Politics, Law & Military
တရုတ်နိုင်ငံ ဝန်ကြီးချုပ်က ဂီနီနိုင်ငံ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သည့် အူရီဘားထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့
ပေကျင်း၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် ဂီနီနိုင်ငံ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သည့် အာမဒူ အူရီဘားထံ ဖေဖော်ဝါရီ ၁ ရက်က ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။ဂီနီနိုင်ငံမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ပထမဆုံး အာဖရိက ဆာဟာရဒေသခွဲနိုင်ငံဖြစ်ကြောင်း ယင်းသဝဏ်လွှာ၌ လီက ပြောကြားခဲ့သည်။သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ မာမက်ဒီ ဒွန်ဘူယာတို့၏ မဟာဗျူဟာမြောက် လမ်းညွှန်ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံနှင့် ဂီနီနိုင်ငံတို့သည် မကြာသေးမီနှစ်များအတွင်း နယ်ပယ်အသီးသီးတွင် အကျိုးဖြစ်ထွန်းသည့် ကူးလူးဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် နှစ်နိုင်ငံဆက်ဆံရေး စံနှုန်းမြင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားခဲ့သည်ဟု လီက ပြောသည်။
ထို့ပြင် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးအကြား ရရှိထားသည့် အရေးကြီး ဘုံသဘောတူညီမှုများနှင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ပေကျင်း ထိပ်သီးအစည်းအဝေး၏ အကျိုးရလဒ်များကို ဆက်လက်အကောင်အထည်ဖော်ရန်၊ နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးကို ပိုမိုသယ်ပိုးနိုင်ရန်အလို့ငှာ တရုတ်-ဂီနီ မဟာဗျူဟာမြောက် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး တည်တည်ငြိမ်ငြိမ်နှင့် အဓွန့်ရှည်စွာ တိုးတက်စေရေးအတွက် တွန်းအားပေးလုပ်ဆောင်ရန် ဂီနီနိုင်ငံ ဝန်ကြီးချုပ် အူရီဘားနှင့်အတူ ဆက်လက် လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်းလည်း လီက ပြောကြားခဲ့သည်။ (Xinhua)
————————-
(English Version)
Chinese premier congratulates Oury Bah on assuming Guinea’s premiership
BEIJING, Feb. 3 (Xinhua) — Chinese Premier Li Qiang on Sunday congratulated Amadou Oury Bah on assuming Guinea’s premiership.
In a message, Li said that Guinea is the first country in sub-Saharan Africa to establish diplomatic ties with the People’s Republic of China.
In recent years, under the strategic guidance of President Xi Jinping and President Mamady Doumbouya, China and Guinea have maintained high-standard development in bilateral ties with fruitful exchanges and cooperation in various fields, he said.
Li expressed readiness to continue working with Oury Bah to follow through on the important consensus reached by the heads of state of both countries and the outcomes of the Beijing Summit of the Forum on China-Africa Cooperation, and push for the steady and long-term development of the China-Guinea comprehensive strategic cooperative partnership so as to deliver more benefits to the two peoples. Enditem
