Connect with us

Politics, Law & Military

၂၀၂၅ ခုနှစ် ဟောင်ကောင် မူဝါဒဆိုင်ရာမိန့်ခွန်းအား စက်တင်ဘာ ၁၇ ရက်၌ ပြောကြားမည်

ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယတ်မြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး လီကျားချောင်း မိန့်ခွန်းပြောကြားနေပုံအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) ၏ ၂၀၂၅ ခုနှစ် မူဝါဒဆိုင်ရာမိန့်ခွန်းအား လာမည့် စက်တင်ဘာ ၁၇ ရက်၌ ထုတ်ပြန်ပြောကြားရန် စီစဉ်ထားကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ ဒေသ အုပ်ချုပ်ရေးမှူး လီကျားချောင်း၏ သြဂုတ် ၂၃ ရက်က ပြောကြားမှုအရ သိရသည်။၂၀၂၅ ခုနှစ် မူဝါဒဆိုင်ရာမိန့်ခွန်းနှင့်ပတ်သက်၍ လူထု၏ သဘောထားအမြင်များကို စုစည်း စနည်းနာနိုင်ရန် ဟောင်ကောင်ရှိ Kwun Tong ခရိုင်သို့ သွားရောက်ခဲ့ပြီးနောက် မီဒီယာတွေ့ဆုံပွဲတစ်ခု တွင် အုပ်ချုပ်ရေးမှူးလီက အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

HKSAR အစိုးရအနေဖြင့် မူဝါဒဆိုင်ရာမိန့်ခွန်းနှင့်ပတ်သက်၍ လွန်ခဲ့သည့် နှစ်လအတွင်း ဆွေးနွေးညှိနှိုင်းသည့် အစည်းအဝေး ၄၀ ကျော်ကို ပြုလုပ်ခဲ့ကြောင်း၊ လူထုသဘောထား ‌တင်သွင်းမှုများမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း ပိုများလာခဲ့ကြောင်း အုပ်ချုပ်ရေးမှူးလီက ဆက်လက်ပြောကြားခဲ့သည်။

ဟောင်ကောင်ဥပဒေပြုကောင်စီ (LegCo) ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်ကုန်ပိုင်းတွင် ကျင်းပပြုလုပ် မည်ဖြစ်သလို လက်ရှိ ဥပဒေပြုကောင်စီ၏ သက်တမ်းမှာလည်း ရွေးကောက်ပွဲမတိုင်မီ ကုန်ဆုံးမည် ဖြစ်ခြင်းကြောင့် မူဝါဒဆိုင်ရာမိန့်ခွန်းပြောကြားခြင်းကို ယခင်နှစ်ကထက် အချိန်စော၍ ပြုလုပ်မည်ဖြစ် ကြောင်း အုပ်ချုပ်ရေးမှူးလီက ယခင်ကတည်းက ပြောကြားထားပြီးဖြစ်သည်။ (Xinhua)

————————-
(English Version)
Hong Kong to release 2025 policy address on Sept. 17
HONG KONG, Aug. 23 (Xinhua) — The 2025 policy address of Hong Kong will be delivered on Sept. 17, John Lee, chief executive of the Hong Kong Special Administrative Region (HKSAR), said on Saturday.
Lee made the remark at a media briefing after visiting Kwun Tong district of Hong Kong to gather public opinions on the upcoming policy address. He said that the HKSAR government has held over 40 consultation sessions for the policy address in the past two months, with public submissions rising 10 percent compared to the previous year.
Lee said earlier that this year’s policy address will be delivered earlier than in previous years because a Legislative Council (LegCo) election will be held at the end of the year, and the current LegCo term will end early.
Photo:
Chief Executive of China’s Hong Kong Special Administrative Region (HKSAR) John Lee attends a press conference in Riyadh, Saudi Arabia, on Feb. 5, 2023. (Photo by Wang Haizhou/Xinhua)