Politics, Law & Military
ကမ္ဘာ့တောင်ဘက်ခြမ်းမီဒီယာနှင့် Think Tank ဖိုရမ်က ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ခွန်အားများကို ပေါင်းစည်းပေး

ကူမင်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် စက်တင်ဘာ ၅ ရက်က ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့တောင်ဘက်ခြမ်းမီဒီယာနှင့် Think Tank ဖိုရမ်၌ နိုင်ငံနှင့် နိုင်ငံတကာ၊ ဒေသတွင်း အဖွဲ့အစည်း ၁၁၀ တို့မှ သတင်းသမားများ ၊ ပညာရှင်များ၊ အစိုးရတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် ဧည့်သည်တော် ၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။၎င်းတို့၏ ဘုံရည်မှန်းချက်မှာ ကမ္ဘာ့ဂျီဒီပီ၏ ၄၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ ၈၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် ကမ္ဘာ့တောင်ဘက်ခြမ်း၏ မြင့်တက်လာသော စီးပွားရေးဩဇာအား နိုင်ငံတကာ ဆွေးနွေးမှုနှင့် ထိတွေ့ဆက်ဆံမှု နယ်ပယ်တို့တွင် ထပ်တူထပ်မျှရှိ၍ အားကောင်းသည့် သဘောထားအဖြစ် ပြောင်းလဲရန်ပင်ဖြစ်သည်။
ငါးရက်ကြာ အစည်းအဝေးအတွင်း အစည်းအဝေး တက်ရောက်သူများအနေဖြင့် “ကမ္ဘာ့တောင်ဘက်ခြမ်း၏ အင်အားကို စုစည်းမြှင့်တင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများကို လမ်းညွှန်ထိန်းမတ်ပေးခြင်း” ဟူသော ဖိုရမ်၏ ဆောင်ပုဒ်အား လက်တွေ့ကျသော စီမံကိန်းများအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်သော ဖြေရှင်းနည်းများအဖြစ် အကောင်အထည်ဖော်ရေးအတွက် စုဖွဲ့ဆွေးနွေးကာ ၎င်းတို့၏ အသိပညာများဖြင့် အားဖြည့်ပံ့ပိုးသွားမည်ဖြစ်သည်။
မျက်နှာစုံညီ အစည်းအဝေးများကိုလည်း ငြိမ်းချမ်းမှုတည်ဆောက်ရေး ဖော်ညွှန်းမှုများ၊ AI အထောက်အကူပြု သတင်းခန်းများ၊ အမွေအနှစ် ထိန်းသိမ်းရေးနှင့် အခြားအကြောင်းအရာများကို အလေးထားသည့် အလုပ်ရုံဆွေးနွေးပွဲများကို အလှည့်ကျပြုလုပ်သွားမည်ဟု သိရသည်။
သတင်းထုတ်လုပ်တင်ဆက်မှုနှင့် လေ့လာသုံးသပ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည့် ပူးတွဲကတိပြုချက်ဖြစ်သော ယူနန်သဘောတူညီချက်နှင့် တရုတ်နိုင်ငံ၏ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများမှ အကောင်းဆုံး အစီအမံများကို အနှစ်ချုပ်စုစည်းလျက် အများပြည်သူအကျိုးပြု ကမ္ဘာလုံးဆိုင်ရာ ဉာဏပစ္စည်းထုတ်ကုန်များအပေါ် တရုတ်နိုင်ငံ၏ အားဖြည့်ပံ့ပိုးမှုများနှင့် စပ်လျဉ်းသည့် သုတေသန အစီရင်ခံစာတစ်စောင်တို့ ပါဝင်သည့် အထင်ကရ သဘောတူညီချက်နှစ်ခုအား ထုတ်ပြန်ရန် စီစဉ်ထားကြောင်း သိရသည်။
ထို့ပြင် အဆိုပါ အခမ်းအနားမှာ နိုင်ငံနှင့် ဒေသပေါင်း ၉၅ ခုမှ မီဒီယာအဖွဲ့အစည်းများ၊ Think Tank အဖွဲ့များနှင့် အခြားအဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်း ၁,၀၀၀ ကျော် ပါဝင်သည့် ကမ္ဘာ့တောင်ဘက်ခြမ်း ပူးပေါင်းဆက်ဆံရေး မိတ်ဖက်ကွန်ရက်အား တရားဝင်စတင်သည့် အထိမ်းအမှတ်လည်း ဖြစ်သည်။
ဒုတိယအကြိမ် ကျင်းပသည့် ကမ္ဘာ့တောင်ဘက်ခြမ်းမီဒီယာနှင့် Think Tank ဖိုရမ်အား ဆင်ဟွာသတင်းဌာန၊ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ကော်မတီနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့က ပူးတွဲကျင်းပခဲ့ခြင်းဖြစ်ကာ ပထမအကြိမ် ဖိုရမ်ကိုမူ ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/6xZ
#China #Media #ThinkTank #GlobalSouth #တရုတ်နိုင်ငံ #မီဒီယာ #ကမ္ဘာ့တောင်ဘက်ခြမ်း
………………………………………………………………………………………………………………….
(English Version)
Global South media, think tank forum pools strength for enhanced cooperation
KUNMING, Sept. 5 (Xinhua) — Some 500 journalists, scholars, government officials and entrepreneurs from 110 countries or international and regional organizations convened Friday in southwest China’s Yunnan Province for the Global South Media and Think Tank Forum 2025.
Their common aspiration is to turn the Global South’s rising economic weight — representing 40 percent of global GDP and 80 percent of world growth — into an equally powerful voice in the fields of international discussion and communication.
Within five days of meeting, participants will brainstorm and contribute their wisdom to translate the forum theme, “empowering global south, navigating global changes,” into tangible solutions for practical projects.
Plenary sessions will alternate with focused workshops on peace-building narratives, AI-driven newsrooms, heritage preservation and other topics.
Two signature documents are scheduled to be released — the Yunnan Consensus, a joint pledge to expand cooperative production of news and analysis, and a research report on China’s contribution to global public intellectual products, which distills best practices from the country’s South-South initiatives.
The event also marks the formal launch of the Global South Joint Communication Partnership Network, which features more than 1,000 media outlets, think tanks and other institutions across 95 countries and regions.
This is the second edition of the forum, which is co-hosted by Xinhua News Agency, the Communist Party of China Yunnan Provincial Committee and the People’s Government of Yunnan Province. It was first held last November in Sao Paulo, Brazil.
English Caption 1
A guest is pictured at the venue of Global South Media and Think Tank Forum 2025 in Kunming, southwest China’s Yunnan Province, Sept. 5, 2025. (Xinhua/Peng Yikai)
English Caption 2
Guests and staff members communicate at the venue of Global South Media and Think Tank Forum 2025 in Kunming, southwest China’s Yunnan Province, Sept. 5, 2025. (Xinhua/Peng Yikai)