Politics, Law & Military
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တရုတ်-ပေါ်တူဂီစကားပြောနိုင်ငံများ (PSCs) စီးပွားရေးနှင့် ကုန်သွယ်မှုပလက်ဖောင်းစုပေါင်းနေရာသို့ သွားရောက်လည်ပတ်
မကာအို၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မကာအိုဒေသရှိ တရုတ်-ပေါ်တူဂီစကားပြောနိုင်ငံများ (PSCs) စီးပွားရေးနှင့် ကုန်သွယ်မှုပလက်ဖောင်းစုပေါင်းနေရာသို့ ဒီဇင်ဘာ ၁၉ ရက်က သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
သမ္မတ ရှီသည် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ချွေ့စိုင်အွန် နှင့်အတူ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
သမ္မတ ရှီကျင့်ဖိန်သည် အမိမြေသို့ မကာအို ပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့်အထိမ်းအမှတ် အခမ်းအနား တက်ရောက်ရန် မကာအိုဒေသသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ (Xinhua)