Connect with us

Politics, Law & Military

တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော် တည်ထောင်ခြင်း ၆၇ နှစ်ပြည့်နေ့အား လှိုက်လဲစွာ ဂုဏ်ပြုခြင်း(Xinhua Commentary)

တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော် တည်ထောင်ခြင်း ၆၇ နှစ်ပြည့်နေ့ပွဲ ကျင်းပ နေသည် ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

ယနေ့သည် တရုတ် ပြည်သူ့သမ္မတ နိုင်ငံတော် စတင်မွေးဖွား ခဲ့သည့် နေ့တစ်နေ့ဖြစ်ခဲ့ပြီး လက်ရှိချိန် တွင် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံတော် တည်ထောင်ခဲ့သည် မှာ ၆၇ နှစ် ပြည့်ခဲ့ပြီးဖြစ်သည်။ ကျွန်တော်တို့ အနေဖြင့် အတိတ်က ကြိုးပမ်းအားထုတ်မှု များကို ပြန်လည် သုံးသပ်ကာ အနာဂတ် ကို တွေးမျှော်ပြီး ယုံကြည်မှု နှင့် အင်းအား အပြည့်ဖြင့် အမိ နိုင်ငံတော် နှင့် အတူ အနာဂတ်ကို လျှောက်လမ်း သွားကြရမည် ဖြစ်သည်။၂၀၁၆ ခုနှစ် သည် ရက်ပေါင်း ၂၇၀ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး တရုတ် နိုင်ငံ သည်လည်း ကဏ္ဍအသီးသီး တွင် အောင်မြင်မှု များစွာရရှိနိုင်ခဲ့သည်။ ပြည်သူလူထု များအနေဖြင့် လည်း တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် ၏ ဦးဆောင်မှုဖြင့် အမိ နိုင်ငံတော်၏ နွေးထွေးမှု အောက်တွင် လက်တွေ့ကျသော ကြိုးပမ်းအားထုတ်မှု များဆောင်ရွက်ကာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ တော်၏ သမိုင်းစာမျက်နှာသစ်များ ရေးထိုး နိုင်ခဲ့ပါသည်။

တရုတ် နိုင်ငံတော် တည်ထောင် ခဲ့သည့် ၆၇ နှစ်တာ ကာလ အတွင်း အထူးသဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း လုပ်ဆောင် ခဲ့သည့် ၃၈ နှစ်တာ ကာလ အတွင်း ကျွန်တော်တို့၏ ပါတီ သည် တစ်နိုင်ငံ လုံးရှိ ပြည်သူလူထု ကို ဦးဆောင်ကာ ကြိုးပမ်းအားထုတ် ခဲ့သောကြောင့် တရုတ် နိုင်ငံ အား ကမ္ဘာ့အကြီးဆုံးသော ဖွံ့ဖြိုးဆဲ နိုင်ငံ အား ဆင်းရဲခြင်းမှ လွတ်မြောက်ကာ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားကြီး နိုင်ငံ သို့ ရောက်ရှိအောင် ဆောင်ရွက် နိုင်ခဲ့သည်။ယနေ့ တရုတ် နိုင်ငံ သည် သမိုင်း စတင်မှတ် အသစ်တစ်ခုတွင် ရောက်ရှိနေပြီး တရုတ် နိုင်ငံ ၏ ဘက်စုံ ပြုပြင်ပြောင်းလဲမှု ပိုမို နက်ရှိုင်းစွာ ဆောင်ရွက်ရန် နှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားအင်သစ်များ ဖြည့်တင်းရန် ဟူသော စတင်မှတ် တွင် ရောက်ရှိနေပြီဖြစ်သည်။ ယင်းစတင်မှတ် မှ တစ်ဆင့် ၂၀၂၀ ခုနှစ်တွင် ဘက်စုံကဏ္ဍစုံ သာယာဝပြောသော လူမှုဘဝ တည်ထောင်နိုင်ရန် အတွက် သမိုင်းပေး တာဝန် များကို ထမ်းဆောင်ကာ ကျွန်တော်တို့၏ အင်းအားများကို စုစည်းပြီး တုနှိုင်းမဲ့ခမ်းနားသိုက်မြိုက်သော အင်အား တစ်ခု ဖြစ်တည်ရန် ဆက်လက် ကြိုးပမ်းအားထုတ် သွားရမည် ဖြစ်သည်။

ဤသည်မှာ စည်းလုံးညီညွတ်ကြိုးပမ်းအားထုတ်မည့် အင်အား တစ်ခုဖြစ်ပြီး “Chinese Dream” သည် တရုတ် လူမျိုးနွယ် တစ်ခုလုံး၏ အိပ်မက်ဖြစ်ပြီး တရုတ် နိုင်ငံ သားတိုင်း၏ အိပ်မက်လည်း ဖြစ်သည်။ တရုတ် နိုင်ငံတော် စတင်တည်ထောင်ချိန်တွင် လွှတ်တင်ခဲ့သည့် ပထမ ဦးဆုံးသော တရုတ်နိုင်ငံတော် အလံ သည် လက်ရှိချိန်တွင် အိုလံပစ် ပြိုင်ပွဲများ ၊ အမြို့မြို့အနယ်နယ်များတွင် တွေ့ရှိနိုင်ခဲ့ပြီး ဖြစ်သည်။ ကျွန်တော်တို့အနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် ရှေ့သို့ ဆက်လက် တက်လှမ်းကာ “Chinese Dream” အကောင်အထည်ဖော်သည့် ခရီးစဉ်တွင် ပိုမိုခမ်းနားတောက်ပသည့် သမိုင်းစာမျက်နှာများ ရေးထိုးသွားရမည်ဖြစ်သည်။ ကျွန်တော်တို့၏ အမိ နိုင်ငံတော် နှင့် ကျွန်တော်တို့၏ အိပ်မက်အတွက် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံတော်တည်ထောင်ခြင်း ၆၇ နှစ်ပြည့်သောနေ့အား လှိုက်လဲစွာ ဂုဏ်ပြုဆုမွန်ကောင်း တောင်းအပ်ပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.