Politics, Law & Military
မီဒီယာ ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ဆင်ဟွာနှင့် အီဂျစ်နိုင်ငံ State Information Service တို့ လက်မှတ် ရေးထိုး

ကိုင်ရို၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံမှ ဆင်ဟွာ သတင်း အေဂျင်စီနှင့် အီဂျစ်နိုင်ငံမှ State Information Service (SIS) တို့အကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ခြင်း ဆိုင်ရာ နားလည်မှု စာချွန်လွှာအား ဇန်နဝါရီလ ၂၁ ရက်က လက်မှတ် ရေးထိုး ခဲ့သည်။
အဆိုပါ နားလည်မှု စာချွန်လွှာအား အီဂျစ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အီဂျစ် နိုင်ငံ သမ္မတ အဗ္ဗဒူလ် ဖက်တာ အယ်လ်-စီစီ တို့၏ ရှေ့မှောက်၌ ဆင်ဟွာ ဥက္ကဋ္ဌ ချိုက်မင်းကျို နှင့် SIS ဥက္ကဋ္ဌ Salah el-Sadek Ahmed တို့က လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။
နားလည်မှု စာချွန်လွှာအရ ယင်းသတင်းဋ္ဌာန နှစ်ခုသည် ကမ္ဘာတစ်ဝန်း ဖြန့်ကျက် ထုတ်ဝေမည့် စာသတင်း၊ ဓာတ်ပုံ သတင်းနှင့် အသံ-ဗွီဒီယို သတင်း၊ ဘာသာ ပြန်ခြင်း၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း စသည်တို့၌ ပူးပေါင်း ဆောင်ရွက် ကြမည် ဖြစ်သည်။
မီဒီယာ လုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှု ဆိုသည်မှာ တရုတ်နှင့် အီဂျစ် နှစ်နိုင်ငံ ဆက်ဆံရေး၏ အဓိကကျသည့် အစိတ် အပိုင်း တစ်ခုဖြစ်သလို နှစ်နိုင်ငံ ပြည်သူများ အကြား ဘက်စုံ နားလည်မှုများ မြှင့်တင်ရန် အရေးပါသည့် ကဏ္ဍလည်း ဖြစ်ကြောင်း ချိုက်မင်းကျိုက ပြောခဲ့သည်။
ဆင်ဟွာ အနေဖြင့် အီဂျစ် အပါအဝင် ကျယ်ပြန့်လှသည့် အာရပ်ကမ္ဘာ နှင့် ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရန်အ တွက် ၎င်း၏ အရင်းအမြစ်များအား အပြည့်အဝ အသုံးချသွားမည် ဖြစ်ကြောင်း ဆင်ဟွာ ဥက္ကဋ္ဌက ကတိပြုခဲ့ သည်။ (Xinhua)