Connect with us

Politics, Law & Military

သမ္မတရှီက ၁၀ ကြိမ်မြောက် CELAC ထိပ်သီးအစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး တက်ရောက်နေသည့် တရုတ်တောင်သူလယ်သမားနှင့် အလုပ်သမားများ ဒီမိုကရက်တစ်ပါတီ၊ ကျိုဆန်း လူမှုအဖွဲ့အစည်း၊ ကျန်းမာရေးနှင့် ဆေးပညာကဏ္ဍ၊ လူမှုဖူလုံရေးနှင့် သက်သာချောင်ချိရေးကဏ္ဍတို့မှ ပြည်လုံးဆိုင်ရာ နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်များအား သွားရောက်တွေ့ဆုံနေပုံကို ၂၀၂၆ ခုနှစ် မတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာတွင် မတ် ၂၁ ရက်က ဖွင့်လှစ်ကျင်းပခဲ့သည့် လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ၏ ၁၀ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။CELAC အား စတင်တည်ထောင်ချိန်မှစ၍ လက်တင်အမေရိကနှင့် ကာရေဘီယံ (LAC) ဒေသ၌ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှု မြှင့်တင်ရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်း၏ စုစည်းညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားသစ်များ ဖြည့်တင်းပေးရန် ကတိကဝတ်ပြုခဲ့ကြောင်း ရှီက ၎င်း၏သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်-CELAC ဖိုရမ် စတုတ္ထအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေးအား တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ယမန်နှစ် မေလက အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ၎င်းကိုယ်တိုင် တက်ရောက်ခဲ့ပြီး စည်းလုံးညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှု၊ ငြိမ်းချမ်းမှု၊ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုဆိုင်ရာ အစီအစဉ်ကြီး ငါးရပ်ကို တရုတ်နိုင်ငံနှင့် LAC နိုင်ငံများ အတူတကွ အကောင်အထည်ဖော်မည်ဟု ကြေညာခဲ့ရာ LAC နိုင်ငံများ၏ အပြုသဘောတုံ့ပြန်မှုများကို ရရှိခဲ့ကြောင်း ရှီက ဆိုသည်။
လွန်ခဲ့သောနှစ်အတွင်း တရုတ်နိုင်ငံနှင့် LAC နိုင်ငံများသည် နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်ကာ အဆိုပါ အစီအစဉ်ကြီးငါးရပ်အား ခိုင်ခိုင်မာမာ အကောင်အထည်ဖော်ခြင်းကို ရှေ့ဆက်လုပ်ဆောင်ခဲ့ရာ နှစ်ဖက်စလုံးမှ ပြည်သူများအတွက် ထင်သာမြင်သာရှိသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးလျက်ရှိသည်ဟု ရှီက ပြောသည်။

တရုတ်နိုင်ငံသည် LAC နိုင်ငံများအတွက် ထာဝရ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းအဖြစ် ရပ်တည်သွားမည်ဖြစ်ကာ ယင်းတို့၏ အချုပ်အခြာအာဏာ၊ လုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရာတွင် အထောက်အကူပေးသွားမည်ဟု ရှီက အလေးအနက်ပြောကြားခဲ့သည်။

ဆက်လက်၍ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ထိန်းသိမ်းကာ တရုတ်- LAC အေးအတူပူအမျှအသိုက်အဝန်း ထူထောင်ရာတွင် ကဏ္ဍသစ်တစ်ခုကို အတူတကွ ဖွင့်လှစ်နိုင်ရေးအတွက် LAC နိုင်ငံများနှင့် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိသည်ဟု ရှီက ပြောကြားခဲ့သည်။
လက်ရှိတွင် CELAC အလှည့်ကျဥက္ကဋ္ဌအဖြစ် ကိုလံဘီယာနိုင်ငံက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ (Xinhua)
………………………………………………………
(English Version)
Xi sends congratulatory message to 10th CELAC summit
BEIJING, March 22 (Xinhua) — Chinese President Xi Jinping sent a congratulatory message to the 10th summit of the Community of Latin American and Caribbean States (CELAC), which opened Saturday in Bogota, the capital of Colombia.
Xi said that since its establishment, the CELAC has been committed to promoting peace, stability, development and prosperity in the Latin American and Caribbean (LAC) region, injecting new impetus into the unity, cooperation and common development of the Global South.
Last year, the fourth ministerial meeting of the China-CELAC Forum was held successfully in May in Beijing, Xi said, adding that he attended the opening ceremony and announced that China and LAC countries would jointly launch the five programs on solidarity, development, civilization, peace and people-to-people connectivity, receiving a positive response from LAC countries.
Over the past year, China and LAC countries have worked closely together, advancing the steady implementation of the five programs and delivering tangible benefits to the people on both sides, Xi said.
Xi emphasized that China will always be a good friend and good partner of LAC countries, and will support them in safeguarding their sovereignty, security and development interests.
China stands ready to work with LAC countries to uphold international fairness and justice, and jointly write a new chapter in building a China-LAC community with a shared future, Xi said.
Colombia currently holds the rotating presidency of the CELAC.
English Caption
Chinese President Xi Jinping, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, visits national political advisors from the Chinese Peasants and Workers Democratic Party, the Jiusan Society, the sector of medicine and health, and the sector of welfare and social security, who are attending the fourth session of the 14th National Committee of the Chinese People’s Political Consultative Conference (CPPCC), in Beijing, capital of China, March 6, 2026. (Photo by Feng Yongbin/Xinhua)