Connect with us

Politics, Law & Military

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ဥပဒေပြုကောင်စီ အထွေထွေရွေးကောက်ပွဲကို စီစဉ်ထားသည့်အတိုင်း ဆက်လက်ကျင်းပမည်

တရုတ်နိုင်ငံတောင်ပိုင်း ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် ပြုလုပ်ခဲ့သည့် တတိယအကြိမ်မြောက်ကြားနာမှုအတွင်း HKSAR ၏ဥပဒေပြုကောင်စီ(LegCo) က အမျိုးသားလုံခြုံရေး ဥပဒေကြမ်းကို အငြင်းပွားဖွယ်မရှိ တညီတညွတ်တည်း မဲခွဲအတည်ပြုခဲ့မှုအား ၂၀၂၄ ခုနှစ် မတ် ၁၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

ဒီဇင်ဘာ ၇ ရက်တွင် ပြုလုပ်မည့် ဥပဒေပြုကောင်စီ (LegCo) အထွေထွေရွေးကောက်ပွဲအတွက် မဲပေးခြင်းကို စီစဉ်ထားသည့်အတိုင်း ဆက်လက်ကျင်းပပြုလုပ်သွားမည်ဟု ဒီဇင်ဘာ ၂ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရက ပြောကြားလိုက်သည်။ဒီဇင်ဘာ ၃ ရက်မှ ၄ ရက်အထိ ရွေးကောက်ပွဲဖိုရမ် ၈ ခု ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများက တာ့ဖူခရိုင်တွင်ဖြစ်ပွားခဲ့သော အိမ်ရာမီးလောင်မှုနောက်ပိုင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ အမြင်သဘောထားများဖော်ပြသွားမည် ဖြစ်ကြောင်း သိရသည်။ မီးဘေးကြောင့် တာ့ဖူခရိုင်ရှိ မဲရုံများ၏ အချိန်ကို ပြန်လည်စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

HKSAR အစိုးရအတွင်းဝန်ချုပ် ချန်ကျစ်ယွမ်က ဥပဒေပြုကောင်စီ (LegCo)အား HKSAR အစိုးရ၏ စီမံခန့်ခွဲ မှုစနစ်တွင် အဓိကမိတ်ဖက်တစ်ခုအဖြစ် အလေးအနက်ထားပြောကြားခဲ့သည်။

“စွမ်းဆောင်ရည်ရှိပြီး အလားအလာကောင်းတဲ့ LegCo အဖွဲ့ဝင်တွေကို ရွေးချယ်တင်မြှောက်ရေးဟာ တာ့ဖူခရိုင် မီးလောင်မှုဖြစ်ရပ်နောက်ပိုင်း ပြန်လည်ထူထောင်ရေးလမ်းကြောင်းပေါ်မှာ အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်” ဟု ချန်က ပြောကြားခဲ့သည်။

ထိခိုက်ခံစားခဲ့ရသော ဒေသခံပြည်သူများအတွက် HKSAR အစိုးရ၏ ပံ့ပိုးကူညီမှုနှင့် နောက်ဆက်တွဲ လုပ်ငန်းများမှာ စဉ်ဆက်မပြတ်ဆက်ရှိနေမည်ဟု ချန်ကပြောကြားခဲ့သလို ရွေးကောက်ပွဲကို စီစဉ်ထားသည့် အတိုင်း ကျင်းပပြီးစီးခြင်းမှာလည်း လူမှုဘ၀တည်ငြိမ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ဘေးအန္တရာယ်အလွန် ပြန်လည်တည်ဆောက်ရေးအတွက် ခိုင်မာသောကျောထောက် နောက်ခံပေးခြင်းဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။

အိမ်ရာမီးလောင်မှုအခြေအနေအရ HKSAR အစိုးရအနေဖြင့် မူလက ဒီဇင်ဘာ ၆ ရက်တွင် ရွေးကောက်ပွဲ ပျော်ပွဲရွှင်ပွဲနေ့ကျင်းပရန်စီစဉ်ထားခြင်းကိုလည်း ဖျက်သိမ်းမည်ဖြစ်ပြီး သတင်းအချက်အလက်ဆိုင်ရာ လှုပ်ရှားမှုများကိုသာ ဆက်လက်ပြုလုပ်သွားမည်ဟု ချန်က ထုတ်ပြန်ကြေညာခဲ့သည်။

HKSAR အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်မကြီးရေးရာ အတွင်းဝန် ကျန်းကော်ဝေ့ကလည်း မှတ်ပုံတင်ခြင်းနှင့် ရွေးကောက်ပွဲကော်မရှင်ရုံးအနေဖြင့် တာ့ဖူခရိုင်တွင် မဲရုံ ၃ ရုံကို ပြန်လည် စီစဉ်နေရာချထားပေးမည်ဟု ပြောကြားခဲ့သည်။ မှတ်ပုံတင်ခြင်းနှင့် ရွေးကောက်ပွဲကော်မရှင်ရုံးမှာ မဲဆန္ဒရှင်များအတွက် သတ်မှတ်ပေးထားသောမဲရုံများကို သတ်မှတ်ဖော်ပြခြင်းအပြင် မဲပေးရမည့် အချိန်ဇယားကိုလည်း မဲဆန္ဒရှင်များထံသို့ အကြောင်းကြားစာပေးပို့ထားပြီးဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)

——————————

(English Version)
Hong Kong LegCo General Election to proceed as scheduled
HONG KONG, Dec. 2 (Xinhua)
Polling for the Legislative Council (LegCo) General Election will proceed as scheduled on Dec. 7, the Hong Kong Special Administrative Region (HKSAR) government said at a press briefing on Tuesday.
Eight election forums will be held from Wednesday to Thursday, with candidates’ views on supporting recovery efforts following the recent residential fire in Tai Po to be incorporated appropriately. Polling stations in Tai Po will be rescheduled due to the fire impact.
Eric Chan, chief secretary for the HKSAR government, emphasized that the LegCo serves as a key partner in the HKSAR government’s governance. “Electing capable and aspirational LegCo members is a crucial step on the path to reconstruction after the Tai Po fire,” he said.
The HKSAR government’s support and follow-up work for affected residents will remain uninterrupted, Chan said, noting that completing the election as scheduled “upholds social stability and provides strong backing for post-disaster reconstruction.”
In light of the residential fire, Chan announced that the HKSAR government will cancel the planned Election Fun Day originally set for Dec. 6, retaining only informational activities.
Erick Tsang Kwok-wai, secretary for Constitutional and Mainland Affairs of the HKSAR government, said that the Registration and Electoral Office will rearrange three polling stations in Tai Po District. The Registration and Electoral Office has sent notifications to voters, specifying the polling stations assigned to them as well as the new polling time, he said. ■
Photo:
The Legislative Council (LegCo) of the Hong Kong Special Administrative Region (HKSAR) passes the safeguarding national security bill in a unanimous vote during the third reading in Hong Kong, south China, March 19, 2024. (Xinhua/Lui Siu Wai)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.