Politics, Law & Military
တရုတ် နိုင်ငံ သမ္မတရှီ SOC ညီလာခံ တက်ရောက်ရန်နှင့် သုံးနိုင်ငံ ချစ်ကြည်ရေး ခရီး သွားရောက်ရန် ပေကျင်းမှ စတင် ထွက်ခွာ

ပေကျင်း၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆားဘီးယားနိုင်ငံ၊ ပိုလန်နိုင်ငံနှင့် ဥဇဘက်ကစ္စတန် နိုင်ငံသို့ သုံးနိုင်ငံ ချစ်ကြည်ရေးခရီး သွားရောက်ကာ ဥဇဘက်ကစ္စတန် နိုင်ငံ တာ့ရှ်ကန့် မြို့၌ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (SCO) ညီလာခံအား တက်ရောက်ရန် ဇွန်လ ၁၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမှ စတင် ထွက်ခွာသွားကြောင်း သိရသည်။
ရှီသည် ဆားဘီးယားနိုင်ငံ သမ္မတ Tomislav Nikolic၊ ပိုလန်နိုင်ငံ သမ္မတ Andrzej Duda၊ ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Islam Karimov တို့၏ ဖိတ်ကြားချက်များ အရ အဆိုပါ နိုင်ငံများသို့ ချစ်ကြည်ရေး အလည်အပတ် သွားရောက်မည် ဖြစ်သည်။
ထို့အပြင် Karimov ၏ ဖိတ်ကြားချက်အရ ရှီသည် ၁၆ ကြိမ်မြောက် (SCO) ကောင်စီ နိုင်ငံခေါင်းဆောင်များ အစည်းအဝေးသို့လည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
သမ္မတရှီ နှင့် ဇနီး ဖျိန်လိယွမ်၊ တရုတ်ကွန်မြူနစ် ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေး ဗျူရို အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ မူဝါဒ သုတေသနရုံး ဒါရိုက်တာ ဝမ်ဟူနင်း (Wang Huning) ၊ တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ် ပါတီ (CPC) ဗဟို ကော်မတီ အတွင်းရေးမှူးရုံး အဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ် ပါတီ (CPC) ဗဟိုကော်မတီ ၏ အထွေထွေရုံး ဒါရိုက်တာ လိကျန့်ဆူး (Li Zhanshu) နှင့် နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီ (Yang Jiechi) တို့ လိုက်ပါ ခဲ့ကြကြောင်း သိရသည်။ (Xinhua)