Politics, Law & Military
တရုတ်သမ္မတ ရှီကျင့်ဖိန် ဦးဆောင်သော တရုတ် ကွန်မြူနစ်ပါတီ ထိပ်တန်း ခေါင်းဆောင်များ မီဒီယာနှင့် တွေ့ဆုံ
ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဦးဆောင်သော ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟို ကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီတွင် ပါဝင်သော အခြား အဖွဲ့ဝင်များသည် ပြည်သူ့ခန်းမကြီး၌ မီဒီယာနှင့် ယနေ့ (အောက်တိုဘာလ ၂၅ ရက်) တွေ့ဆုံခဲ့ကြောင်း သိရသည်။
အခြားသော ကော်မတီဝင်များမှာ လီခဲ့ချန်၊ လီကျန်ဆူး၊ ဝမ်းယန်၊ ဝမ်ဟုနင်း၊ ကျိုလဲ့ကျိနှင့် ဟန့်ကျိန်းတို့ ဖြစ်သည်။
၁၉ကြိမ်မြောက် ပါတီ ညီလာခံသည် ကျယ်ပြန့်ပြီး အစီရင်ခံစာ တင်ပြမှုရှိခဲ့ကာ ကမ္ဘာ့ မီဒီယာများ၏ အာရုံစိုက်မှုအား ဖမ်းဆုပ်ထားနိုင်ခဲ့ကြောင်း ရှီက ဆိုသည်။
“ယခုလို အားကြိုးမာန်တက် လုပ်ဆောင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်” ရှီက မီဒီယာများအား ပြောကြားခဲ့သည်။ (Xinhua)