Politics, Law & Military
တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ယူအေအီးနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေးပွဲဆိုင်ရာ ပူးတွဲသတင်းထုတ်ပြန်ချက် ထုတ်ပြန်
အဘူဒါဘီ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ရှိတ် အဗ္ဗဒူလာ ဘင် ဇေယတ် အယ်လ်-နာယန်၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ယူအေအီးနိုင်ငံသို့ ဒီဇင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိ ခရီးစဉ်သွားရောက်ခဲ့သည်။
ဝမ်နှင့် ရှိတ် အဗ္ဗဒူလာတို့သည် နှစ်နိုင်ငံနှင့် ပြည်သူများအပြင် ဘုံဂရုပြုသော ကိစ္စရပ်များဆိုင်ရာ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး အလုံးစုံ တိုးတက်မှုအပေါ် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးဖလှယ်ခဲ့ကြသည်။
ထို့ပြင် တရုတ်-ယူအေအီး ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးမှာ နယ်ပယ်စုံ၌ အပြုသဘောဆောင်တိုးတက်မှုရှိပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုအတွက် နှစ်နိုင်ငံ ခေါင်းဆောင်များနှင့် ပြည်သူများ၏ ဘုံမျှော်မှန်းချက်နှင့်လည်း ကိုက်ညီကြောင်း နှစ်ဘက်လုံးက ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် မေလက ယူအေအီးနိုင်ငံ သမ္မတ ရှိတ် မိုဟာမက် ဘင် ဇေယတ် အယ်လ်-နာယန် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ကာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တွေ့ဆုံခဲ့က ရရှိခဲ့သော အရေးကြီးသဘောတူညီချက် အကောင်အထည်ဖော်ရန်၊ နယ်ပယ်အသီးသီး၌ နှစ်နိုင်ငံဆက်ဆံရေး၊ နှစ်နိုင်ငံနှင့် နိုင်ငံစုံအဆင့်ကို မြင့်မားသောအဆင့်သို့ တိုးမြှင့်ရေး အတူတကွလုပ်ဆောင်ရန်လည်း ၎င်းတို့က သဘောတူခဲ့ကြသည်။
နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်မှုနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ယူအေအီးနိုင်ငံအား အခိုင်အမာထောက်ခံကြောင်း တရုတ်နိုင်ငံအနေဖြင့် ထုတ်ဖော်ပြောကြားခဲ့သည်။ ယူအေအီးနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လိုက်နာစောင့်ထိန်းကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ နယ်မြေပိုင်နက်၏ ခွဲထုတ်၍မရသော အစိတ်အပိုင်းဖြစ်ကြောင်းလည်း အလေးအနက် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံပြန်လည်ပေါင်းစည်းရာတွင် တရုတ်အစိုးရကို အခိုင်အမာ ထောက်ခံသလို တရုတ်နိုင်ငံ၏ ပြည်တွင်းရေးရာများကို ပြင်ပကြားဝင်စွက်ဖက်မှုအပေါ် ၎င်း၏ ဆန့်ကျင်ကန့်ကွက်မှုကိုလည်း ယူအေအီးနိုင်ငံဘက်က ပြောခဲ့သည်။
Greater Tunb ၊ Lesser Tunb နှင့် Abu Musa စသည့် ကျွန်းသုံးကျွန်းအရေးနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် အခြားနိုင်ငံတကာဥပဒေနှင့်အညီ နှစ်ဘက်ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် ယူအေအီးနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း တရုတ်နိုင်ငံဘက်က အားပေးထောက်ခံကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံဘက်ကလည်း နယ်ပယ်အသီးသီးရှိ ယူအေအီးနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအောင်မြင်မှုများကို ချီးကျူးပြောကြားခဲ့ပြီး ယူအေအီးနိုင်ငံ၏ “We the UAE 2031″ မျှော်မှန်းချက်နှင့် “လာမည့်နှစ် ၅၀ အတွက် ယူအေအီးနိုင်ငံ၏ ဗျူဟာမြောက်လမ်းညွှန်ချက်များ” (Principles of the 50) ကို ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်နှင့် တစ်ဆင့်တိုးချိန်ညှိရန်နှင့် ပိုမိုမြင့်မားသောအဆင့်များသို့ ဖွံ့ဖြိုးတိုးတက်မှုကို ပူးတွဲမြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ယူအေအီးနိုင်ငံဘက်ကလည်း ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၊ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းအပေါ် ချီးကျူးပြောကြားခဲ့ပြီး ယင်းမှာ နိုင်ငံတကာ အသိုက်အဝန်းအတွင်း တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မှုလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ သမ္မတ ရှီ အဆိုပြုခဲ့သော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ(GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံ (GCI) ၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) တို့ကို ယူအေအီးနိုင်ငံက ချီးကျူးခဲ့သည်။ ထိုအစီအမံလေးခု၏ မူဘောင်များအရ ပူးပေါင်းဆောင်ရွက်မှုတွင် ယူအေအီးနိုင်ငံလည်း ပါဝင်ရန် တရုတ်နိုင်ငံဘက်က ဖိတ်ကြားခဲ့ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20251214/80282381415343c49c03dadadeaac15f/c.html
