Connect with us

Politics, Law & Military

တရုတ် နိုင်ငံက အာရပ် ကမ္ဘာအား အရေးကိစ္စများ ဖြေရှင်းနိုင်ရန် ကူညီ ထောက်ပံ့မည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အာရပ် အဖွဲ့ချုပ် (AL) အထွေထွေ အတွင်းရေးမှူး Nabil al-Arabi တို့ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် အာရပ်ကမ္ဘာ အား ၎င်း၏ အရေးကိစ္စ ပြဿနာများကို ကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းနိုင်ရန် ကူညီ ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၂၀ ရက်က အာရပ် အဖွဲ့ချုပ် (AL) အထွေထွေ အတွင်းရေးမှူး Nabil al-Arabi နှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့ကြောင်း သိရသည်။

ရှီက အရေးကြီးသည့် ဒေသတွင်း အဖွဲ့အစည်းတစ်ခု ဖြစ်သည့် AL သည် အာရပ် ပြည်သူများ လွတ်မြောက်ရေး အတွက် မဆုတ်မနစ်သော အားထုတ်မှုဖြင့် ကူညီ ဆောင်ရွက် ပေးနေကြောင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက် ပေးနေကြောင်း ပြောကြားခဲ့သည်။

ရှီက နှစ်နိုင်ငံလုံးသည် အပြန်အလှန် ယုံကြည်မှု၊ ကမ္ဘာတစ်ဝန်း နှင့် ဒေသတွင်း အဓိက ကိစ္စရပ်များတွင် ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်ရုံ သာမက ပိုးလမ်းမကြီး အစပျိုးမှု နှင့် အပြန်အလှန် အကျိုးရှိစေမည့် ပူးပေါင်း ဆောင်ရွက်မှုများ တွင်လည်း အတူတကွ လက်တွဲ ဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားခဲ့သည်။

Arabi က တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲ နိုင်ငံများဖက်မှ အမြဲတမ်း ရပ်တည်ပေးကြောင်း၊ အာရပ် နိုင်ငံများအပေါ် ထားရှိသည့် တရုတ်နိုင်ငံ၏ မူဝါဒများကိုလည်း အလေးထားပါကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံ နှင့် နိုင်ငံရေး၊ စီးပွားရေး၊ အခြားသော ကဏ္ဍများတွင်လည်း အပြန်အလှန် အကျိုးစီးပွား အတွက် နီးကပ်စွာ လုပ်ဆောင် လိုပါကြောင်း ပြောကြားခဲ့သည်။
ရှီသည် AL အကြီးအကဲ နှင့် ဆွေးနွေး ပြောဆိုပြီးနောက် AL အသင်းရုံးချုပ်တွင် မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.