Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က Karl Marx ၏ မွေးနေ့ အခမ်းအနားသို့ တက်ရောက်မည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ထင်ရှားလှသော ဂျာမန်လူမျိုးမာ့စ်ဝါဒ နိုင်ငံရေး တွေးခေါ်ပညာရှင်၊ သမိုင်းပညာရှင် ကားလ်မာ့စ် (Karl Marx) ၏ နှစ် ၂၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် မေလ ၄ ရက် နံနက်ပိုင်း၌ ပြုလုပ်သည့် ကွန်ဖရင့်သို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဌ ရှီကျင့်ဖိန်သည် မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမကြီး၌ ပြုလုပ်မည့် ကွန်ဖရင့်တွင် မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

အဆိုပါ ကွန်ဖရင့်အား China Central Television (CCTV) ၊ China National Radio (CNR) နှင့် People’s Daily ၊ Xinhua News Angency ၊ CCTV နှင့် www.china.com.cn တို့၏ သတင်းဝက်ဘ်ဆိုဒ်များနှင့် App များတွင် တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.