Connect with us

Politics, Law & Military

တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့က ပူးပေါင်းဆောင်ရွက်မှုအလားအလာများကို ပိုမိုရှာဖွေရန် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Yvette Cooper တို့ ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ကျင်းပသည့် မြူးနစ်လုံခြုံရေးညီလာခံအတွင်း တွေ့ဆုံနေသည်ကို ၂၀၂၆ ခုနှစ် ဖေ‌ဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြူးနစ်၊ ဂျာမနီ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အနေဖြင့် ၎င်းတို့၏ ခေါင်းဆောင်များ ရရှိထားသည့် သဘောတူညီချက်ကို ဖော်ဆောင်ရန်၊ နှစ်နိုင်ငံဆက်ဆံရေးတွင် အပြုသဘောဆောင်သော ရလဒ်များ အဆက်မပြတ် ရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှု အလားအလာများအား ပိုမိုရှာဖွေဖော်ထုတ်ရန် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီ ၁၃ ရက်၌ တိုက်တွန်းခဲ့သည်။တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က မြူးနစ်လုံခြုံရေးညီလာခံ၌ ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Yvette Cooper နှင့် ဆွေးနွေးမှုအတွင်း ယင်းသို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ကမ္ဘာ့နိုင်ငံကြီးများဖြစ်ကြရုံသာမက နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများလည်း ဖြစ်ကြသည့် တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အနေဖြင့် ပုံမှန်ဖလှယ်မှုများအား ထိန်းသိမ်း၍ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုနှင့် ဆက်သွယ်ရေးကို မြှင့်တင်ကာ ဘုံအကျိုးစီးပွားများ တိုးချဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပူးတွဲကာကွယ်သင့်သည်ဟုလည်း ဝမ်က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Chinese FM calls on China, Britain to explore more potential for cooperation
MUNICH, Germany, Feb. 13 (Xinhua) — Chinese Foreign Minister Wang Yi on Friday called on China and Britain to follow through on the consensus reached by their leaders, continuously deliver positive outcomes in bilateral ties and explore more potential for cooperation.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, made the appeal during talks with British Foreign Secretary Yvette Cooper on the sidelines of the Munich Security Conference.
Wang said that China and Britain, as major countries in the world and permanent members of the UN Security Council that both bear responsibilities for safeguarding international peace and security, should maintain regular exchanges, enhance strategic coordination and communication, expand shared interests, and jointly safeguard world peace and development. ■
English Caption
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, meets with British Foreign Secretary Yvette Cooper on the sidelines of the Munich Security Conference in Munich, Germany, Feb. 13, 2026. (Xinhua/Du Zheyu)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.