Politics, Law & Military
ကာဇက်စတန် ချစ်ကြည်ရေး ခရီးစဉ်နှင့် SCO ထိပ်သီးအစည်းအဝေး အပြီး သမ္မတ ရှီကျင့်ဖိန် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာ

ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ကာဇက်စတန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ခဲ့စဉ် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (SCO) နိုင်ငံ ခေါင်းဆောင်များ ကောင်စီ ၁၇ ကြိမ်မြောက် အစည်းအဝေး သို့ တက်ရောက်ခဲ့ပြီးနောက် ဇွန်လ ၁၀ ရက် နေ့လည်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရှီသည် ကာဇက်စတန်နိုင်ငံသို့ မေလ ၇ ရက်က ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ကာဇက်စတန်နိုင်ငံ မြို့တော် အက်စ်တာနာမြို့တွင် ပြုလုပ်သော ကမ္ဘာ့ ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနား သို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။သမ္မတ ရှီနှင့်အတူ တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟို ကော်မတီ နိုင်ငံရေး ဗျူရို အဖွဲ့ဝင်နှင့် CPC မူဝါဒရေးရာ သုတေသနရုံး ညွှန်ကြားရေးမှူး ဝမ်ဟွန်နင်း၊ CPC ဗဟို ကော်မတီ နိုင်ငံရေး ဗျူရို အဖွဲ့ဝင်၊ CPC အထွေထွေ အတွင်းရေးမှူးဋ္ဌာန အဖွဲ့ဝင်နှင့် CPC ဗဟို ကော်မတီ အထွေထွေရုံး ညွှန်ကြားရေးမှူး လီကျန်ရှု နှင့် တရုတ်နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီတို့ လိုက်ပါလာခဲ့ကြောင်း သိရသည်။ (Xinhua)