Connect with us

Politics, Law & Military

ပြည်သူများ၏ နေအိမ်များသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် သမ္မတရှီ၏ ခရီးစဉ်များအကြောင်း ဒုတိယတွဲ စာအုပ်ကို ပုံနှိပ်ထုတ်ဝေ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ မြို့တော်ပေကျင်း တုန်းချိန်ခရိုင်ရှိ လုန်ဖူစစ် ကုန်သွယ်ရေးဧရိယာသို့ လာရောက်စဉ် နှစ်သစ်ကူး နွေဦးပွဲတော်မတိုင်မီ ပြည်တွင်းပြည်ပရှိ တရုတ်နိုင်ငံသားအားလုံးထံ နွေဦးပွဲတော် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်အနေဖြင့် ၎င်း၏ ပြည်တွင်း လေ့လာစစ်ဆေးရေး ခရီးစဉ်များအတွင်း ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံစကားပြောဆိုခဲ့ပုံများကို ဖော်ပြထားသည့် ဒုတိယတွဲစာအုပ်ကို တရုတ်အမျိုးသမီး ပုံနှိပ်တိုက်က ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း သိရသည်။ရှီက ပြည်သူများ၏ နေအိမ်များသို့ ကိုယ်တိုင်သွားရောက်ကာ ၎င်းတို့၏ နေရေးထိုင်ရေးနှင့် ပတ်သက်၍ မေးမြန်းပြောဆိုခဲ့စဉ်က မိသားစုများ၊ ကျေးရွာများနှင့် လူမှုအသိုက်အဝန်းများနှင့် တွေ့ဆုံမေးမြန်းမှု ၃၂ ကြိမ် ပြုလုပ်ခဲ့သည့် အကြောင်းအရာများကို အဆိုပါ ဒုတိယတွဲစာအုပ်၌ ရှင်းလင်းပြည့်စုံစွာ ပြန်လည်စုစည်းဖော်ပြထားခြင်းဖြစ်သည်။ ယင်းစာအုပ်အား တရုတ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများအဖွဲ့ချုပ်က စီစဉ်ပြုစုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………………………………………………………
(English Version)
Second volume of book on Xi’s visits to people’s homes published
BEIJING, Feb. 22 (Xinhua) — The second volume of a book about the interactions between Xi Jinping, general secretary of the Communist Party of China Central Committee, and the people during his domestic inspection tours has been published by the China Women Publishing House.
The second volume vividly recounts the stories when Xi visited people’s homes and talked with them about their livelihood through 32 interview accounts with families, villages and communities.
The book was compiled by the All-China Women’s Federation.
English Caption
Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, extends Spring Festival greetings to Chinese people at home and abroad ahead of the festival while visiting the Longfusi commercial area in Dongcheng District of Beijing, capital of China, Feb. 10, 2026. (Xinhua/Yan Yan)