Politics, Law & Military
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့သွားရောက်မည်

ပေကျင်း ၊ မေ ၂ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ်လည်း ဖြစ်သူ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး Steven Mnuchin ဦးဆောင်သော အမေရိကန်ကိုယ်စားလှယ်အဖွဲ့တစ်ခု၏ တရုတ်နိုင်ငံသို့လာရောက်လည်ပတ်မည့် အစီအစဉ်ကို တရုတ်နိုင်ငံက ကြိုဆိုလိုက် ကြောင်း သိရသည်။
တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးဖြစ်သူ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Liu He က အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်-အမေရိကန် စီးပွားရေး နှင့် ကုန်သွယ်ရေး ကိစ္စရပ်များတွင် နှစ်ဘက်စိုးရိမ်ပူပန်နေသော အရေးအရာများကို ၎င်းတို့တွေ့ဆုံစဉ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် မေ ၃ ရက် မှ ၄ ရက်အထိ တရုတ်နိုင်ငံသို့လာရောက်ရန် စီစဉ်ထားကြောင်း သိရသည်။(Xinhua)