Connect with us

Politics, Law & Military

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖိလစ်ပိုင်တွင် ခရီးသည်တင် ကူးတို့သင်္ဘော နစ်မြုပ်မှုအတွက် ဝမ်းနည်းနှစ်သိမ့်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးထံ သဝဏ်လွှာပေးပို့

‌ပေကျင်း၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိလစ်ပိုင်နိုင်ငံတွင် ခရီးသည်တင် ကူးတို့သင်္ဘောနစ်မြုပ်ခဲ့သည့် ဖြစ်စဉ်အတွက် ဝမ်းနည်းနှစ်သိမ့်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာ ထရီဇာ လာဇာရိုထံ ဇန်နဝါရီ ၃၁ ရက်က သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ဖိလစ်ပိုင်နိုင်ငံတွင် မကြာသေးမီက ကူးတို့သင်္ဘော နစ်မြုပ်ခဲ့သည့်ဖြစ်စဉ်ကြောင့် လူသေဆုံးဒဏ်ရာရမှုများနှင့် ပစ္စည်းဥစ္စာ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရကြောင်း ယင်းသဝဏ်လွှာ၌ ရေးသားထားသည်။

၎င်းအနေဖြင့် ကွယ်လွန်သူများအတွက် ဝမ်းနည်းပူဆွေးမိကြောင်း၊ ကျန်ရစ်သူမိသားစုဝင်များနှင့် ဒဏ်ရာရရှိသူများအား စိတ်ရင်းစေတနာဖြင့် နှစ်သိမ့်ပါကြောင်းလည်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)
……………………………………………………
(English Version)
Chinese FM extends condolences to Philippine counterpart over passenger ferry sinking
BEIJING, Feb. 1 (Xinhua) — Chinese Foreign Minister Wang Yi on Saturday sent a message of condolence to Philippine Secretary of Foreign Affairs Ma. Theresa Lazaro over the sinking of a passenger ferry in the country.
In his message, Wang, also a member of the Political Bureau of the Communist Party of China Central Committee, said that the recent ferry sinking accident in the Philippines has resulted in casualties and property losses.
He expressed mourning for the deceased and conveyed sincere condolences to the bereaved families and the injured. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.