Connect with us

Politics, Law & Military

စစ်ဘက် အရပ်ဘက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစည်းမှု မြှင့်တင်ရန် ကြိုးပမ်းအားထုတ်ကြဖို့ သမ္မတ ရှီ တိုက်တွန်း

တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူးနှင့် ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သော သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှှီကျင့်ဖိန်က ဇွန်လ ၂၀ ရက်တွင် စစ်ဘက်နှင့် အရပ်ဘက် စုပေါင်း ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန်အတွက် ဗဟို အစိုးရနှင့် ခေါင်းဆောင်ပိုင်းတို့အား အလေးထား ပြောကြားခဲ့သည်။

တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူးနှင့် ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သော သမ္မတ ရှီ ဦးဆောင်သော စစ်ဘက်နှင့် အရပ်ဘက် စုပေါင်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မရှင် ပထမအကြိမ် အစည်းအဝေး ၌ ရှီက ယခုလို မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသား မဟာဗျူဟာ အဆင့်မြှင့်တင်ခြင်း၊ အရပ်ဘက်၊ စစ်ဘက် စုပေါင်း ဖွံ့ဖြိုးတိုးတက်ရေးတို့သည် တရုတ်နိုင်ငံ ကာလရှည် စီးပွားရေးနှင့် အမျိုးသား ကာကွယ်မှု တည်ဆောက်ရေး ညှိနှိုင်းဆောင်ရွက်မှု၏ အဓိက အောင်မြင်မှု တစ်ရပ် ဖြစ်ကြောင်း ရှီက ဆိုသည်။

ယင်း အချက်သည် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုံးစုံ လုံခြုံရေးနှင့် ဆက်စပ်သည့် အဓိက ဆုံးဖြတ်ချက် တစ်ခု ဖြစ်သလို ခက်ခဲ ရှုပ်ထွေးသော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် သဘောတူညီမှု ရရှိခဲ့သည့် အဓိက ဆောင်ရွက်မှု တစ်ခုလည်း ဖြစ်ကြောင်း၊ အမျိုးသား မဟာဗျူဟာ အကျိုးကျေးဇူးများကို ရရှိမည် ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ CPC ဗဟို ကော်မတီ နိုင်ငံရေး ကော်မတီ အမြဲတမ်း ကော်မတီဝင် ဝန်ကြီးချုပ် လီခဲ့ချန်၊ လျူယွမ်စန်း၊ တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်းကောလိနှင့် ကော်မရှင် ဒုတိယ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကော်မရှင်၏ လုပ်ငန်း စည်းမျဉ်းများ၊ လက်ရှိ အလုပ်အကိုင်များနှင့် လမ်းညွှန်ချက်များဖြင့် စစ်ဘက် အရပ်ဘက် စုပေါင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်း အဓိက အလုပ်အဖွဲ့များ ဖွဲ့စည်းရန် အစည်းအဝေး၌ ဆုံးဖြတ်ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.