Politics, Law & Military
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် SCO ထိပ်သီးအစည်းအဝေးတွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်မည်

ပေကျင်း၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်၏ ဖိန်ကြားချက်အရ နိုဝင်ဘာ ၁၀ ရက်၌ ပြုလုပ်မည့် ၂၀ ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အစိုးရခေါင်းဆောင်များကောင်စီ အစည်းအဝေးကို ပေကျင်းမြို့မှ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က နိုဝင်ဘာ ၄ ရက်တွင် ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ အဆိုပါ အစည်းအဝေးကို ယခုနှစ်၏ SCO အလှည့်ကျဥက္ကဋ္ဌဖြစ်သော ရုရှားနိုင်ငံက ဗီဒီယိုလင့်ခ်မှတစ်ဆင့် ကျင်းပမည်ဖြစ်ကြောင်း ဟွာက ဆိုသည်။ (Xinhua)