Connect with us

Politics, Law & Military

တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့က တစ်ဖက်သတ်ဝါဒကို ပူးတွဲဆန့်ကျင်ရန် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျိုဟန်ဝါဒီဖူးတို့ ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ကျင်းပသည့် မြူးနစ်လုံခြုံရေးညီလာခံအတွင်း တွေ့ဆုံနေသည်ကို ၂၀၂၆ ခုနှစ် ဖေ‌ဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြူးနစ်၊ ဂျာမနီ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အနေဖြင့် မဟာဗျူဟာမြောက် ဆက်သွယ်ရေးကို အားကောင်းစေရန်၊ တစ်ဖက်သတ်ဝါဒနှင့် အုပ်စုထိပ်တိုက်ရင်ဆိုင်မှုအား ပူးတွဲဆန့်ကျင်ရန် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီ ၁၃ ရက်၌ တိုက်တွန်းခဲ့သည်။တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က မြူးနစ်လုံခြုံရေးညီလာခံ၌ ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျိုဟန်ဝါဒီဖူးနှင့် ဆွေးနွေးမှုအတွင်း ယင်းသို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
နှစ်ဖက်စလုံးအနေဖြင့် ကုလသမဂ္ဂပဋိဉာဉ်စာတမ်း၏ ရည်ရွယ်ချက်များနှင့် မူများအား ခိုင်မာစွာ ဖော်ဆောင်လိုက်နာသင့်ပြီး “တောရိုင်းသဘာဝစည်းမျဉ်း” ကို ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံဖြင့် အစားထိုးကာ မငြိမ်မသက်ဖြစ်နေသည့် ကမ္ဘာတွင် တည်ငြိမ်မှုအင်အားစုအဖြစ် အတူတကွဆောင်ရွက်သင့်သည်ဟုလည်း ဝမ်က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Chinese FM urges China, Germany to jointly oppose unilateralism
MUNICH, Germany, Feb. 13 (Xinhua) — Chinese Foreign Minister Wang Yi on Friday urged China and Germany to strengthen strategic communication, and jointly oppose unilateralism and bloc confrontation.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, made the appeal during talks with German Foreign Minister Johann Wadephul on the sidelines of the Munich Security Conference.
Both sides should firmly uphold the purposes and principles of the UN Charter, replace the “law of the jungle” with global governance, and work together to serve as a stabilizing force in a turbulent world, said Wang. ■
English Caption
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, meets with German Foreign Minister Johann Wadephul on the sidelines of the Munich Security Conference in Munich, Germany, Feb. 13, 2026. (Xinhua/Li Ying)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.