Politics, Law & Military
တရုတ်နိုင်ငံလုပ် Y-20 ပို့ဆောင်ရေး လေယာဉ် စတင်ပျံသန်း
ချန်တူး၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံထုတ် အကြီးဆုံး ပို့ဆောင်ရေး လေယာဉ် Y-20 သည် တရုတ်လွတ်မြောက်ရေး တပ်မတော် (လေတပ်) တွင် ဇူလိုင်လ ၆ ရက်က တရားဝင် ပျံသန်းမှု တာဝန်များ စတင် ထမ်းဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။
လေယာဉ်ကြီး၏ စုစုပေါင်း အလေးချိန်မှာ၂ဝဝ တန် ရှိပြီး Y-20 အား ကုန်တင် ပို့ဆောင်ရေး လေယာဉ်အဖြစ် ကွဲပြားခြားနားသော ရာသီဥတုအခြေအနေများ အတွင်း ခရီးရှည် ပျံသန်းရာတွင် အသုံးပြုသွားမည် ဖြစ်သည်။
တရုတ်နိုင်ငံထုတ် ပို့ဆောင်ရေး လေယာဉ် Y-20 အားတွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံထုတ် ပို့ဆောင်ရေး လေယာဉ် Y-20 အားတွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံထုတ် ပို့ဆောင်ရေး လေယာဉ် Y-20 အားတွေ့ရစဉ် (ဆင်ဟွာ)
“ Y-20 ရဲ့ မဟာဗျူဟာမြောက် စွမ်းဆောင်ရည်ဟာ လေတပ်အတွက် များစွာ အကျိုးပြုနိုင်လို့ လုပ်ငန်းခွင်ထဲကို စတင်ချင်းနင်း ဝင်ရောက်လာပါပြီ” ဟု လေတပ်ပြောခွင့်ရပုဂ္ဂိုလ် Shen Jinke က ဆိုသည်။
ပြည်တွင်းပြည်ပ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာ၌ လုံခြုံရေးအပါအဝင် စစ်တပ်၏ တာဝန်များကို ပိုမို ဖြည့်ဆည်း ဆောင်ရွက်ရန် ပိုမိုကောင်းမွန်သော လေယာဉ်များ လိုအပ်ကြောင်း Shen က ဖြည့်စွက် ပြောကြားသည်။
တရုတ်လေတပ်သည် မကြာသေးမီနှစ်များက ပါကစ္စတန် ၊ မွန်ဂိုးလီးယား ၊ ထိုင်း ၊ နီပေါ နှင့် အခြားနိုင်ငံများ၌ သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ချိန်တွင် လိုအပ်သော ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့သည်။
Y-20 ကို သစ်လွင် ဆန်းသစ်သော ပုံစံဖြင့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလမှ စတင် တပ်ဆင်ခဲ့ပြီး ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ၁ဝ ကြိမ်မြောက် တရုတ်နိုင်ငံ၏ နိုင်ငံတကာ လေကြောင်းပြပွဲတွင် ပထမဆုံး မိတ်ဆက် ပြသခဲ့ကြောင်း သိရသည်။ (Xinhua)