Politics, Law & Military
တရုတ်နိုင်ငံနှင့် ပိုမိုခိုင်မာသော ဆက်ဆံရေး တည်ဆောက်မည်ဟု ဆိုမာလီယာ ကတိပြု

မိုဂါဒစ်ရှူး၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
ဆိုမာလီယာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်မှု ၇၆ နှစ်မြောက် နှစ်ပတ်လည်နေ့ကို အောက်တိုဘာ ၁ ရက်၌ ဂုဏ်ပြုကြိုဆိုလိုက်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရန် တရုတ်နိုင်ငံ အစိုးရနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။“ဆိုမာလီယာနိုင်ငံအနေနဲ့ အပြန်အလှန်လေးစားမှုနဲ့ ဘုံဆန္ဒတွေကို အလေးထားပြီး ပူးပေါင်းဆောင်ရွက်မှုနဲ့ နားလည်မှုစိတ်ဓာတ်ဖြင့် လမ်းညွှန်မှု၊ စည်းလုံးညီညွတ်မှုနဲ့ မိတ်ဖက်ဆက်ဆံရေးကို အားကောင်းစေကာ နှစ်နိုင်ငံပြည်သူတွေရဲ့ ဘုံအကျိုးစီးပွားကို မြှင့်တင်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်” ဟု ဆိုမာလီယာနိုင်ငံခြားရေးဝန်ကြီး Abdisalam Abdi Ali က မြို့တော်မိုဂါဒစ်ရှူး၌ ထုတ်ပြန်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်မှု အထိမ်းအမှတ်အဖြစ် နှစ်စဉ် အောက်တိုဘာ ၁ ရက်ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပလေ့ရှိသည်။
ဆိုမာလီယာနိုင်ငံအနေဖြင့် မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေရန်၊ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် ပူးတွဲစီမံကိန်းများ တိုးတက်စေရန်အတွက် တရုတ်နိုင်ငံနှင့် နီးကပ်စွာ လုပ်ဆောင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝန်ကြီး၏အဆိုအရ ဆိုမာလီယာအစိုးရနှင့် တရုတ်အစိုးရတို့က ၎င်းတို့၏ပြည်သူများအကျိုးအတွက် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အတူတကွသာယာဝပြောရေးတို့ကို မြှင့်တင်ရန် ကတိပြုထားကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Somalia vows to build stronger ties with China
MOGADISHU, Oct. 1 (Xinhua) — Somalia on Wednesday congratulated China on the 76th anniversary of the founding of the People’s Republic of China, pledging to work closely with Beijing to further strengthen bilateral relations.
“Somalia cherishes its long-standing friendship with China, anchored in mutual respect and shared aspirations, guided by a spirit of cooperation and understanding, reinforced by solidarity and partnership, and committed to promoting the common good of our two peoples,” Abdisalam Abdi Ali, minister of foreign affairs and international cooperation, said in a statement issued in Mogadishu.
China marks its National Day on Oct. 1 each year, commemorating the founding of the People’s Republic of China on Oct. 1, 1949.
He said that Somalia looks forward to working closely with China to deepen partnerships, enhance cooperation and advance joint projects.
According to the minister, both Mogadishu and Beijing are committed to promoting peace, development and shared prosperity for the benefit of their peoples. ■
English Caption
Chinese President Xi Jinping meets with Somali President Hassan Sheikh Mohamud in Riyadh, Saudi Arabia, Dec. 9, 2022. (Xinhua/Yue Yuewei)