Politics, Law & Military
တရုတ်နှင့် ဆိုမာလီ နိုင်ငံခြားရေးဝန်ကြီးများက နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ၆၅ နှစ်မြောက် နှစ်ပတ်လည်ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန်ဖလှယ်
ပေကျင်း၊ ဒီဇင်ဘ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဆိုမာလီနိုင်ငံခြားရေးဝန်ကြီး Abdisalam Abdi Ali (Dhaay) နှင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၆၅ နှစ်မြောက် နှစ်ပတ်လည်ဂုဏ်ပြုသဝဏ်လွှာများကို ဒီဇင်ဘာ ၁၄ ရက်က အပြန်အလှန်ဖလှယ်ခဲ့ကြကြောင်း သိရသည်။တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်း ဖြစ်သူ ဝမ်က မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံနှင့် ဆိုမာလီနိုင်ငံတို့သည် နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု စဉ်ဆက်မပြတ် နက်ရှိုင်းလျက်ရှိကာ သက်ဆိုင်ရာ ဘုံအကျိုးစီးပွားများ၊ အဓိကဂရုပြုကိစ္စရပ်များနှင့်စပ်လျဉ်းသော ကိစ္စရေးရာများ၌ အချင်းချင်း အားပေးထောက်ခံခဲ့ကြကာ နယ်ပယ်စုံ၌ အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှု တည်ငြိမ်လျက်ရှိကြောင်း ဝမ်က သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ဝမ်က ၎င်းအနေဖြင့် ဆိုမာလီနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ပေကျင်းထိပ်သီးအစည်းအဝေးဖိုရမ် ရလဒ်များ အကောင်အထည်ဖော်ရေး၊ တရုတ်-ဆိုမာလီ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စွာမြှင့်တင်ရေးအတွက်လည်း အသင့်ရှိကြောင်း ပြောခဲ့သည်။
ဆိုမာလီနိုင်ငံခြားရေးဝန်ကြီး Abdisalam Abdi Ali (Dhaay) က ၎င်းတို့နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လိုက်နာစောင့်ထိန်းလျက်ရှိကြောင်း၊ နှစ်နိုင်ငံ ပြည်သူများ အကျိုးကျေးဇူးအတွက် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ်မူဘောင်၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းမှုရှိစေရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Chinese, Somali FMs exchange congratulations on 65th anniversary of ties
BEIJING, Dec. 14 (Xinhua) — Chinese Foreign Minister Wang Yi on Sunday exchanged congratulatory messages with Somali Foreign Minister Abdisalam Abdi Ali (Dhaay) on the 65th anniversary of diplomatic ties between the two countries.
In his message, Wang, also a member of the Political Bureau of the Communist Party of China Central Committee, said that in recent years, China and Somalia have continuously deepened political mutual trust, supported each other on issues concerning their respective core interests and major concerns, and steadily advanced cooperation in various fields.
Wang said that he is ready to work with the Somali foreign minister to implement the outcomes of the Forum on China-Africa Cooperation Beijing Summit and promote greater development of China-Somalia relations and cooperation across various fields.
For his part, the Somali foreign minister said that his country firmly adheres to the one-China principle, and stands ready to deepen bilateral cooperation with China within the framework of the Forum on China-Africa Cooperation and the Belt and Road Initiative for the benefit of the two peoples.
Photo: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, meets with Somali Minister of Foreign Affairs and International Cooperation Abdisalan Abdi Ali Dhaay in Changsha, central China’s Hunan Province, June 12, 2025. (Xinhua/Chen Sihan)
