Connect with us

Politics, Law & Military

မကာအိုတွင် “တစ်နိုင်ငံ၊ စနစ်နှစ်ခု” အကောင်အထည်ဖော်မှုအပေါ် ပေါ်တူဂီနိုင်ငံ ဝန်ကြီးချုပ် ချီးကျူး

မကာအိုဒေသရှိ ကြာပန်းကျောက်ဆစ်ပန်းပုအား တွေ့ရစဉ် (ဆင်ဟွာ)

လစ္စဘွန်း၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ “တစ်နိုင်ငံ၊ စနစ်နှစ်ခု” မူဝါဒက နှစ်ပေါင်း ၂၀ အတွင်း မကာအိုဒေသအတွက် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ချီးကျူးလောက်ဖွယ် အောင်မြင်မှုများ ဆောင်ကြဉ်းပေးခဲ့ကြောင်း တူရကီနိုင်ငံ ဝန်ကြီးချုပ် အန်တိုနီယို ကို့စ်တာ (Antonio Costa) က ဒီဇင်ဘာ ၁၇ ရက်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ‘တစ်နိုင်ငံ၊ စနစ်နှစ်ခု’ မူဝါဒကို တန်ဖိုးထားပါတယ်” ဟု အမိမြေသို့ မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့် အခါသမယအတွက် ပေါ်တူဂီနိုင်ငံ Lusa သတင်းအေဂျင်စီသို့ ရေးသားပေးပို့သည့် ကြေညာချက်တွင် ကို့စ်တာက ပြောသည်။

“အဲဒီမူဝါဒက မကာအိုနဲ့ မကာအိုဒေသခံတွေကို ရုပ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ရရှိစေဖို့ ခွင့်ပြုထားသလို မကာအိုရဲ့ သတ်မှတ်ချက်တွေကို ထိန်းသိမ်းဖို့ အကျိုးဖြစ်ထွန်းစေပါတယ်” ဟု ကို့စ်တာက ဆိုသည်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအနေဖြင့် မကာအိုကို ကိုယ်ပိုင်မူဟန်နှင့် သီးသန့်ဖြစ်မှုကို ထိန်းသိမ်းထားရန် ခွင့်ပြုထားသလို ပေါ်တူဂီနိုင်ငံနှင့်လည်း နီးကပ်စွာဆက်ဆံမှု ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

မကာအိုကျွန်းဆွယ် ရှုခင်းအလှအား တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် မကာအိုသည် ပေါ်တူဂီ-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်မှုအတွက် ကျေးဇူးတင်ကြောင်း ကို့စ်တာက ထည့်သွင်းပြောကြားခဲ့သည်။

“၁၉၉၉ ခုနှစ်စကပြီး ဘာသာစကား၊ ပညာရေး၊ ယဉ်ကျေးမှု၊ တရားမျှတရေး၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုစတဲ့ နယ်ပယ်တွေမှာ အပြန်အလှန်ယုံကြည်မှု ဆက်ဆံရေး တိုးတက်မှုတွေကို ဆောင်ရွက်နိုင်ခဲ့တယ်” ဟု ပေါ်တူဂီဝန်ကြီးချုပ်က ဆိုသည်။

ဒီဇင်ဘာ ၂၀ ရက်တွင်မူ အမိမြေသို့ မကာအိုပြန်လည်ရောက်ရှိလာသည်မှာ နှစ်ပေါင်း ၂၀ ပြည့်မြောက်ပြီ ဖြစ်သည်။ ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က မကာအို အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်ကို ပြန်လည်ရယူခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသအဖြစ် တရားဝင်ထူထောင်ကြောင်း ကြေညာခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.