Politics, Law & Military
ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက် SCO က ပုံစံသစ်ဖန်တီး

ချင်းသောင်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)
ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) က ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ပုံစံသစ် ဖန်တီးခဲ့ပြီး ဒေသတွင်း ငြိမ်ချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရှိရန် ကူညီထောက်ပံ့မှုအသစ်များ ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇွန်လ ၁၀ ရက်တွင် ပြောကြားလိုက်သည်။
ရှီသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံပြည်နယ် ချင်းသောင် ကမ်းရိုးတန်းမြို့၌ ပြုလုပ်သော ၁၈ ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များကောင်စီ အစည်းအဝေး၌ အထက်ပါအတိုင်း မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)