Connect with us

Politics, Law & Military

တရုတ်ကာကွယ်ရေးဝန်ကြီးနှင့် ကျူးဘားကာကွယ်ရေးဝန်ကြီးတို့ ပေကျင်း၌ တွေ့ဆုံဆွေးနွေး

ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းနှင့် ကျူးဘားတော်လှန်ရေးတပ်မတော် ဝန်ကြီးဌာနဝန်ကြီး အယ်လ်ဗာရို လိုပက်ဇ် မီအယ်ရာတို့သည် ပေကျင်းမြို့တွင် စက်တင်ဘာ ၁၆ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံနှင့် ကျူးဘားနိုင်ငံတို့၏ ဆက်ဆံရေးမှာ ဆိုရှယ်လစ်နိုင်ငံများကြား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့၏ စံနမူနာတစ်ခုဖြစ်သကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများကြား စိတ်ရင်းစေတနာမှန်ကန်စွာဖြင့် အပြန်အလှန် ပံ့ပိုးကူညီခြင်း၏ စံနမူနာတစ်ခုလည်းဖြစ်သည်ဟု တုန်က ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံနှင့် ပါတီနှစ်ရပ်၏ ခေါင်းဆောင်များကြား ရရှိထားသည့် အရေးကြီး သဘောတူညီချက်ကို အတူတကွ အကောင်အထည်ဖော်ရေး၊ ဝန်ထမ်းများ အပြန်အလှန်ကူးလူးဆက်ဆံမှုအား မြှင့်တင်ရေး၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်းရှိစေရေး၊ နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေးအား အဆင့်သစ်ဆီသို့ တိုးမြှင့်ရေး၊ တရုတ်-ကျူးဘား အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွ ထူထောင်ရေးအတွက် ကျူးဘားနိုင်ငံနှင့် အတူလက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း တုန် က ပြောကြားခဲ့သည်။

၁၂ ကြိမ်မြောက် ပေကျင်း ရှန်းဆန်းဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် လိုပက်ဇ်က ကျူးဘားအနေဖြင့် တရုတ်နိုင်ငံ၏ အဓိက ကမ္ဘာလုံးဆိုင်ရာ အစီအမံလေးခုအား အထူးပင် အသိအမှတ်ပြုကာ အပြည့်အဝ ထောက်ခံကြောင်း၊ ကျူးဘားအနေဖြင့် တရုတ်နိုင်ငံနှင့် ထူးခြားလေးနက်သော ဆက်ဆံရေးအား အစဉ်ထာဝရ ခိုင်မာမြဲမြံအောင် လုပ်ဆောင်သွားမည်ဖြစ်ကာ နှစ်နိုင်ငံအကြား၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………………………………………
(English Version)
Chinese defense minister holds talks with Cuban counterpart
BEIJING, Sept. 16 (Xinhua) — Chinese Defense Minister Dong Jun held talks with Alvaro Lopez Miera, minister of the Revolutionary Armed Forces of Cuba, in Beijing on Tuesday.
Dong said that the relationship between China and Cuba is a model of solidarity and cooperation between socialist countries and of sincere mutual assistance among developing countries.
Dong said that China is willing to work with Cuba to jointly implement the important consensus reached by the leaders of the two parties and the two countries, enhance personnel exchanges, deepen practical cooperation, promote the military relations between the two sides to a new level, and jointly build a China-Cuba community with a shared future.
Lopez, who is in China to attend the 12th Beijing Xiangshan Forum, said Cuba highly appreciates and fully supports China’s four major global initiatives, adding that Cuba will, as always, consolidate and strengthen the special friendship with China, and continuously raise the level of cooperation between the two countries and the two militaries. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.