Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဆဋ္ဌမအကြိမ်မြောက် တရုတ်-ရုရှား မီဒီယာဖိုရမ် ကျင်းပ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ဆဋ္ဌမအကြိမ်မြောက် တရုတ်-ရုရှား မီဒီယာဖိုရမ် တက်ရောက်နေသော ဧည့်သည်တော်များကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ကျင်းပသော ဆဋ္ဌမအကြိမ်မြောက် တရုတ်-ရုရှား မီဒီယာဖိုရမ်၌ မီဒီယာပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု အားပေးခြင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။အဆိုပါ ဖိုရမ်ကို တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ ပြန်ကြားရေးဌာနနှင့် ရုရှားသမ္မတအမှုဆောင်ရုံးတို့က ကြီးမှူးကာ တရုတ်နိုင်ငံ၏ ဆင်ဟွာသတင်းဌာနနှင့် ရုရှားနိုင်ငံ၏ TASS သတင်းအေဂျင်စီတို့က စီစဉ်ကျင်းပခြင်းဖြစ်သည်။

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ဆဋ္ဌမအကြိမ်မြောက် တရုတ်-ရုရှား မီဒီယာဖိုရမ် တက်ရောက်နေသော ဧည့်သည်တော်များကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ဆဋ္ဌမအကြိမ်မြောက် တရုတ်-ရုရှား မီဒီယာဖိုရမ် ကျင်းပနေပုံကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖိုရမ်ကို နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့် မီဒီယာကိုယ်စားလှယ် ၁၄၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။ ယင်းဖိုရမ်အတွင်း နှစ်နိုင်ငံက တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံကြား မီဒီယာပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးဆိုင်ရာ သဘောတူစာချုပ် ၁၁ ခု လက်မှတ်ရေးထိုးခဲ့ကြ‌ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
6th China-Russia Media Forum held in Beijing
BEIJING, Dec. 16 (Xinhua) — The sixth China-Russia Media Forum, which was held in Beijing, capital of China, on Tuesday, discussed promoting friendship between and supporting development of the two countries through media cooperation.
The forum was hosted by the Publicity Department of the Communist Party of China (CPC) Central Committee and the Russian Presidential Executive Office, and organized by China’s Xinhua News Agency and Russia’s TASS News Agency.
Approximately 140 officials and media representatives from both countries attended the forum. During the event, the two sides signed 11 documents on deepening media cooperation between China and Russia.
Photo 1, 2: Guests attend the sixth China-Russia Media Forum in Beijing, capital of China, Dec. 16, 2025. (Xinhua/Zhou Tinglu)
Photo 3: This photo taken on Dec. 16, 2025 shows the sixth China-Russia Media Forum held in Beijing, capital of China. (Xinhua/Zhang Chenlin)