Politics, Law & Military
တရုတ်နိုင်ငံတွင် ဆွန်ယက်ဆင် နှစ် ၁၆၀ ပြည့် မွေးနေ့အမှတ်တရပွဲ ကျင်းပမည်
ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့က ကြီးမြတ်သောအမျိုးသားခေါင်းဆောင်ဖြစ်သူ တရုတ်နိုင်ငံ ဒီမိုကရက်တစ်တော်လှန်ရေး၏ရှေ့ဆောင်လမ်းဖောက်သူ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဆွန်ယက်ဆင်၏ နှစ် ၁၆၀ ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲကျင်းပရန် အတည်ပြုခဲ့ကြသည်။အဆိုပါဆုံးဖြတ်ချက်ကို နိုဝင်ဘာ ၁ ရက်တွင် ကျင်းပခဲ့သော တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ၏ အမြဲတမ်းကော်မတီ ၁၄ ကြိမ်မြောက်အစည်းအဝေး၌ ချမှတ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၂ ရက်သည် ဆွန်ယက်ဆင်၏ နှစ် ၁၆၀ ပြည့် မွေးနေ့ဖြစ်ပြီး ယင်းအခါသမယ ကြီးကျယ်ခမ်းနားသောအထိမ်းအမှတ်ပွဲဖြင့် ကျင်းပမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်အရသိရသည်။
နိုင်ငံတော်၏လွတ်လပ်ရေး၊ လူမှုရေးတိုးတက်မှုများနှင့် ပြည်သူများ၏ကောင်းကျိုးချမ်းသာအတွက် ဆွန်၏ ထာဝရရှင်သန်နေသော အကျိုးထမ်းဆောင်မှုများ အမှတ်တရဖြစ်စေရန်၊ ပြည်တွင်း၊ ပြည်ပရှိ တရုတ်နိုင်ငံ၏ သားသမီးများအားလုံး မဟာညီညွတ်မှုအင်အား တောင့်တင်းခိုင်မာစေရန် ယခုလိုကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ဆက်ဆံရေးငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသားပေါင်းစည်းရေး မဟာလုပ်ငန်းစဥ် အဆင့်မြှင့်တင်ရန်၊ အင်အားတောင့်တင်းသောနိုင်ငံတော် တည်ဆောက်ရေးအတွက် တရုတ်တစ်နိုင်ငံလုံး၏ ခွန်အားများစုစည်းရန်နှင့် တရုတ်နိုင်ငံခေတ်မီအသွင်ပြောင်းမှုမှတစ်ဆင့် အမျိုးသားအားသစ်လောင်းခြင်း အကောင်အထည်ဖော်ရန်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
————————-
(English Version)
China to hold commemorative events marking 160th birth anniversary of Sun Yat-sen
BEIJING, Nov. 1 (Xinhua) — China’s top political advisory body has adopted a decision to commemorate the 160th anniversary of the birth of Sun Yat-sen, a great national hero, a great patriot, and a great forerunner of China’s democratic revolution.
The decision was made at the 14th session of the Standing Committee of the National Committee of the Chinese People’s Political Consultative Conference on Saturday.
Nov. 12, 2026 marks the 160th anniversary of the birth of Sun Yat-sen, and a grand commemoration will be held on the occasion, according to the decision.
This is to commemorate Sun’s immortal contributions to national independence, social progress and the people’s well-being, and to consolidate and strengthen the great unity of all Chinese sons and daughters at home and abroad.
It also seeks to advance the peaceful development of relations across the Taiwan Strait and the great cause of national reunification, and to rally the strength of the entire Chinese nation for building a strong country and realizing national rejuvenation through Chinese modernization, according to the decision.
Photo : Charles Wong, Sun Yat-sen’s great-grandson, pays tribute to his ancestor at the Dr. Sun Yat-sen Memorial Hall in Taipei, southeast China’s Taiwan, March 12, 2025. (Xinhua/Liu Fei)
