန့်ကျင်ရန်၊ ထိုင်ဝမ်နှင့် ဆက်စပ်ပတ်သက်နေသော အရေးအရာများတွင် ဝင်ရောက်စွက်ဖက်မည့် ဂျပန် သို့မဟုတ် အခြားသော ပြင်ပအင်အားစုများ၏ မည်သည့်အားထုတ်မှုကိုမဆို ဖျက်ဆီးချေမှုန်းရန်တို့တွင် KMT ပါတီနှင့် လက်တွဲအလုပ်လုပ်ရန် တရုတ် ပြည်မကြီးက အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
ရေလက်ကြား နှစ်ဖက်ဒေသ ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းသာယာ၀ပြောသောဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန်နှင့် အမျိုးသားပြန်လည်ပေါင်းစည်းရေးနှင့် အားသစ်လောင်းမှုတို့အတွက် ကြိုးပမ်းရန်လည်း စုန့် က တိုက်တွန်းတောင်းဆိုခဲ့သည်။
KMT ပါတီ ဒုတိယဥက္ကဋ္ဌ ကျန်းကလည်း ရေလက်ကြားနှစ်ဖက်စလုံးတွင်နေထိုင်ကြသော ပြည်သူအားလုံးမှာ တရုတ်လူမျိုးများဖြစ်ကြပြီး တူညီသည့် သွေးသား၊ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းများရှိကြရာ ရေလက်ကြားနှစ်ဖက်ဒေသ အရေးအရာများကို နှစ်ဖက်စလုံးမှ ပြည်သူလူထုကသာ အဆုံးအဖြတ်ပေးသင့်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
CPC နှင့် KMT ပါတီများအကြား ၁၉၉၂ ခုနှစ် သဘောတူညီချက်နှင့် ထိုင်ဝမ်ခွဲထွက်မှုအပေါ် ဆန့်ကျင်မှုတို့ကို ထိန်းသိမ်းထားသည့် ဘုံနိုင်ငံရေးအခြေခံအုတ်မြစ်ပေါ်တွင် ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းစေရန်နှင့် ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းတည်ငြိမ်မှုတို့ကို ကာကွယ်စောင့်ရှောက်ရန် ဆက်လက်ပူးပေါင်းသွားမည့် ၎င်း၏မျှော်လင့်ချက်ကိုလည်း ကျန်းက ထုတ်ဖော်ပြောကြားခဲ့သည်။ (Xinhua)
————————————-
(English Version)
Mainland’s top Taiwan affairs official meets KMT vice chairman
SHANGHAI, Nov. 14 (Xinhua)
Song Tao, Chinese mainland’s top Taiwan affairs official, met with Chang Jung-kung, vice chairman of the Chinese Kuomintang (KMT) party, and his delegation in Shanghai on Friday.
Song, head of both the Taiwan Work Office of the Communist Party of China (CPC) Central Committee and the Taiwan Affairs Office of the State Council, said at the meeting that based on the common political foundation of upholding the 1992 Consensus and opposing “Taiwan independence,” the mainland is ready to work with the KMT to oppose secessionist activities and crush any attempts by Japan or other external forces to interfere in affairs related to Taiwan.
He called for efforts to strengthen cross-Strait exchanges and cooperation, advance peaceful development across the Taiwan Strait, and strive for national reunification and rejuvenation.
Chang said people on both sides of the Strait are all Chinese, sharing the same bloodline, culture and history, and cross-Strait affairs should be decided by people on both sides.
He expressed hope that the CPC and KMT would continue to build on the common political foundation of upholding the 1992 Consensus and opposing “Taiwan independence,” deepen exchanges and cooperation, and safeguard peace and stability across the Strait. ■
Photo:
Song Tao, head of both the Taiwan Work Office of the Communist Party of China Central Committee and the Taiwan Affairs Office of the State Council, meets with Ma Ying-jeou, former chairman of the Chinese Kuomintang party, in Ningde, southeast China’s Fujian Province, June 17, 2025. (Xinhua/Chen Yehua)