……………………………………..
(English Version)
Joint press release issued on meeting between Chinese, UAE FMs
ABU DHABI, Dec. 13 (Xinhua) — At the invitation of Deputy Prime Minister and Minister of Foreign Affairs of the United Arab Emirates (UAE) Sheikh Abdullah bin Zayed Al Nahyan, Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China (CPC) Central Committee, paid a visit to the UAE from Dec. 12 to 13.
Wang and Sheikh Abdullah had in-depth exchanges on the overall development of friendly relations between the two countries and their peoples, as well as on issues of common concern.
Both sides noted that the China-UAE comprehensive strategic partnership has registered positive progress across various fields, meeting the shared expectations of the two countries’ leaders and peoples for development and prosperity.
They agreed to implement the important consensus reached during UAE President Sheikh Mohamed bin Zayed Al Nahyan’s visit to China and meeting with Chinese President Xi Jinping in May 2024, and to work together to elevate bilateral relations across all fields and at both bilateral and multilateral levels to a higher level.
The Chinese side voiced its firm support for the UAE in safeguarding national sovereignty, independence and territorial integrity.
The UAE stressed its firm adherence to the one-China principle, noting that Taiwan is an inalienable part of China’s territory. It also expressed firm support for the Chinese government in achieving national reunification, and voiced its opposition to external interference in China’s internal affairs.
The Chinese side backed the UAE’s efforts to peacefully resolve the issue over the three islands of Greater Tunb, Lesser Tunb, and Abu Musa through bilateral negotiations in accordance with the UN Charter and other international law.
The Chinese side spoke highly of the UAE’s development achievements in various fields, and expressed its willingness to further align the Belt and Road Initiative with the UAE’s “We the UAE 2031” vision and the “Principles of the 50,” so as to jointly promote development to higher levels.
The UAE spoke highly of the successful convening of the fourth plenary session of the 20th Central Committee of the CPC, calling it a boost to China’s high-quality development and mutually beneficial cooperation within the international community.
The UAE commended the Global Development Initiative, the Global Security Initiative, the Global Civilization Initiative and the Global Governance Initiative proposed by President Xi. The Chinese side invited the UAE to participate in cooperation under the frameworks of the four initiatives.
https://english.news.cn/20251214/80282381415343c49c03dadadeaac15f/c.html
Photo: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, holds talks with Deputy Prime Minister and Minister of Foreign Affairs of the United Arab Emirates (UAE) Sheikh Abdullah bin Zayed Al Nahyan, in Abu Dhabi, the UAE, Dec. 12, 2025. (Xinhua/Wen Xinnian)
