Connect with us

Politics, Law & Military

၂၀၁၉ ခုနှစ်တွင် တရုတ် စီးပွားရေး အကျိုးရှိ ခိုင်မာသော တိုးတက်မှုတွေ့ရှိမည်ဟု သမ္မတ ရှီ ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၁၉ ခုနှစ်တွင် အကျိုးရှိပြီး တောင့်တင်းသော စီးပွားရေး တိုးတက်မှုအတွက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟို ကော်မတီ ပထမဆုံးအကြိမ် မျက်နှာစုံညီ အစည်းအဝေးပြီးနောက် သတင်းမီဒီယာနှင့် တွေ့ဆုံစဉ် ရှီက ယခုလို မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

“တရုတ်နိုင်ငံနဲ့ ကမ္ဘာတစ်ဝန်းက လူသားတွေအတွက် အကျိုးကျေးဇူးရှိစေမဲ့ အကျိုးရှိပြီး တောင့်တင်းသော စီးပွားရေး တိုးတက်မှုအတွက် ဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်အသစ် အမြင်သစ်တွေကို ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ” ဟု သမ္မတ ရှီက ဆိုသည်။

“၁၃ ကြိမ်မြောက် ငါးနှစ်တာ စီမံကိန်းမှာ ပါရှိတဲ့ လုပ်ငန်းတာဝန်အားလုံး အောင်မြင်ရေး၊ တရုတ်နိုင်ငံ အနာဂတ်အတွက် စီမံကိန်းအသစ်များ တိုးတက်ရေးနဲ့ ပြည်သူအားလုံး ကြီးပွားရေးအတွက် ကျွန်တော်တို့ ဆက်လက် ကြိုးပမ်းသွားမှာဖြစ်တယ်” ဟု ရှီက ဆိုသည်။

ထို့ပြင် ယခုလို အားထုတ် ကြိုးပမ်းမှုများသည် ပြည်သူ့များ ပိုမို ကြွယ်ဝပြီး ခိုင်မာရေးအတွက် ရှေးရှု ကြောင်း ရှီက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.