Connect with us

Politics, Law & Military

အနာဂတ်မျှဝေမှုရှိသော SCO လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ရေး သမ္မတ ရှီပြောကြား

တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်းသောင် ကမ်းရိုးတန်းမြို့တွင် ကျင်းပသော ၁၈ ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များကောင်စီ အစည်းအဝေးကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ချင်းသောင်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အနာဂတ်မျှဝေမှုရှိသော SCO လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ရေး နီးကပ်စွာ လုပ်ဆောင်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇွန် ၁၀ ရက်တွင် ပြောကြားလိုက်သည်။

“ရှန်ဟိုင်းစိတ်ဓာတ်ဆိုတာက ကျွန်တော်တို့ရဲ့ အဖိုးတန် အရည်အသွေးများဖြစ်ပြီး SCO ကတော့ ကျွန်တော်တို့ရဲ့ မျှဝေအိမ်လေးပါပဲ” ဟု တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်းသောင် ကမ်းရိုးတန်းမြို့တွင် ကျင်းပသော ၁၈ ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များကောင်စီ အစည်းအဝေး၌ ရှီက ပြောကြားခဲ့သည်။

“ရှန်ဟိုင်းစိတ်ဓာတ်၏ လမ်းညွှန်မှုဖြင့် အနာဂတ်မျှဝေမှုရှိသော SCO လူမှုအသိုက်အဝန်းတစ်ခု နီးကပ်စွာ တည်ဆောက်သင့်ပြီး နိုင်ငံတကာ ဆက်ဆံရေးများ ပုံစံသစ်တစ်ခုဆီသို့ တက်လှမ်းသင့်ပါတယ်။ ပြီးတော့ ပွင့်လင်း၍ အားလုံးပါဝင်မှုရှိသော သန့်ရှင်း လှပတဲ့ ကမ္ဘာတစ်ခု တည်ဆောက်ကာ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး၊ ကမ္ဘာအနှံ့လုံခြုံရေးနှင့် ဘုံကြွယ်ဝချမ်းသာရေးအတွက် အကျိုးခံစားစေရန် လုပ်ဆောင်သင့်ပါတယ်” ဟု ရှီက မိန့်ခွန်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.