Politics, Law & Military
တရုတ်နိုင်ငံ ဝန်ကြီးချုပ်က နွေဦးပွဲတော် ခရီးသွားရာသီအတွက် အဓိက ကဏ္ဍများနှင့် ဝန်ဆောင်မှုများ ဘေးကင်းလုံခြုံမှုရှိရေး အလေးထားမှာကြား
ပေကျင်း၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)
နွေဦးပွဲတော်ခရီးသွားရာသီအတွင်း သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းများ စိတ်ချသေချာမှုရှိစေရေး လုပ်ငန်းခွင်ဘေးကင်းရေး၊ လူမှုအခြေအနေတည်ငြိမ်ရေး၊ ခရီးသွားလုပ်ငန်းဝန်ဆောင်မှု အရည်အသွေး တိုးတက်ရေး၊ ပြည်သူများအတွက် အေးချမ်းပျော်ရွှင်သော အားလပ်ရက်ကာလဖြစ်စေရေးအတွက် ကြိုးပမ်းအားထုတ်လုပ်ဆောင်ကြရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဖေဖော်ဝါရီ ၁၄ ရက်က အလေးထားမှာကြားခဲ့ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီ အဖွဲ့ဝင်လည်းဖြစ်သူ လီက အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနသို့ စစ်ဆေးရေးသွားရောက်စဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင်၊ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနသို့ ကြည့်ရှုစစ်ဆေးနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဝန်ကြီးချုပ် လီသည် အဆိုပါဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်နေသူများထံ သွားရောက်ကာ စကားပြောကြားခဲ့သည်။နွေဦးပွဲတော်သည် မိသားစုဆုံစည်းကြသည့် အခါသမယဖြစ်ကာ တာဝန်စီမံခန့်ခွဲမှုများ ထိထိရောက်ရောက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနအသီးသီးအနေဖြင့် တာဝန်ထမ်းဆောင်မှု စည်းမျဉ်းစည်းကမ်းများကို တင်းတင်းကျပ်ကျပ် လိုက်နာရမည်ဖြစ်သလို ဝန်ထမ်းရေးရာလုံလောက်မှု သေချာစေရေးနှင့် အရေးပေါ်အစီအစဉ်များ တိုးမြှင့်ရေးတို့ကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း လီက မှာကြားခဲ့သည်။
ထို့ပြင် ဝန်ကြီးချုပ်က နွေဦးပွဲတော် ခရီးသွားရာသီအတွက် ဘေးကင်းသောသယ်ယူပို့ဆောင်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ဗီဒီယိုစနစ်မှတစ်ဆင့် ကြည့်ရှုစစ်ဆေးခဲ့သည်။ ခရီးသွားရာသီသည် သယ်ယူပို့ဆောင်ရေးစွမ်းဆောင်ရည်များကို အရေးကြီးသည့်စမ်းသပ်မှုပင် ဖြစ်ကြောင်း လီက အလေးထားပြောခဲ့ပြီး သယ်ယူပို့ဆောင်ရေး စွမ်းဆောင်ရည် စီမံခန့်ခွဲရေး၊ အဆင်ပြေချောမွေ့သောအစီအမံများ ကောင်းမွန်စေရေး၊ အားသွင်းခြင်း၊ လောင်စာဆီဖြည့်ခြင်းနှင့် ခရီးစဉ်လွှဲပြောင်းခြင်း စသည့်ဝန်ဆောင်မှုများ ပံ့ပိုးမှု တိုးမြှင့်ရေး စသဖြင့် ညှိနှိုင်းဆောင်ရွက်မှုများအတွက်လည်း တိုက်တွန်းခဲ့သည်။ ထို့ပြင် ရာသီဥတုသက်ရောက်မှု အခြေအနေများအတွက် ကြိုတင်ပြင်ဆင်မှုများကိုလည်း ခိုင်မာအားကောင်းအောင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း လီက မှာကြားခဲ့သည်။
လူထူထပ်သောဧရိယာများ၌ အန္တရာယ်ဖြစ်နိုင်ခြေများကို ကြည့်ရှုစစ်ဆေးခြင်း၊ ဘေးကင်းရေးစီမံခန့်ခွဲမှု တိုးမြှင့်လုပ်ဆောင်ခြင်းနှင့် မီးငြှိမ်းသတ်ရာတွင်ပံ့ပိုးပေးသည့်နေရာအဆောက်အအုံများ ထိန်းသိမ်းခြင်း စသည်တို့၏ အရေးပါပုံကိုလည်း ၎င်းက အလေးထားပြောကြားခဲ့သည်။
အားလပ်ရက်ခရီးသွားလုပ်ငန်းခြင်းနှင့် စပ်လျဉ်း၍ လီက အားလပ်ရက်ကာလအတွင်း ပြည်သူများက ခရီးသွားလာကြခြင်းဖြစ်ရာ ယင်းမှာ ဝန်ဆောင်မှုအသိပညာပေးမှု ခိုင်မာအားကောင်းစေရန်၊ သယ်ယူပို့ဆောင်ရေး၊ ဧည့်ခံကျွေးမွေးခြင်း၊ တည်းခိုနေထိုင်ခြင်းနှင့် ဈေးဝယ်ခြင်း စသည်တို့အပါအဝင် လုပ်ငန်းစဉ်တစ်ရပ်လုံးရှိ ဘက်စုံပံ့ပိုးရေးဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်ရန် အရေးပါကြောင်းလည်း မှာကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Chinese premier stresses safety in key sectors, services for Spring Festival travel rush
BEIJING, Feb. 14 (Xinhua) — Chinese Premier Li Qiang on Saturday emphasized efforts to ensure transportation services during the Spring Festival travel rush, focus on workplace safety and social stability, and improve the quality of tourism services, ensuring people enjoy a happy and peaceful holiday.
Li, also a member of the Standing Committee of the Political Bureau of the Communist Party of China Central Committee, made the remarks during an inspection tour of the Ministry of Emergency Management.
At the ministry, the premier visited and talked with on-duty personnel.
The Spring Festival is a time for family reunions, making effective duty arrangements essential, Li said, adding that all localities and departments must strictly follow on-duty rules, ensure sufficient staffing, and improve emergency plans.
The premier inspected transportation safety and services for the Spring Festival travel rush through video system.
He emphasized that the travel rush serves as a critical test of transportation service capabilities, urging coordinated efforts to manage transportation capacity, optimize convenience measures, and enhance support services such as charging, refueling and transfers. Additionally, preparations for adverse weather conditions should be strengthened, he said.
He emphasized the importance of inspecting potential hazards in crowded areas, as well as improving safety management and maintaining firefighting facilities.
On holiday tourism, Li said more people are traveling in holidays, and it is imperative to strengthen service awareness and refine comprehensive support services across the entire chain, including transportation, catering, accommodation and shopping.
Photo 1, 2: Chinese Premier Li Qiang, also a member of the Standing Committee of the Political Bureau of the Communist Party of China Central Committee, inspects the Ministry of Emergency Management on Feb. 14, 2026. (Xinhua/Huang Jingwen)
