Connect with us

Politics, Law & Military

ကာကွယ်ရေးဆိုင်ရာ ခေတ်မီအသွင်ပြောင်းမှု ဆက်လက်ဖော်ဆောင်‌ရေးအတွက် တပ်မတော်အတွင်း နိုင်ငံရေး သစ္စာစောင့်သိမှု မြှင့်တင်ရန် သမ္မတရှီ အလေးအနက်မှာကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ကျင်းပသည့် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) စတုတ္ထအကြိမ် အစည်းအဝေး၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် ပြည်သူ့ရဲတပ်ဖွဲ့ ကိုယ်စားလှယ်များ မျက်နှာစုံညီအစည်းအဝေး တက်ရောက်နေပုံကို ၂၀၂၆ ခုနှစ် မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တပ်မတော်အတွင်း နိုင်ငံရေး သစ္စာစောင့်သိမှု မြှင့်တင်ခြင်း၏ တစ်မူထူးခြားသော အားအင်များကို အပြည့်အဝ အသုံးချရေးအတွက် အလေးထားမှာကြားခဲ့ကာ နိုင်ငံကာကွယ်ရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ ခေတ်မီအသွင်ပြောင်းမှုကို တည်တည်ငြိမ်ငြိမ်နှင့် စဉ်ဆက်မပြတ် ဆက်လက်ဖော်ဆောင်ရေးအတွက် စုပေါင်းကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။တရုတ်ပြည်လုံးဆိုင်ရာ ဥပဒေပြုအဖွဲ့ဖြစ်သည့် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် စတုတ္ထအကြိမ် အစည်းအဝေး၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ပြည်သူ့ရဲတပ်ဖွဲ့ ကိုယ်စားလှယ်များ မျက်နှာစုံညီအစည်းအဝေး တက်‌ရောက်စဉ် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် (CMC) ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစည်းအဝေး၌ ဥပဒေပြုပုဂ္ဂိုလ် ခြောက်ဦးက ဆွေးနွေးတင်ပြခဲ့ရာ ရှီက ၎င်းတို့၏ မှတ်ချက်စကားများကို နားထောင်ပြီးနောက် အရေးကြီးမိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ကျင်းပသည့် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) စတုတ္ထအကြိမ် အစည်းအဝေး၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် ပြည်သူ့ရဲတပ်ဖွဲ့ ကိုယ်စားလှယ်များ မျက်နှာစုံညီအစည်းအဝေး တက်ရောက်နေပုံကို ၂၀၂၆ ခုနှစ် မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၂ ခုနှစ်တွင် ၁၈ ကြိမ်မြောက် CPC ပြည်လုံးဆိုင်ရာကွန်ဂရက် ကျင်းပခဲ့ချိန်မှစ၍ ပါတီဗဟိုကော်မတီသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် တပ်မတော်အတွင်း နိုင်ငံရေးသစ္စာစောင့်သိမှုကို မကြုံဖူးလောက်သည့် စိတ်ပိုင်းဖြတ်မှု၊ စိတ်ဓာတ်ပြင်းပြမှုတို့ဖြင့် မြှင့်တင်ရာတွင် လက်နက်ကိုင်တပ်ဖွဲ့များကို ဦးစီးဦးဆောင်မှုပြုခဲ့ရာ သိသာထင်ရှားသော အကျိုးရလဒ်များ ဖြစ်ထွန်းခဲ့သည်ဟု ရှီက ပြောသည်။ပါတီအပေါ် သစ္စာစောင့်သိမှု မရှိသူများရော အကျင့်ပျက်ခြစားနေသူများအတွက်ပါ တပ်မတော်၌ နေရာလုံးဝမရှိစေရဟု ရှီက သတိပေးခဲ့ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို မမှိတ်မသုန် ဆက်လက်လုပ်ဆောင်ရမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260307/97e13075458f42ad84d1257fc4449b45/c.html
……………………………………………………………
(English Version)
Xi stresses enhancing political loyalty in military to advance defense modernization
BEIJING, March 7 (Xinhua) — Chinese President Xi Jinping on Saturday stressed fully leveraging the unique strengths of enhancing political loyalty in the military, and called for concerted efforts to advance the modernization of national defense and the armed forces in a steady and sustained manner.
Xi, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission (CMC), made the remarks while attending a plenary meeting of the delegation of the People’s Liberation Army and the People’s Armed Police Force at the fourth session of the 14th National People’s Congress, China’s national legislature.
Six lawmakers spoke at the meeting. After hearing their remarks, Xi delivered an important speech.
Since the 18th CPC National Congress in 2012, the Party Central Committee has led the armed forces to improve political rectification and advance political loyalty in the military with unprecedented resolve and intensity, achieving significant results, Xi said.
There must be no place in the military for those who are disloyal to the Party, nor any place for corrupt elements, Xi warned, adding that the fight against corruption must be unwaveringly advanced.
https://english.news.cn/20260307/97e13075458f42ad84d1257fc4449b45/c.html
English Caption
Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, attends a plenary meeting of the delegation of the People’s Liberation Army (PLA) and the People’s Armed Police Force at the fourth session of the 14th National People’s Congress (NPC) in Beijing, capital of China, March 7, 2026. (Xinhua/Li Gang)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.