Politics, Law & Military
ယူကရိန်းအကျပ်အတည်းအတွက် ဆွေးနွေးညှိနှိုင်းခြင်းများကသာ မှန်ကန်သော လမ်းကြောင်းဖြစ်ဟု တရုတ်နိုင်ငံ ထုတ်ပြန်
ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
ယူကရိန်းအကျပ်အတည်း ဖြေရှင်းရန် ဆွေးနွေးခြင်းနှင့် ညှိနှိုင်းခြင်းများကသာ မှန်ကန်သော လမ်းကြောင်းဖြစ်သည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဇန်နဝါရီ ၂၃ ရက်၌ ပြောကြားခဲ့သည်။ရုရှား၊ အမေရိကန်နှင့် ယူကရိန်းတာဝန်ရှိသူများ ပါဝင်သည့် သုံးနိုင်ငံ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့၏ လုံခြုံရေးကိစ္စရပ်များနှင့်ပတ်သက်၍ ပထမအကြိမ် ဆွေးနွေးပွဲကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီးနိုင်ငံ) တွင် ဇန်နဝါရီ ၂၃ ရက်၌ ကျင်းပရန် စီစဉ်ထားကြောင်း မီဒီယာဖော်ပြချက်များအရ သိရသည်။
ဇန်နဝါရီ ၂၃ ရက်၌ ပြုလုပ်သည့် နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းချက်တစ်ခုအား ပြန်လည်ဖြေကြားရာတွင် ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ တစ်သမတ်တည်းဖြစ်ကာ ရှင်းလင်းပြတ်သားသည်ဟု ကောက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
China says dialogue and negotiations only right way for Ukraine crisis
BEIJING, Jan. 23 (Xinhua) — Chinese foreign ministry spokesperson Guo Jiakun said on Friday that dialogue and negotiations are the only right way to solve the Ukraine crisis.
According to media reports, the first session of a trilateral working group on security issues comprising Russian, U.S. and Ukrainian officials is set to be held on Friday in the United Arab Emirates.
In response to a query at the daily press briefing, Guo said China’s position on the Ukraine crisis is consistent and clear. ■
English Caption
Zhang Jun (C, Front), China’s permanent representative to the United Nations (UN), speaks at a Security Council meeting on the Ukraine crisis, at the UN headquarters in New York, on Feb. 23, 2024. (Xinhua/Xie E)
